နော်မန်ဒီ ဒေသက ကျေးရွာငယ်လေးတစ်ခုမှာ ခင်းထားနိုင်ခဲ့တဲ့
ဆိုလာဘုတ်ပြားတွေခင်းထားတဲ့လမ်းဟာ ကမ္ဘာပေါ်မှာ ပထမဆုံးဖြစ်
တယ်လို့ ပြင်သစ်အာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
Tourouvre-au-Perche မှာရှိတဲ့ အလျား ၁ ကီလိုမီတာ (၀ ဒသမ ၆ မိုင်)
ရှိ အဆိုပါလမ်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၂ ရက်က ပြင်သစ်
ဂေဟဗေဒ ၀န်ကြီး Segolene Royal တက်ရောက်ခဲ့ပါတယ်။
ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၅ ဒသမ ၂ သန်း (ပေါင် ၄ ဒသမ ၁ သန်း၊
ယူရို ၅ သန်း) ကုန်ကျခဲ့တဲ့ Wattway အမည်ရ ယင်းဆိုလာပါဝါ
သုံးလမ်းဟာတော့ တစ်နှစ်ကို လျှပ်စစ်ဓါတ်အား ၂၈၀ မဂ္ဂါဝပ်
ထုတ်လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
အလားတူ ယင်းမြို့ငယ်လေးမှာနေထိုင်ကြတဲ့ ဒေသခံ ၃,၄၀၀
အတွက်လည်း အဆင်ပြေစေနိုင်ဖို့ လမ်းမီးတွေအားလုံးကို
ထွန်းညှိပေးနိုင်မယ်လို့ ယူဆရပါတယ်။
ရာသီဥတုအခြေအနေပေါ်မူတည်ပြီး တစ်နေ့တာ လျှပ်စစ်ဓါတ်အား
ထုတ်လုပ်နိုင်မှုပိုင်းမှာ အတက်အကျဖြစ်နေမှာဖြစ်ပေမယ့်လည်း
နွေရာသီကာလအရောက်မှာတော့ တစ်နေ့ကို ၇၆၇ ကီလိုဝပ် နဲ့
အမြင့်ဆုံးပမာဏ ၁,၅၀၀ ကီလိုဝပ်ထိ ထုတ်လုပ်နိုင်မယ်လို့
တာဝန်ရှိသူတွေက မျှော်လင့်ထားပါတယ်။
အစိုးရက ဦးဆောင်ခင်းပေးတဲ့ ယင်းလမ်းကိုတော့ ပြင်သစ်ကုမ္ပဏီ
Colas က ခင်းပေးခဲ့တာဖြစ်ပြီးတော့ ယင်းကုမ္ပဏီအနေနဲ့ နောက်ထပ်
ဆိုလာပြားခင်းလမ်းစီမံကိန်းပေါင်း ၁၀၀ လောက်လုပ်ဆောင်ဖို့ရှိပြီး တစ်ဝက်လောက်က နိုင်ငံတွင်းမှဖြစ်ပြီးတော့ ကျန်စီမံကိန်းတွေ
ကတော့ ပြည်ပမှာဖြစ်တယ်လို့လည်း ပြောသွားပါတယ်။
" ခုလိုမျိုး လမ်းပိုင်းနေရာတွေကနေပဲ စွမ်းအင်ထုတ်လုပ်မှုနည်း
ပညာအသုံးပြုနိုင်ခဲ့တာက အခြားမြေလွတ်နေရာတွေကို အသုံးချ
စရာမလိုလောက်အောင် အကျိုးဖြစ်ထွန်းခဲ့ပြီဖြစ်ပါတယ်" လို့
ပြင်သစ်ဝန်ကြီးက ပြောသွားပါတယ်။
Credit: SFJ Strategy First