(၁) အိမ်ခန်းအငှားဈေးကွက်စည်းမျဉ်းထိန်းချုပ်ရေးနှင့်
(၂) များပြားပြင်းထန်သော အိမ်ခြံမြေကောလာဟလများကြောင့် ဖြစ်ပေါ်သည့် ဈေးနှုန်းအလွန်မြင့်
တက်ခဲ့ပြီးနောက် တဟုန်ထိုးပြန်လည်ကျဆင်းမှုအား ထိန်းချုပ်ဟန့်တားရေးတို့သည် တရုတ်ပြည်သူတို့၏ နေထိုင်ရေးလိုအပ်ချက်များနှင့် အဓိကသက်ဆိုင်နေသည့် စီမံကိန်းကြီးနှစ်ခုဖြစ်ကြောင်း တရုတ်သမ္မတရှီကျင်ဖင်းက ဒီဇင်ဘာလ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
အိမ်ရာများ၏အခြေအနေကို တိတိကျကျစာရင်းယူထားရမည်ဖြစ်ကြောင်းလည်း
ရှီက ဘဏ္ဍာရေးနှင့် စီးပွားရေးရာ ဗဟိုခေါင်းဆောင်အဖွဲ့အစည်းအဝေးတစ်ခုတွင်
ပြောကြားခဲ့သေးသည်။
တရုတ်သည် မြို့ပြလူဦးရေ၏ အ၀ယ်နှင့် အငှားနှစ်ခုစလုံးသော အိမ်ခန်းလိုအပ်ချက်နှင့်
ကိုက်ညီသည့်အိမ်ရာလုပ်ထုံးလုပ်နည်းယန္တရားတစ်ခုကို ဖော်ဆောင်ရမည်ဖြစ်ကြောင်းရှီက သူဦးဆောင်သော ထိုအဖွဲ့၏ ယင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
၎င်းအစည်းအဝေးအတွင်း ၂၀၁၆ ခုနှစ် မှ ၂၀၂၀ ခုနှစ်အကြား ငါးနှစ်တာအတွင်းအတွက်ချမှတ်ရေးဆွဲထားသော အဓိကစီမံကိန်းများကို ပြန်လည်သုံးသပ်ခဲ့ကြကာ လူထုစိုးရိမ်နေသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း အစည်းအဝေးပြီးနောက်
ထွက်ရှိခဲ့သော ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစိုးရက အခြေခံအိမ်ရာဝယ်လိုအားကို ဂရုစိုက်နေစဉ် ဈေးကွက်သည် အမျိုးမျိုးသောအိမ်ရာဝယ်လိုအားကို ဖြည့်တင်းပေးရာတွင် အဓိကအခန်းကဏ္ဌမှ ပါဝင်မည်ဖြစ်ကြောင်း
လည်း ရှီက ပြောကြားခဲ့သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com