ဒဂုံမြို့သစ် (ဆိပ်ကမ်း)တွင် ကျူးစာရင်း ကောက်ယူရာ၌ အိမ်ငှားများပါမကျန်ရေး ဆောင်ရွက်နေဟုဆို

ဒဂုံမြို့သစ် (ဆိပ်ကမ်း)တွင် ကျူးစာရင်း ကောက်ယူရာ၌ အိမ်ငှားများပါမကျန်ရေး ဆောင်ရွက်နေဟုဆို - Property News in Myanmar from iMyanmarHouse.com
28 Dec 2016 10:29 am တွင် တင်ခဲ့သည်
1374 ကြိမ် ကြည့်ရှု့ပြီး
သက်သေခံကတ်ပြား ထုတ်ပေးသည့်စနစ်ဖြင့် ကျူး ကျော်စာရင်းကောက်ယူခြင်းကို ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် တွင် ဒီဇင်ဘာ ၂၆ ရက်က စတင် ခဲ့ရာ အိမ်ပိုင်ရှင်များသာ စာရင်း ၀င်ပြီး ငှားရမ်းနေထိုင်သည့် အိမ် ထောင်စုများ ကျန်ခဲ့မှုအချို့ဖြစ် ပေါ်ခဲ့၍ ၎င်းတို့မကျန်ရစ်ရန် ဆောင်ရွက်နေကြောင်း ယင်းမြို့ နယ်၏ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဒေါက်တာ ဖြူဖြူ ခိုင်က ပြောသည်။

‘‘တချို့နေရာတွေမှာ အိမ် ရှင်တွေကစလစ်ပြားရပြီး အိမ်ငှားတွေက မရကြတဲ့ အခက်အခဲရှိတယ်။ အဲဒီအတွက် အုပ်ချုပ် ရေးမှူးတွေနဲ့ ညှိပြီး အိမ်ငှားတွေ မကျန်ရစ်အောင် လုပ်နေတယ်’’ ဟု ဒေါက်တာဖြူဖြူခိုင်ကပြော သည်။

အစိုးရသစ်လက်ထက်တွင်ကျူးကျော်စာရင်းကောက်ယူခြင်း လုပ်ငန်းစဉ်ကို ပြီးခဲ့သည့် စက်တင် ဘာက ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၌ ရှေ့ပြေးစီမံချက်အဖြစ် စတင်ခဲ့ပြီး ဒုတိယမြောက်အဖြစ်ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ဒီဇင်ဘာ ၂၆ ရက်က စတင်ဆောင်ရွက်နေခြင်းဖြစ်သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့ နယ်ရှိ ကျူးကျော်များကို စာရင်း ကောက်ယူရာတွင် မူလထက် ကျူးကျော်အရေအတွက်ပိုမိုတိုး ပွားလာမှုဖြစ်ပေါ်ခဲ့ပြီး လက်ရှိ၌ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အရေအတွက်တိုးလာ ကြောင်းစာရင်းကောက်ယူရာ၌ ပါဝင်သူများထံမှသိရသည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့ နယ်ရှိ ကျူးကျော်နေထိုင်သူများ ကို စာရင်းကောက်ယူရာတွင် အဖွဲ့သုံးခုခွဲကာ ကွန်ပျူတာဖြင့် စာရင်းသွင်းခြင်း၊ သက်သေခံ ကတ်ပြားထုတ်ပေးခြင်းစသည့် လုပ်ငန်းများ လုပ်ဆောင်ပေးနေ ပြီး ၂၀၁၇ ဇန်န၀ါရီအထိ ကြာမြင့်နိုင်ကြောင်း
ဒေါက်တာဖြူဖြူ ခိုင်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် သက်သေခံကတ် ပြားထုတ်ပေးသည့် ကျူးကျော် စာရင်းကောက်ယူမှုကို လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ မြောက်ဥက္ကလာပ၊ သာကေတ၊ မရမ်းကုန်း၊ အလုံ၊ ကျောက်တန်း၊ သန်လျင်၊ ဒလစသည့်မြို့ နယ်များတွင် ဆက်လက်လုပ် ဆောင်ရန် စီစဉ်ထားသည်။

သို့ရာတွင် ကျူးကျော်နေ ထိုင်သူများသည် စာရင်းပေးသွင်း ရုံဖြင့် နေစရာမြေကွက်နှင့် အခန်းရရှိမည်မဟုတ်ဘဲ အလုပ်လုပ်မှ သာ နေစရာအတွက် စီမံပေးနိုင် မည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က အသိပေးထားသည်။

Credit : 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်ကြေးပင်လျှင် ဒေါ်လာ ၃ ဒသမ ၅ သန်းရှိကာ ဒေါ်လာ ၆ သန်းတန် အာမခံ ထားထားသော ရွှေအိမ်သာဖြစ်...

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

Villa Shukhinthar
Maha Nadi Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service