အိမ် ခြံ မြေ ဈေးကွက် အနည်းငယ်ပြန်လည်ဦးမော့လာချိန်တွင် ကော့မှုးမြို့နယ်၌ မြေအရောင်းအဝယ် အတန်ငယ်သွက်လက်ဖြစ်ထွန်းလာကြောင်း အိမ် ခြံ မြေ အကျိုးဆောင်များထံမှ သိရှိရသည်။
ယင်းကဲ့သို့ မြေဈေးကွက်ပြန်လည်သွက်လက်လာရခြင်းမှာ စီမံကိန်းများကြောင့်ဖြစ်ကြောင်းလည်း အကျိုးဆောင်တို့က သုံးသပ်သည်။""ကွမ်းခြံကုန်း၊ ကော့မှုးဆိုတာက စီမံကိန်း ဧရိယာထဲပါတဲ့အတွက်အရောင်းအဝယ်ပြန်သွက်လာတယ်ပေါ့။နောက်တစ်ခါ အဲဒီမြို့နယ်တွေက ရန်ကုန်နဲ့အနီးဆုံးနေရာမှာ ရှိတဲ့အတွက် အရောင်းအဝယ်ဖြစ်တာလည်း ပါတာပေါ့လေ။ဈေးကတော့ အစားစားပါပဲ။လယ်မြေဆိုရင် သိန်း သုံးလေးငါးဆယ် နဲ့ဖြစ်နေတယ်။ဥယျဉ်ခြံမြေတွေမှာဆိုရင်တော့ သိန်းရာကျော်ကနေ ထောင်ကျော်အထိ ဖြစ်တယ်။"""ဟု ရန်ကုန်အခြေစိုက် အကျိုးဆောင်တစ်ဦးမှ ပြောပြသည်။
ကော့မှုး ၊ ကွမ်းခြံကုန်းသာမကဘဲ အခြားသောမြေနေရာများဖြစ်သည့် မှောဘီ ၊ တိုက်ကြီး ၊ ပဲခူး အစရှိသည့်နေရာများတွင်လည်း မြေဈေးကွက်အရောင်းအဝယ်တွင်ကျယ်လျက်ရှိကြောင်းသိရသည်။
"""စီမံကိန်းရှိတဲ့နေရာတွေမှန်သမျှက ဈေးတွေအကုန်တက်တယ်။အရောင်းအဝယ်လည်းဖြစ်တယ်။ဈေးတွေတက်တယ်ဆိုပေမယ့် အရင် စ ကာစဈေးတွေနဲ့ယှဉ်ရင်တော့ အရမ်းမတက်ဘူးလို့ပဲပြောရမယ်။ဈေးကတော့ ပုံသေမရှိဘူး။နေရာအနေအထားပေါ်မူတည်ပြီး သူ့ဟာနဲ့သူပေါ့""ဟု စိုင်းခွန်နောင်အိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးမှသုံးသပ်ပြောပြသည်။
မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com