တရုတ်က ကမ္ဘာ့အကြီးဆုံးနယ်စပ်ဖြတ်ကျော်အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူ ဖြစ်လာ

တရုတ်က ကမ္ဘာ့အကြီးဆုံးနယ်စပ်ဖြတ်ကျော်အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူ ဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
28 Dec 2016 10:12 am တွင် တင်ခဲ့သည်
917 ကြိမ် ကြည့်ရှု့ပြီး
တရုတ်သည် ယခုနှစ်တတိယသုံးလပတ်တွင် အမေရိကန်ကိုကျော်တက်၍ ကမ္ဘာ့အကြီးဆုံးနယ်စပ်ဖြတ်ကျော်အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူ ဖြစ်လာခဲ့သည်။ တရုတ်သည် ယခုနှစ်ပထမကိုးလတာအတွင်း ကမ္ဘာတစ်ဝန်းတွင် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ၁၈ ဘီလျံနီးနီးရှိခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ကမ္ဘာ့အိမ်ခြံမြေအကြံပေးကုမ္ပဏီ JLL ၏ကိန်းဂဏန်းအချက်အလက်များက ဖော်ပြခဲ့သည်။ ယင်းပမာဏသည် စံချိန်တင်ခဲ့သည့်၂၀၁၅ ခုနှစ်၏ ပမာဏကိုလည်း သာလွန်ခဲ့သည်။

နိုင်ငံပိုင်လုပ်ငန်းများ၊ အာမခံကုမ္ပဏီများနှင့် ငွေကြေးအဖွဲ့အစည်းများအပါအ၀င် တရုတ်ပြည်မကြီးမှ ရင်းနှီးမြှုပ်နှံသူများသည် ယခုနှစ်ပထမသုံးလပတ်၊ ဒုတိယသုံးလပတ်နှင့် တတိယသုံးလပတ်ပေါင်း ကိုးလတာအတွင်း နိုင်ငံတကာမှ အိမ်ခြံမြေများသို့ ဒေါ်လာ ၁၈ဘီလျံနီးပါး ရင်းနှီးမြှုပ်နှံခဲ့ကြသည်။ ၎င်းပမာဏသည် ယခင်နှစ်ပထမကိုးလတာထက်ရာခိုင်နှုန်း ၅၀ ကျော် မြင့်တက်များပြားခဲ့သည်။ အမေရိကန်နှင့် ဟောင်ကောင်သည်တရုတ်ပြည်မကြီးမှရင်းနှီးမြှုပ်နှံသူများအတွက် အဓိကရင်းနှီးမြှုပ်နှံမှုနယ်မြေများဖြစ်သည်။

နေအိမ်နှင့် မြေ၀ယ်ယူမှု နှစ်ခုပေါင်းလျှင် စုစုပေါင်းအရောင်းအ၀ယ်ပမာဏသည် ဒေါ်လာ၂၁ ဘီလျံ ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်က ပမာဏထက် ရာခိုင်နှုန်း ၃၀ သာလွန်သည်။ ၂၀၁၄ နှင့်ယှဉ်ပါက ၄၅ ရာခိုင်နှုန်း သာလွန်သည်။

ယခုအခါ တရုတ်ရင်းနှီးမြှုပ်နှံသူများသည် ဂျာမနီနှင့် အမေရိကန်တို့ကို သာလွန်၍လျော့ကျမှုမရှိ အရင်းနှီးအမြှုပ်နှံနိုင်ဆုံးသော ပြည်ပရင်းနှီးမြှုပ်နှံသူများအဖြစ် ရပ်တည်နေ
ကြသည်။ သူတို့သည် ထိုနေရာကို နောင်နှစ်အများအပြား ဆက်ထိန်းထားနိုင်မည်ဟု ခန်းမှန်းရကြောင်း ကမ္ဘာလုံးဆိုင်ရာငွေလုံးငွေရင်းဈေးကွက် သုတေသနညွှန်ကြားရေးမှူး ဒေး
ဗစ်ဂရင်းမော်ဂန်က ပြောကြားခဲ့သည်။

