မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ အရစ်ကျစနစ်ဖြင့် ရောင်းချမည့် မြရည်နန္ဒာတန်ဖိုးမျှတ
အိမ်ရာ ဝယ်ယူခွင့်ရရှိသူများ ကို ဇန်နဝါရီ ၄ ရက် (လွတ်လပ် ရေးနေ့)တွင်
မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနရုံး၌ မဲနှိုက် ရွေးချယ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါတန်ဖိုးမျှတအိမ်ရာ များကို မန္တလေးတိုင်းဒေသကြီးအ တွင်း တာဝန်ထမ်းဆောင်နေသည် နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်း စားဝန်ထမ်းများ၊ ဝင်ငွေနည်း ပြည်သူများနှင့် ကုမ္ပဏီဝန်ထမ်း များအား အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်သည်။
အရစ်ကျစနစ်ဖြင့် ရောင်းချမည့် တန်ဖိုးမျှတအိမ်ရာတွင် အခန်းပေါင်း ၅၆၀ ပါဝင်မည်ဖြစ်ကာ ဒီဇင်ဘာ ၂၈ ရက်အထိ ဝယ်ယူ ခွင့်လျှောက်ထားသူ ၆,၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး မြို့ပြနှင့် အိုးအိမ်ဦးစီးဌာနမှ စုံစမ်းသိရသည်။
တန်ဖိုးမျှတတိုက်ခန်းဝယ် ယူခွင့်လျှောက်ထားသူ၏ မိသားစုပျမ်းမျှ လစဉ်ဝင်ငွေ စုစုပေါင်း အနည်းဆုံးကျပ်လေးသိန်းမှ ငါးသိန်းအထိ ရှိရမည်ဖြစ်ပြီး တိုက်ခန်းကို အရစ်ကျလေးလဖြင့် အကျေပေးချေရေးစနစ် (သို့ မဟုတ်) ဘဏ်ချေးငွေစနစ်တို့ဖြင့် ရောင်းချမည်ဖြစ်ကြောင်း မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သတင်းရရှိသည်။
တိုက်ခန်းများကို နည်းလမ်း နှစ်သွယ်ဖြင့် ရောင်းပေးမည်ဖြစ် ကာ (၁)တိုက်ခန်းတန်ဖိုးကို အရစ် ကျစနစ်လေးလ၊ လေးရစ်ဖြင့် အ ကျေပေးချေသောစနစ်၊ (၂) ဘဏ်ချေးငွေဖြင့် ဝယ်ယူသောစနစ် (ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်နှင့် ဆက်သွယ် ဆောင်ရွက်ရန်ဖြစ်ပြီး) တိုက်ခန်း ၏ ၃၀ ရာခိုင်နှုန်းအား တစ်ကြိမ် တည်းအကျေပေးသွင်းခြင်း (သို့ မဟုတ်) တစ်နှစ်အတွင်း အရစ် ကျပေးသွင်းခြင်းဖြင့် ဦးစွာပေး သွင်း၍ တိုက်ခန်း၏ တန်ဖိုး ၇၀ ရာခိုင်နှုန်းကို ဘဏ်ချေးငွေစနစ် ဖြင့် ရှစ်နှစ်အတွင်း ပေးချေရမည် ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ စုံစမ်းသိရ သည်။
တန်ဖိုးမျှတအိမ်ရာရှိ တိုက် ခန်းတစ်ခန်းလျှင် အကျယ် ၅၆၇ စတုရန်းပေရှိကာ အိပ်ခန်းနှစ် ခန်း၊ ရေချိုးခန်း၊ ဧည့်ခန်း၊ မီးဖို ချောင်တို့ ပါဝင်ပြီး မြေညီထပ် တစ်ခန်းလျှင် ကျပ် ၂၂၃ သိန်း၊ ပထမထပ်တစ်ခန်းလျှင် ကျပ်၂၀၈ သိန်း၊ ဒုတိယထပ် ကျပ် ၁၉၃ သိန်း၊ တတိယထပ် ကျပ် ၁၇၈သိန်း၊ စတုတ္ထထပ် ကျပ် ၁၆၃ သိန်း တို့ကို လက်ငင်းစနစ်၊ အရစ်ကျ စနစ်၊ ဘဏ်ချေးငွေစနစ်တို့ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Credit: 7Daydaily