ဆောက်လုပ်ရေးလုပ် ငန်းတွေက ထွက်ရှိတဲ့ စွန့်ပစ်မြေကြီးတွေကို လမ်းဘေးတွေမှာ စည်းကမ်းမဲ့ စွန့်ပစ်ရင် လိုင်စင်ကန်ထရိုက်တာ (LC) နဲ့ လိုင် စင် အင်ဂျင်နီယာ (LC) ကို အရေးယူမယ် လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော် မတီအင်ဂျင်နီယာဌာန (အဆောက်အအုံ) က သိရပါတယ်။
အထပ်မြင့် ဆောက်လုပ်ရေးလုပ်ငန်းတွေက ထွက်ရှိတဲ့မြေကြီးတွေကို လမ်းဘေးစွန့်ပစ်တာ၊ မြေသယ်ယူတဲ့ ကားတွေကနေလမ်းမပေါ်မြေကြီးတွေ ကျတာတွေကြောင့် လမ်းမတွေ၊ ပလက်ဖောင်းတွေ ညစ်ပတ် ပျက်စီးတာတွေကို သည်လ နောက်ဆုံးပတ်ကစပြီး ထိထိရောက်ရောက် အရေးယူမှာ ဖြစ်ပြီး လိုင်စင်ကန် ထရိုက်တာ(LC) နဲ့ လိုင်စင်အင်ဂျင်နီ ယာ (LC) ကို အရေးယူသွားမှာ ဖြစ်ပါ တယ်။ အရေးယူဆောင်ရွက်တာတွေကိုလည်း သတင်းစာကနေ တရားဝင်ကြေညာသွားမှာ ဖြစ်ပါတယ်။ အဆောက်အအုံ ဆောက်လုပ်တဲ့ လုပ်ငန်းခွင်ကနေ မြေကြီးသယ်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို စည် ပင်မှ ခွင့်ပြုချက် ရယူရမှာ ဖြစ်ပါတယ်။
စည်ပင်သာယာရေးကော်မတီ အင် ဂျင်နီယာဌာန( အဆောက်အအုံ) က တာ ဝန်ရှိသူ တစ်ဦးက ‘ဆောက်လုပ်ရေးဆိုက်ကြီးတွေမှာဆိုရင် ဆိုက်အဝင်အထွက်နေရာမှာ ရေဆေးတဲ့ ခုံတွေပါ လုပ်ထားခိုင်းတယ်၊ ဆောက်လုပ်ရေး ယန္တရားကားတွေ ထွက်တာနဲ့ အဲဒီမှာ ရပ်ပြီး ဘီးတွေကို ရေဆေးပြီးမှ ထွက်ခိုင်းတာ၊ လမ်းပေါ်မှာ ဆိုက်ထဲက ရွှံ့တွေ ကားဘီးတွေမှာ ပါလာ ပြီး လမ်းပေါ်ပေကုန်လို့ ”လို့ ပြောပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းတွေက မြေ ကြီးသယ်တာ၊ မြေကြီးတွေတူးတာတွေေ ကြာင့် လမ်းတွေ ပလက်ဖောင်းတွေ ပျက်စီးတာတွေက မိုးရာသီမှာ အဖြစ်များပြီး ထိထိ ရောက်ရောက် ဆောင်ရွက်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
Credit: The Kumudra