မွန်ပြည်နယ် မော်လ မြိုင်မြို့နှင့် ချောင်းဆုံမြို့သို့ ဆက် သွယ်သည့် သံလွင်တံတား(ချောင်းဆုံ)စီမံကိန်း တည်ထောင် မှု ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း တံတားတည်ဆောက်ရေးအဖွဲ့မှ သတင်းရရှိသည်။
မော်လမြိုင်မြို့ဘက်ကမ်း မုပွန်နယ်မြေနှင့် ချောင်းဆုံဘက် ကမ်း ကညှော်ကျေးရွာသို့ ဆက် သွယ်တည်ဆောက်သည့် သံလွင်တံတား (ချောင်းဆုံ) ကို ခန့်မှန်းခြေတန်ဖိုး ကျပ်သန်း ၅၉,၈၀၀ ဖြင့် ၂၀၁၅ ဖေဖော်ဝါရီက စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့သည်။
‘‘တံတားက ၇၅ ရာခိုင်နှုန်း ပြီးနေပြီ။ စီမံကိန်းကြီး တစ်ခုလုံး အတွက် ဘတ်ဂျက်အပြည့်အ၀ ရှိတယ်။ သတ်မှတ်ကာလဖြစ်တဲ့ မတ်လကုန်လောက်မှာ ပြီးနိုင်ဖို့ ကြိုးစားနေပါတယ်’’ ဟု သံလွင် တံတား (ချောင်းဆုံ)စီမံကိန်းတာ ၀န်ခံ ဦးသိန်းမြင့်မွန်က ပြောကြား သည်။
တံတားစီမံကိန်းတွင် တံတား နှင့် လမ်းတည်ဆောက်မှုနှစ်ပိုင်းရှိကာ တံတားတည်ဆောက်ရန် ကျပ်သန်း ၅၅,၀၀၀ ကို ပြည် ထောင်စု ဘတ်ဂျက်က ရရှိပြီး လမ်း တည်ဆောက်ရန် ကျပ် သန်း ၄,၀၀၀ ကျော်ကို ပြည်နယ် ဘတ်ဂျက်က ရရှိသည်ဟု ဦးသိန်း မြင့်မွန်က ဆိုသည်။
ယခုအချိန်တွင် တံတားနှစ် ဖက်ကမ်းချင်းကပ် လမ်းများ တည်ဆောက်ပြီးစီးနေပြီး မြစ် လယ်ကုန်း လေးကုန်းအနက် နှစ် ကုန်းခွဲ တပ်ဆင်ထားပြီးဖြစ်သည် ဟု တံတားတည်ဆောက်ရေးအဖွဲ့ (၄)မှ သိရသည်။
သံလွင်တံတား (ချောင်းဆုံ) ကို မော်လမြိုင်နှင့် ဘီလူးကျွန်းအ ကြား ဖြတ်သန်းစီးဆင်းနေသည့် သံလွင်မြစ်၏ အကျဉ်းဆုံးနေရာ များကို ရွေးချယ်ထားပြီး ဆောက် လုပ်ရေးဝန်ကြီးဌာန တံတားဦးစီး ဌာနက တည်ဆောက်ရေးအဖွဲ့ (၄) နှင့် တည်ဆောက်ရေးအဖွဲ့(၁) တို့က တာဝန်ယူဆောက်လုပ်ခြင်း ဖြစ်သည်။
Credit: 7DayDaily