ဝင်ငွေနည်းပြည်သူများ ၀ယ်ယူနိုင်ရန် တန်ဖိုးသင့်တန်ဖိုးနည်း အိမ်ရာများအားသိန်း၁၀၀အောက်ဖြင့် ရောင်းချနိုင် ရန် စတင်ပြီးနည်းလမ်းရှာဖွေ မှုများပြုလုပ်နေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကပြောသည်။
လက်ရှိတွင် နေပြည်တော်၌ စမ်းသပ်တည်ဆောက်မှုများပြုလုပ်မည်ဖြစ်ပြီးအောင်မြင်ခဲ့ပါက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်တည်ဆောက်မည်ဖြစ်ကြောင်းဦးဝင်းခိုင်ကိုသည်
၂၀၁၆ -၁၇မှ ၂၀၂၀ -၂၀၂၁ အိမ်ရာ ဖွံ့ဖြိုးရေးကို ငါးနှစ်စီမံကိန်း ရေးဆွဲထားရာ စုစုပေါင်း တစ်နိုင်ငံလုံးတွင် ၁ဒသမ ၈သိန်းခန့်အကောင်အထည်ဖော်သွားနိုင်ရန်အတွက် ရည်၇ွယ်ထားကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။
ဝန်ကြီးဌာနများမှ တည်ဆောက်ရောင်းချသည့် အဆင့်မြင့် အိမ်ရာများမှ ရရှိသည့်ငွေကြေးကို ဘဏ္ဍာငွေတစ်ခုသတ်မှတ်ကာ ၄င်းငွေကို အသုံးပြု၍ တန်ဖိုးနည်း အိမ်ရာများတည်ဆောက်ရန်လျာထားကြောင်းသိရသည်။
ကျပ်သိန်းတစ်ရာဖြင့် ရောင်းချမည့် အိမ်ရာစီမံကိန်းအတွက် နေပြည်တော်တွင် အထပ်ငါး ထပ်၊ အခန်း လေးဆယ်ပါဝင်မည့် အဆောက်အအုံကို စမ်းသပ်တည်ဆောက်နေရှိပြီး အဆိုပါစီမံကိန်း မှ ထွက်ပေါ်လာမည့် ရလဒ်ပေါ်မူ တည်ကာ တန်ဖိုးနည်းနိုင်သ လောက်နည်းပါးစေရန် အရည် အသွေးရှိရှိတည်ဆောက်မည်ဟု ဆိုသည်။
နိုင်ငံတစ်ဝန်းကျပ်သိန်း တစ်ရာအောက် တန်ဖိုးနည်းအိမ်ရာတိုက်ခန်း တစ်သိန်းရှစ်သောင်းခန့် အစိုးရသစ်လက်ထက်၌ တည်ဆောက်နိုင်ရန်စီစဉ်ထားကြောင်းသိရသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com