သီလ၀ါအထူးစီးပွားရေးဇုန်ရဲ့ ကျန်ရှိမြေတွေထဲက ဟက်တာ ၃၀၀
မှာစီမံကိန်းတွေကို လာမယ့် ၅ နှစ်အတွင်း ဆက်လက်အကောင်အ ထည်ဖော်သွားမှာဖြစ်တယ်လို့သိရပါတယ်။
စီမံကိန်းအဖြစ် မြေအကျယ်အ၀န်းဟက်တာ ၂၀၀၀ ထဲမှာ ဟက်တာ
၄၀၀ ကိုအသုံးပြုခွင့်ပေးထားပြီး ကျန်နေတဲ့မြေနေရာတွေ မှာ ဆက်လက်အကောင်အထည်ဖော်သွားမှာလည်းဖြစ်တယ်လို့ အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးရေးအဖွဲ့ တာဝန်ရှိသူတွေထံကသိရပါတယ်။
ယင်းမြေဟက်တာ ၃၀၀ မှာ စီမံကိန်းဆက်လက်အကောင်အထည်
ဖော်ပြီးပါက ရင်းနှီးမြုပ်နှံမှုအားဖြင့်လည်း ကန်ဒေါ်လာ ၁ ဒသ မ ၈
ဘီလီယံအထိ တိုးတက်လာဖို့ ရည်မှန်းထားတယ်လို့လည်း သိရပါတယ်။
လက်ရှိသီလ၀ါအထူးစီးပွားရေးဇုန်မှာ နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကုမ္ပဏီ
ပေါင်း ၇၈ ခုက ၀င်ရောက်လုပ်ကိုင်နေပြီး ရင်းနှီးမြုပ် နှံမှုအားဖြင့် ကန်
ဒေါ်လာ ၁ ဘီလီယံဝန်းကျင်အထိရှိလာခဲ့တယ်လို့လည်းသိရပါတယ်။
ရင်းနှီးမြုပ်နှံထားတဲ့လုပ်ငန်းတွေထဲက လုပ်ငန်းပေါင်း ၃၀ ကျော်ကစတင် လည်ပတ်လုပ်ကိုင်နေပြီး ပြင်ပကုန်စည်တင်ပို့မှုတွေ လည်းရှိနေပြီလို့ အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးရေးအဖွဲ့ တာဝန်ရှိသူတွေထံကသိရပါတယ်။
Credit: SFJ Strategy First