ပွင့်လင်းရာသီရောက်ရှိလာတာကြောင့် မြို့တွင်းဆောက်လုပ်ရေး လုပ်ငန်းတွေ ပြန်လည်ကောင်းမွန်လာပြီး မြို့ပြင်အုတ်ထုတ်လုပ်ရေး လုပ်ငန်းတွေလည်း ပြန်လည်ဦးမော့လာနေပြီလို့ သိရပါတယ်။
တိုင်းအစိုးရအဖွဲ့ရဲ့ ဆောင်လုပ်ရေးလုပ်ငန်းတွေအပေါ် စည်းကမ်း
တင်းကျပ်ခဲ့တဲ့ ကာလတွေမှာ ရန်ကုန်မြို့ရဲ့နံမည်ရအုတ်ကွင်း တွေ
ရပ်ဆိုင်းမှုတွေရှိခဲ့ပေမယ့် အခုပွင့်လင်းရာသီအရောက်မှာ လုပ်ငန်းတွေပြန်လည်ကောင်းမွန်လာခဲ့ပြီလို့ ၅၅၅ အုတ်လုပ်ငန်း ကြီးကြီးကြပ်သူ ဒေါ်နီနီဝင်းကပြောပါတယ်။
“ ပြီးခဲ့တဲ့မိုးတွင်းလောက်တုန်းက ဆောက်လုပ်ရေးလုပ်ငန်းတွေလည်း
ခေတ်မကောင်းတော့ မကြီးတို့အုတ်ကွင်းတွေ အတော်လေးကို အခြေ
အနေဆိုးခဲ့တာ အုတ်တစ်လုံး ၄၅ ကျပ်နဲ့ဝယ်ဖို့ကို တောင်းတောင်းပန်ပန်
ရောင်းနေရတာ၊ အခုတော့အ၀ယ်ပြန်လိုက်တာ ၆၅ ကျပ်တောင် ၀ယ်ဖို့
စောင့်နေရတယ်”လို့ သူကပြောပါတယ်။
အရောင်းအ၀ယ်လိုက်လာတာကြောင့် အလုံးရေတစ်သိန်းဝန်းကျင်ရှိတဲ့
အုတ်ဖိုတစ်ခုကို ၂ ရက်နဲ့အပြတ်ရောင်းရတဲ့နေ့တွေရှိနေပြီး ထွက်သမျှ
ဖိုတိုင်း အရောင်းလိုက်နေတာကြောင့် ထုတ်မလောက်တဲ့ အခြေအနေကို ပြန်ရာက်လာနေတယ်လို့လည်း သိရပါတယ်။
ဈေးပြန်ကောင်းလာတာကြောင့် ရုပ်နားထားခဲ့ရတဲ့ အုတ်ကွင်း လုပ်ငန်းတွေလည်း ပြန်လည်စတင်နေပြီဖြစ်တယ်လို့ ရန်ကုန်-ပြည်
ကားလမ်းနဘေးရှိ အုတ်ကွင်းလုပ်ငန်းတွေထံက သိရပါတယ်။
ရန်ကုန်မြို့ရဲ့အုတ်လိုအပ်ချက်တွေကို အဆိုပါကားလမ်းမကြီးန
ဘေးရှိ ၅၅၅ အုတ်ကွင်း၊ ၇၇၇ အုတ်ကွင်း၊ ဒညင်းကုန်အုတ်စက်ရုံ
နဲ့ အဆင့်မြင့်မီးခံအုတ်လုပ်ငန်းတွေက ထုတ်လုပ်နေခြင်းဖြစ်ပြီး အများစုကတော့ မြေအုတ်လုပ်ငန်းတွေဖြစ်တယ်လို့ သိရပါတယ်။
Credit : SFJ Strategy First