၂၀၁၇ မှာ အရောင်းအဝယ်ဖြစ်မယ့်နေရာတွေနဲ့ ရင်နှီးမြုပ်နှံလို့ကောင်းမယ့်နေရာတွေကို အိမ် ခြံ မြေ အကျိုးဆောင်တွေက ခုလိုပဲခန့်မှန်းထားကြပါတယ်။
""၂၀၁၇ မှာ အလားအလာကောင်းတဲ့နေရာတွေကအများကြီးဘဲ။
၂၀၁၇ မှာ တည်ငြိမ်မှုတွေရှိမယ်ဆိုရင်တော့ အရာရာဟာ အပေါင်းလက္ခဏာဆန်မှာပါ။""ဟု ရန်ကုန်အခြေစိုက်အိမ် ခြံမြေအသင်းမှ ဥက္ကဌတစ်ဦးမှ ပြောပြထားပါတယ်။
""လောလောဆယ်တည်ဆောက်နေတဲ့ Infrastructure တည်ဆောက်နေတဲ့နေရာတွေအကုန်လုံး ရင်းနှီးမြုပ်နှံသင့်တယ်။နေရာတွေနဲ့ ပြောပါဆိုရင် ပဲခူး၊ ဟံသာဝတီလေဆိပ်ကြောင့် ရင်းနှီးမြုပ်နှံရင်ကောင်းတယ်။နောက်ပြီး ရန်ကုန်ရဲ့တောင်ဘက်ခြမ်း ကော့မှုး၊ကွမ်းခြံကုန်း ဘက်မှာဆောက်မယ်ဆိုတဲ့လေဆိပ်သစ်ဆိုတာလည်းရှိတယ်။နောက်ပြီး ဒလ ရဲ့ တံတားစီမံကိန်း ၊သန်လျင်ရဲ့ တံတားသစ်စီမံကိန်း ၊ သီလဝါ စက်မှုဇုန်တွေဆိုရင် Infrastructure ကောင်းပြီးသားဖြစ်လို့ ရင်းနှီးမြုပ်နှံသင့်တယ်။ကြည့်မြင်တိုင်တစ်ဖက်ကမ်း မြို့သစ်စီမံကိန်းကလည်း ရင်းနှီးမြုပ်နှံသင့်တဲ့ နေရာတစ်ခုပဲ"""ဟု ရန်ကုန်အခြေစိုက် အိမ် ခြံ မြေ အကျိုးဆောင်ကုမ္ပဏီကြီးတစ်ခုမှ MD ဖြစ်သူမှ သုံးသပ်ထားပါတယ်။
၂၀၁၇ အိမ် ခြံ မြေ ဈေးကွက်ဟာ ပြန်လည်ဦးမော့မှု၊ အရောင်းအဝယ်သွက်မှုတွေရှိလာနိုင်ကြောင်း အကျိုးဆောင်များက သုံးသပ်ပြောဆိုထားပါတယ်။
မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com