တရုတ်၏ ငွေလုံးငွေရင်းသည် ကြီးမားလှသည်ဖြစ်ရာ တရုတ်အာမခံကုမ္ပဏီများချည်းသက်သက်ကပင် အိမ်ခြံမြေသို့ ဒေါ်လာ ဘီလျံ ၂၅၀ ကို တိုက်ရိုက်ရင်းနှီးမြှုပ်နှံနိုင်ကြောင်း
JLL က ခန့်မှန်းထားသည်။
ဗြိတိန်က အီးယူမှခွဲထွက်မှုနှင့်ပတ်သက်သည့် မသေချာမရေရာမှုများ၊ အာရှပစိဖိတ်တွင်စီးပွားရေးနှေးကွေးကျဆင်းမှုနှင့် အမေရိကန်က ကမ္ဘာ့အိမ်ခြံမြေဈေးကွက်တွင် တည်
တည်ငြိမ်ငြိမ်လှုပ်ရှားလာခြင်း အပါအ၀င် ပထ၀ီဝင်နိုင်ငံရေးအန္တရာယ်များကြောင့် တရုတ်၏ မကြာသေးမီလများအတွင်း အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများသည် အခွင့်အလမ်းကို ရှာဖွေမှုပေါ် ဗဟိုပြုလာကြောင်း JLL ၏ နိုင်ငံတကာငွေကြေးအဖွဲ့ခေါင်းဆောင် ဒါရင်းရှားက ပြောကြားခဲ့သည်။

တရုတ်တွင် အစိုးရက ငွေကြေးစီးဆင်းမှုကို စောင့်ကြည်မည်ဟု ကြွေးကြော်ထားသော်လည်း ရင်းနှီးမြှုပ်နှံသူများသည် လာမည့် ၂၀၁၇ ခုနှစ်တွင် ပြည်ပအိမ်ခြံမြေကဏ္ဌများ
၌ ဆက်လက်ရင်းနှီးမြှုပ်နှံကြမည်ဖြစ်ကြောင်းလည်း JLL က ဒီဇင်ဘာလ ၂၀ ရက်တွင်ထုတ်ပြန်ခဲ့သည်။

"ပြည်ပမှာ ရင်းနှီးမြှုပ်နှံတာဟာ တရုတ်ရင်းနှီးမြှုပ်နှံသူအများစုအတွက် မဟာဗျူဟာမြောက်လုပ်ရပ်တစ်ခုပါ" ဟု JLL ၏ အာရှပစိဖိတ်ဈေးကွက်အကြီးအကဲ စတူးဝပ်ခရိုးက
ပြောကြားခဲ့သည်။ "ရေတိုကျဆင်း၊ နှေးကွေးမှုတော့ ရှိနိုင်ပေမယ့် ရေရှည်မှာတော့အပြောင်းအလဲအရမ်းနည်းမယ်လို့ ကျွန်တော်တို့ ခန့်မှန်းရပါတယ်" ဟုလည်း သူက
ပြောကြားခဲ့သည်။

အမေရိကန်ဒေါ်လာ ၁၀ ဘီလျံကျော်သော ပြည်ပရင်းနှီးမြှုပ်နှံမှုများနှင့် ကုမ္ပဏီ၏ ပင်မလုပ်ငန်းအစိတ်အပိုင်းများမဟုတ်သည့် ၁ ဘီလျံကျော်သော ကုမ္ပဏီချင်းပူးပေါင်းမှုများကို
ထိန်းချုပ်နေပြီး ငွေကြေးစီးဆင်းမှုများအား ပိုမိုသတိပြုစောင့်ကြည့်နေကြောင်း တရုတ်အစိုးရက ပြီးခဲ့သည့်နိုဝင်ဘာလက ထုတ်ပြန်ခဲ့သည်။

ထို့နောက် နိုင်ငံပိုင်ဆင်ဟွာသတင်းဌာနက တရုတ်သည် ပြည်ပအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းများအား သူတို့၏ကိုယ်ပိုင်ဆုံးဖြတ်ချက်များအတိုင်း
ဆက်လက်လုပ်ဆောင်ခွင့်ပြုမည်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

အာရှပစိဖိတ်တစ်လွှား ပြည်ပ၌ တရုတ်အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုသည် လာမည့် ၂၀၁၇ခုနှစ်အတွင်း ဆက်လက်အားကောင်းနေမည်ဖြစ်ကာ အရှေ့တောင်အာရှသို့လည်းအာရုံစိုက်လာကြမည်ဖြစ်ကြောင်း JLL က ထုတ်ပြန်ခဲ့သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...
တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...
အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်ကြေးပင်လျှင် ဒေါ်လာ ၃ ဒသမ ၅ သန်းရှိကာ ဒေါ်လာ ၆ သန်းတန် အာမခံ ထားထားသော ရွှေအိမ်သာဖြစ်...

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...
ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...
မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...
မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ
ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်
ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရ
သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရ
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်က
အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်က
imyanmarmarket
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service