ဆောက်လုပ်ရေး လုပ်ငန်းသုံး ဓာတုဗေဒ ကုန်ပစ္စည်းထုတ် စက်ရုံ ဆောက်မည်

ဆောက်လုပ်ရေး လုပ်ငန်းသုံး ဓာတုဗေဒ ကုန်ပစ္စည်းထုတ် စက်ရုံ ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
22 Dec 2016 10:35 am တွင် တင်ခဲ့သည်
1908 ကြိမ် ကြည့်ရှု့ပြီး
ဂျာမနီအခြေစိုက် BASF လုပ်ငန်းစုက ဆောက်လုပ်ရေးလုပ်ငန်းသုံး အရည်အသွေး မြင့်ဓာတုဗေဒကုန်ပစ္စည်းများ ထုတ်လုပ်မည့် စက်ရုံကို ရန်ကုန်မြို့တွင် လာမည့်နှစ်၌ တည်ဆောက်မည်ဖြစ်ကြောင်း ထိုကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင်စက်ရုံတည်ဆောက်ရန်အစိုးရခွင့်ပြုချက်ရရှိရန် ဆောင်ရွက်နေဆဲသာဖြစ်ပြီးစက်ရုံဖွင့်မည့်အချိန်ကာလ၊ နေရာနှင့်ရင်းနှီးမြှုပ်နှံမှုများကို အသေးစိတ် ထုတ်ဖော်ပြောကြားရန်ခက်ခဲနေသေးကြောင်း အာရှပစိဖိတ် ဓာတုဆောက်လုပ်ရေး လုပ်ငန်းဆိုင်ရာဌာန ပြောရေးဆိုခွင့်
ရှိသူ Mr. Rita Tsang က ပြောသည်။

"အထပ်မြင့်အဆောက်အအုံတွေ၊ လမ်း တွေ၊ တံတားတွေကို ပိုပြီး ဆောက်လုပ်လာ တာနဲ့အတူမြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေး နယ်ပယ်က ပိုပြီး ခေတ်မီအဆင့်မြင့်လာပြီး အရည်အသွေးမြင့်မားတဲ့
နည်းပညာတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ဓာတု ကုန် ပစ္စည်းတွေ လိုအပ်ချက်ကလည်း မြင့်မားလာမှာဖြစ်ပါတယ်"ဟု BASF အာရှဒေသတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံး ဓာတုဗေဒပစ္စည်းဌာန
ဦးစီးဖြစ်သူ Mr. Christian Mombaur က ပြောသည်။

BASF ၀န်ဆောင်မှုရုံးခန်းကို ရန်ကုန်မြို့တွင် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာတွင် စတင်ဖွင့်လှစ်ခဲ့ပြီးကွန်ကရစ်အထောက်အကူပြုဓာတုပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းစနစ်နှင့် သတ္တုတူးဖော်ရေးလုပ်ငန်း သုံး ဓာတုပစ္စည်းများကို မြန်မာနိုင်ငံတွင် လွန်ခဲ့သော ၁၀ နှစ်ကျော်ကတည်းက
ဖြန့်ဖြူးရောင်းချနေခြင်းဖြစ်သည်။ "BASF အနေနဲ့သီလ၀ါအထူးစီးပွားရေးဇုန်၊ရဲရွာရေအားလျှပ်စစ်ဆည်၊ မြင်းခြံသံမဏိ စက်ရုံ စတဲ့ အရေးပါတဲ့ တည်ဆောက်ရေး လုပ်ငန်းတွေနဲ့ အခြေခံအဆောက်အအုံစီမံ ကိန်းတွေကို ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ ကျွန်တော် တို့အနေနဲ့ပြည်တွင်းကသာမက ကမ္ဘာအနှံ့က ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အထောက်အကူပြုဖို့ ဆောင်ရွက် မှာပါ"ဟု ၎င်းက ပြောသည်။

BASF၏ ဆောက်လုပ်ရေးလုပ်ငန်းသုံးဓာတုဗေဒပစ္စည်းဌာနသည် နိုင်ငံပေါင်း ၅၀ ကျော်တွင် ထုတ်လုပ်မှုနှင့် အရောင်းဌာနများ ဖွင့်လှစ်ပြီးဖြစ်၍ ၂၀၁၅ ခုနှစ်တွင် စတာလင် ပေါင် ၂ ဒသမ ၃ ဘီလျံ ရောင်းအားရရှိခဲ့ကြောင်း ထိုကုမ္ပဏီက ထုတ်ပြန်ထားသည်။

BASF ကုမ္ပဏီသည် ဓာတုဗေဒပစ္စည်း များ၊ ပလတ်စတစ်အခြေပြု ထုတ်ကုန်များ၊ လူသုံးကုန်ပစ္စည်းများတွင် အသုံးပြုသည့် ဓာတုဗေဒပစ္စည်းများ၊ စိုက်ပျိုးရေးသီးနှံထွက် ကုန်သုံး ဓာတုပစ္စည်းများ၊
ရေနံနှင့် သဘာဝ ဓာတ်ငွေ့သုံး ဓာတုပစ္စည်းများ စသော ကဏ္ဍ ငါးခုကို အဓိကထား ထုတ်လုပ်လျက်ရှိပြီး ၂၀၁၅ ခုနှစ်တွင် ကုမ္ပဏီတစ်ခုလုံး၏ ထုတ်ကုန်ပစ္စည်းရောင်းအားမှာ ယူရို ၇၀ ဘီလျံကျော်ရှိခဲ့သည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်ကြေးပင်လျှင် ဒေါ်လာ ၃ ဒသမ ၅ သန်းရှိကာ ဒေါ်လာ ၆ သန်းတန် အာမခံ ထားထားသော ရွှေအိမ်သာဖြစ်...

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service