အိမ် ခြံ မြေ ဝန်ဆောင်မှု ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံရှိ အိမ် ခြံ မြေ အကျိုးဆောင်များအနေဖြင့် ဝိုင်းဝန်းရေးဆွဲနေကြသော်လည်း ပြည့်စုံမှုရှိစေရန် အချိန်ယူ၍ အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်းလည်း ရန်ကုန်တိုင်းအိမ်ခြံမြေ လုပ်ငန်းရှင်များအသင်းမှ ဥက္ကဌဖြစ်သူကပြောဆိုသည်။
ဥပဒေနဲ့ ကိုက်ညီမယ့်အိမ် ခြံ မြေ လုပ်ငန်းနဲ့ပတ်သက်ပြီး ပရော်ဖက်ရှင်နယ်ဖြစ်ဖို့ဆိုတာကတော့ အရေးကြီးပါတယ်။အကျိုးဆောင်လုပ်ငန်းနဲ့ ပတ်သက်ပြီး နိုင်ငံအကျိုးရှိမယ့်ကိစ္စတွေကို out line ရေးဆွဲကြဖို့လိုပါတယ်။နောက်တစ်ခုက ကျွန်တော်တို့တွေက NGO အသင်းတွေသာဖြစ်ပါတယ်။ဥပဒေနဲ့ ပတ်သက်ရင် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတွေကနေ လွှတ်တော်ကို Out Line တွေအကြံပြုတင်ပြဆွေးနွေးရမယ့်အသင်းတွေပဲဖြစ်ပါတယ်။ဒါကြောင့် အချိန်ယူပြီး လုပ်ကိုင်ဆောင်ရွက်ရမှာပါ။ပြည့်စုံမှုရှိအောင် အချိန်ယူလုပ်ဆောင်နေပါတယ်။ဟု ဥက္ကဌ ဦးစိုင်းခွန်နောင်မှ ပြောသည်။
အိမ် ခြံ မြေ ဝန်ဆောင်မှုဥပဒေကြမ်းအားမြန်မာနိုင်ငံရှိ အိမ် ခြံ မြေနှင့်ပတ်သက်သော အသင်းအသီးသီးမှရေးဆွဲနေကြသော်လည်း ပေါင်းစပ်လုပ်ကိုင်ပါကပိုမိုအဆင်ပြေမည်ဟု အိမ် ခြံ မြေ အကျိုးဆောင်အများစုက ထောက်ပြပြောဆိုကြသည်။
မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com