အာရပ်စော်ဘွားများပြည်ထောင်စုတွင် နေအိမ်ခန်းမွမ်းမံစရိတ်မှာနေအိမ်အာမခံကြေး ၁၂၇ နှစ်စာပမာဏကုန်ကျဟုဆို

အာရပ်စော်ဘွားများပြည်ထောင်စုတွင် နေအိမ်ခန်းမွမ်းမံစရိတ်မှာနေအိမ်အာမခံကြေး ၁၂၇ နှစ်စာပမာဏကုန်ကျဟုဆို - Property News in Myanmar from iMyanmarHouse.com
26 Dec 2016 11:35 am တွင် တင်ခဲ့သည်
954 ကြိမ် ကြည့်ရှု့ပြီး
အာရပ်စော်ဘွားများပြည်ထောင်စုတွင် အိပ်ခန်းတစ်ခန်းပါ နေအိမ်ခန်းတစ်ခန်း၏ မွမ်းမံစရိတ်မှာအာရပ်ငွေ ၂၈၀၀၀ (ကန်ဒေါ်လာ ၇၆၂၃ ) ခန့် ကုန်ကျကြောင်းဘဏ္ဍာရေးနှိုင်းယှဉ်ချက်များတွက်ချက်သည့် ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်ဟုအရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ယင်းပမာဏမှာနေအိမ်အာမခံကြေး ၁၂၇ နှစ်စာပမာဏနှင့် ညီမျှပြီးအာရပ်စော်ဘွားများပြည်ထောင်စုတွင် နှစ်စဉ်နေအိမ်အာမခံကြေးပေးသွင်းရငွေမှာအာရပ်ငွေ ၂၂၀ (ကန်ဒေါ်လာ ၅၉ ဒသမ ၈) ဖြစ်သည်။

ယခုအခါအာရပ်စော်ဘွားများပြည်ထောင်စုတွင် ပြည်သူတို့ကိုမတော်တဆမှုများနှင့် မီးလောင်မှုများအတွက် နေအိမ်ကိုအာမခံထားကြရန် လှုံ့ဆော်တိုက်တွန်းမှုများ မြင့်တက်လျက်ရှိချိန်အတွင်းယခုအချက်အလက်ကိုဖော်ထုတ်ခဲ့ခြင်းလည်း ဖြစ်သည်။

အာရပ်စော်ဘွားများပြည်ထောင်စုတွင် လွန်ခဲ့သော ၂ နှစ်အတွင်းမီးလောင်မှုများ ဖြစ်ပွားခဲ့ပြီးမကြာသေးမီကပင် ဒူဘိုင်းရှိOceanaလူနေအိမ်ရာကွန်ပလက်စ်တစ်ခုတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ကြီးမားစွာပျက်စီးဆုံးရှုံးခဲ့သည်။
The Address Downtownဟိုတယ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာတွင်လည်းလူ ၁၅ ဦးဒဏ်ရာရရှိခဲ့ပြီးတစ်ဦးသေဆုံးခဲ့သည်။

ယခုတွက်ချက်မှုမှာပုံမှန်လူနေခန်းတစ်ခုအတွက် ပြန်လည်မွမ်းမံစရိတ်ကိုခန့်မှန်းတွက်ချက်ခြင်းဖြစ်ပြီးအဓိကပရိဘောဂများဖြစ်သောညစာစားပွဲများ၊ ဆိုဖာနှင့်ရုပ်မြင်သံကြားစင်များ၊အခြေခံအိမ်သုံးလျှပ်စစ်ပစ္စည်း
များဖြစ်သောရေခဲသေတ္တာနှင့် အဝတ်လျှော်စက် ဝယ်ယူဖြည့်တင်းမှု စရိတ်များကိုလည်းထည့်သွင်းတွက်ချက်ထားသည်။

သမားရိုးကျ မီးဖိုဆောင်တစ်ခု ပြန်လည်မွမ်းမံရန်အတွက် second-hand ပစ္စည်းများသုံးမည်ဆိုလျှင်ပင် အာရပ်ငွေ ၃၄၆၀ (ကန်ဒေါ်လာ ၉၄၂ )ခန့် ကုန်ကျမည်ဖြစ်သည်။

ဧည့်ခန်းအတွက်မူလူအများစုကတန်ဖိုးကြီးမြင့်သော လျှပ်စစ်ပစ္စည်းများအသုံးပြုလေ့ရှိရာဧည့်ခန်းအတွက် အာရပ်ငွေ၁၅၀၀၀ (ကန်ဒေါ်လာ ၄၀၈၃) ခန့် ကုန်ကျမည် ဖြစ်သည်။

ကာတာအာမခံဌာန၏ လေ့လာချက်တစ်ရပ်အရအာရပ်နိုင်ငံသား ၉၁ ရာခိုင်နှုန်းသည် နေအိမ်အာမခံဝယ်ယူထားခြင်းမရှိဟုဆိုသည်။စစ်တမ်းကောက်ယူရာတွင် ဖြေကြားသူတို့၏ ပြောကြားချက်အရနေအိမ်အာမခံမထားခြင်းမှာဈေးနှုန်းကြောင့် ဖြစ်သည်ဟု ဖြေကြားကြသည်။

ဖြေဆိုသူ ၃၁ ရာခိုင်နှုန်းကမူနေအိမ်အာမခံနှင့် စပ်လျဉ်း၍ အကျွမ်းဝင် သိရှိနားလည်ခြင်းမရှိကြောင်းမည်သည့်အာမခံဝယ်ယူရမည်ဆိုခြင်းကို
မဆုံးဖြတ်နိုင်ကြကြောင်းဖြေကြားကြသည်ဟုဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်ကြေးပင်လျှင် ဒေါ်လာ ၃ ဒသမ ၅ သန်းရှိကာ ဒေါ်လာ ၆ သန်းတန် အာမခံ ထားထားသော ရွှေအိမ်သာဖြစ်...

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

imyanmarmarket
Maha Nadi Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service