အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းကမ်းလွန်ပင်လယ်ပြင်အတွင်းတွင် အလယ်ခေတ်ဧကရာဇ် ရှီဝ၏ ရုပ်တုကိုကန်ဒေါ်လာသန်း ၅၃၀ ခန့် အကုန်အကျခံပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်းရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။
နယူးယောက် လေဘာတီရုပ်တု၏ နှစ်ဆခန့် ကြီးမားမည်ဖြစ်ပြီးဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးရှိChrist the Redeemerရုပ်တုထက် ငါးဆခန့် ကြီးမားမည်ဖြစ်သည်ဟုဆိုသည်။
ရုပ်တုအမြင့်မှာ ၁၉၂ မီတာရှီမည်ဖြစ်ပြီးလာမည့် ၂၀၁၉ ခုနှစ်တွင် အပြီးသတ်သွန်းလုပ်နိုင်ရန် ရည်မှန်းထားသည်။
မွန်ဘိုင်းပင်လယ်ကမ်းခြေမှ ၄ ကီလိုမီတာသာကွာဝေးသည့် ပင်လယ်ပြင်အတွင်းတွင် တည်ဆောက်မည့် ယင်းရုပ်တု၏ အုတ်မြစ်ကျောက်တုံးကိုအိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီကချထားပေးခဲ့ပြီးဖြစ်သည်။
အဆိုပါစီမံကိန်း၏ ကုန်ကျစရိတ်နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်မှုတို့အပေါ် ဝေဖန်မှုများလည်းရှိသည်။
ချဟာထရာပါတီသီဝလိသည် အလယ်ခေတ်ဟိန္ဒူဘုရင်တစ်ပါးဖြစ်ပြီးအိန္ဒိယအနောက်ပိုင်းမဟာရပ်ရှ်ထရာပြည်နယ်တွင် အုပ်ချုပ်စိုးစံခဲ့ပြီးမွတ်စလင် မူဂါလ်မင်းဆက်နှင့် စစ်ခင်းခဲ့သည့် ဘုရင်ဖြစ်သည်။
ယင်းရုပ်တုတည်ဆောက်မည့်အပေါ် ကန့်ကွက်မှုများရှိရာအဆိုပါရုပ်တုတည်ဆောက်မည့်အစားအခြေခံအဆောက်အအုံများနှင့် တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုရန် Change.orgဝက်ဘ်ဆိုက်တွင် လူပေါင်း ၂၇၀၀၀ ခန့်က လက်မှတ်ရေးထိုးတောင်းဆိုထားသည်။
စီမံကိန်းအတွက် လျာထားသည့် ၄၂ ဧကကျယ်ဝန်းသောနေရာသည် အဓိကငါးဖမ်းဒေသတစ်ခုဖြစ်ပြီးဆောက်လုပ်ရေးလုပ်ငန်းကြောင့် တံငါသည်ထောင်ပေါင်းများစွာ၏ ဘဝများကိုထိခိုက်စေမည်ဖြစ်ကြောင်းတံငါသည်များသမဂ္ဂမှ ဒါမိုဒါ တန်ဒယ်လ်ကပြောကြားသည်။
စီမံကိန်းအုတ်မြစ်ချပွဲမတိုင်မီတွင် ဆန္ဒပြမှုများပြုလုပ်ခဲ့သည့် တံငါသည် ၅၀ ဦးကျော်ကိုဖမ်းဆီးထိန်းသိမ်းထားသည်ဟုဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)