မန္တလေးမြို့အနီး ဧရာဝတီမြစ်အတွင်းရှိ မြေဧက ၂,၀၀၀ ကျော်ပေါ်တွင် အမရပူရမြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်မည်

မန္တလေးမြို့အနီး ဧရာဝတီမြစ်အတွင်းရှိ မြေဧက ၂,၀၀၀ ကျော်ပေါ်တွင် အမရပူရမြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်မည် - Property News in Myanmar from iMyanmarHouse.com
23 Dec 2016 9:48 am တွင် တင်ခဲ့သည်
1200 ကြိမ် ကြည့်ရှု့ပြီး
ရှမ်းကလေးကျွန်းကျေး ရွာအနီးရှိ မြေနုကျွန်းနှင့် ကိုင်း ကျွန်းမြေများအပါအဝင် မန္တလေး မြို့အနီး ဧရာဝတီမြစ်အတွင်းရှိ မြေဧက ၂,၀၀၀ ကျော်ပေါ်တွင် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတစ်ခု အကောင်အထည်ဖော် တည် ဆောက်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံ ကိန်းဟု အမည်ပေးထားသည့် ယင်းဖွံ့ဖြိုးရေးစီမံကိန်းကို စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်၏ Mandalay Business Capital City Development Co.,Ltd (MBCCD)က အကောင်အထည် ဖော်တည်ဆောက်ရန် စီစဉ်နေပြီး ၂၀၁၇ နှစ်ဆန်း၌ တည်ဆောက်ရေးလုပ်ငန်းများ စတင်နိုင်ရန် ရည်ရွယ်ထားကြောင်း MBCCD ကုမ္ပဏီပြောရေးဆိုခွင့် ရှိသူ ဦးဇော်ရဲဝင်းက ပြောသည်။

စီမံကိန်းအတွင်း ပါဝင်မည့် မြေဧရိယာ၏ သုံးပုံတစ်ပုံကျော် ကို ဒေသခံများထံမှ ဝယ်ယူထား ပြီး လိုအပ်သည့် သဘာဝပတ်ဝန်း ကျင်နှင့် လူမှုဘဝထိခိုက်မှုဆိုင်ရာ စစ်တမ်း (EIA, SIA) ကောက်ယူနေပြီဖြစ်ကြောင်းနှင့် သက်ဆိုင်ရာဝန် ကြီးဌာနများက ခွင့်ပြုသည်နှင့် တည်ဆောက်ရေးလုပ်ငန်းများ စတင်နိုင်ရန် ရည်ရွယ်ထား ကြောင်း ဦးဇော်ရဲဝင်းက ပြော သည်။

စီမံကိန်းအကောင်အထည် ဖော်မည့် မြေဧရိယာများသည် ရှမ်းကလေးကျွန်းအပါအဝင် မန္တလေး မြို့ ကန်တော်ကြီးဝန်းကျင်၊ ရွှေကြက်ယက်ဘုရားဝန်းကျင်နှင့် ရတနာပုံတံတားအနီး ဝန်းကျင်ရှိ ဧရာဝတီမြစ်ကမ်းရိုးတစ်လျှောက် ရှိ ရေဝပ်ဧရိယာ၊ မြေနုကျွန်း၊ ကိုင်းမြေ၊ ကျွန်းမြေနှင့် ရွာမြေ အများစုပါဝင်သည်။ မြေနေရာ များ ဝယ်ယူခြင်းအပါအဝင် စီမံ ကိန်းလုပ်ငန်းတစ်ခုလုံးကို ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အ ထည်ဖော်ရန် စီစဉ်ခြင်းဖြစ်ပြီး ပထမအဆင့်အဖြစ် ကျပ်ဘီ လီယံ ၅၀၀ ရင်းနှီးကာ စတင်လုပ် ကိုင်မည်ဟု ဦးဇော်ရဲဝင်းက ဆိုသည်။

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံ ကိန်းသည် ဧရာဝတီမြစ်အတွင်း မြေနုကျွန်းနှင့် ရေဝပ်ဧရိယာများ ကို မြေဖို့ကာ တည်ဆောက်မည့် ဖွံ့ဖြိုးရေးစီမံကိန်းဖြစ်၍ ကမ်းပြို ခြင်းအပါအဝင် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်မည်ကို အမရပူရနှင့် တံ တားဦးအပါအဝင် မန္တလေးမြို့ ခံများက စိုးရိမ်မှုများရှိနေသည်။

စီမံကိန်းလုပ်ငန်းကြောင့် အင်းဝမြို့ဟောင်း ကမ်းပြိုပျက်စီး မည်ကို စိုးရိမ်ပြီး ကုမ္ပဏီအနေဖြင့် ကမ်းမပြိုဘဲ လုပ်ဆောင်မည်ဟု အာမခံရန်လိုအပ်ကြောင်း အင်းဝ မြို့ခံ ဦးစိုးက ပြောသည်။

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံ ကိန်းသည် မန္တလေး၊ အင်းဝ၊ အမရပူရ စသည့် သမိုင်းတန်ဖိုး ကြီးမားသည့် ရှေးဟောင်းမြို့ကြီး သုံးမြို့နှင့် ဆက်စပ်နေသကဲ့သို့ ဧရာဝတီမြစ်အတွင်း အကောင် အထည်ဖော်တည်ဆောက်မည် ဖြစ်၍ သဘာဝပတ်ဝန်းကျင်ထိ ခိုက်မှုများ ဖြစ်ပေါ်မည်ကို အထူးစိုးရိမ်ကြောင်း ဒေသခံအရပ်ဘက် အဖွဲ့အစည်းများက ပြောသည်။

စီးပွားရေးလုပ်ငန်းရှင် ဦး မောင်ဝိတ်က အမရပူရမြို့ပြဖွံ့ ဖြိုးရေးစီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုရှိမည်မ ဟုတ်ဘဲစီမံကိန်း Master Plan ရေးဆွဲခြင်းအပါအဝင် EIA, SIA စစ်တမ်းကောက်ယူရာတွင် နိုင် ငံတကာအဆင့်မီ လုပ်ဆောင် ထားကြောင်း ပြောသည်။

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံ ကိန်းအကောင်အထည်ဖော်တည် ဆောက်ရန် ပြီးခဲ့သည့် အစိုးရ သက်တမ်းကတည်းက မန္တလေး မြို့တော်စည်ပင်ကော်မတီက ခွင့်ပြုထားပြီး ယင်းစီမံကိန်းအ ကောင်အထည်ဖော်ပြီးပါက မန္တလေးစည်ပင်အနေဖြင့် စီမံကိန်း၏ ၂၅ ရာခိုင်နှုန်းအထိ ရရှိ မည်ဟုဆိုသည်။

ကုမ္ပဏီက တင်ပြလာမည့် EIA, SIA, EMP Report များအ ပေါ် မူတည်ကာ သက်ဆိုင်ရာဝန်ကြီးဌာနများက စိစစ်ပြီး နောက်ဆုံး လုပ်ကိုင်ခွင့်ပြုပေးမည်ဟု မန္တလေးတိုင်းအစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးမျိုး သစ်ကပြောသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်ကြေးပင်လျှင် ဒေါ်လာ ၃ ဒသမ ၅ သန်းရှိကာ ဒေါ်လာ ၆ သန်းတန် အာမခံ ထားထားသော ရွှေအိမ်သာဖြစ်...

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ

တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်

imyanmarmarket
Maha Nadi Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service