ယုဇန၊ ကနောင်နှင့် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများကို ဇန်န၀ါရီလအတွင်း ရောင်းချမည်

ယုဇန၊ ကနောင်နှင့် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများကို ဇန်န၀ါရီလအတွင်း ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
22 Dec 2016 9:31 am တွင် တင်ခဲ့သည်
3101 ကြိမ် ကြည့်ရှု့ပြီး
ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်နှင့် လှိုင်သာယာမြို့နယ်အတွင်း ဆောက်လုပ်ပြီးစီးသွားသည့်
ယုဇန၊ ကနောင်နှင့် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာစီမံကိန်း တိုက်ခန်းများကို ဇန်န၀ါရီလ
အတွင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ အိမ်ရာ ဖွံ့ဖြိုးရေး
ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ဒီဇင်ဘာ ၂၀ ရက်တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။

"အခုလောလောဆယ်အထိ လျှောက်လွှာ တင်တာတွေ ရှိနေပါတယ်။ လကုန်လောက် အထိစိစစ်ရမှာဖြစ်လို့ ဇန်န၀ါရီလလယ်လောက်ဆိုရင် စရောင်းလို့ရပါပြီ။ လျှောက်လွှာဘယ်လောက်
လာတင်သလဲဆိုတာကတော့ စာရင်းမပိတ်ရသေးလို့ အတိအကျ ပြောဖို့ ခက်ပါတယ်"ဟု ၎င်းက ပြောသည်။

တန်ဖိုးနည်းနှင့် တန်ဖိုးမျှတအိမ်ရာစီမံ ကိန်းများက တိုက်ခန်းများကို ၀ယ်ယူလိုသူများသည်ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုး ရေးဘဏ်တွင် တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင် နှုန်းကို အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ် ထားရန်လိုအပ်ပြီး နှစ်ရှည်အရစ်ကျစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။

နိုဝင်ဘာ ၂၁ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက
တန်ဖိုး နည်းအိမ်ရာ ၀ယ်ယူခွင့် လျှောက်ထားရမည့် လျှောက်လွှာပုံစံများနှင့် ၀ယ်ယူနိုင်မည့်
နေရာ များကို အသေးစိတ် ထည့်သွင်းကြေညာ ထားပြီးဖြစ်သည်။

ဝယ်ယူလိုသူများသည် ညွှန်ကြားရေးမှူးချုပ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရုံးအမှတ်(၄၀)
နေပြည်တော်သို့ လိပ်မူပြီး တိုက်ခန်းဝယ်ယူလိုသည့် လျှောက်ထားလွှာ များကို ပေးပို့ရမည်ဖြစ်ပြီး
လျှောက်လွှာများ ကို ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
(အိမ်ရာ ဌာနခွဲ)နှင့် နေပြည်တော် ရုံးအမှတ် (၄၀) တွင် လျှောက်လွှာများကို ၀ယ်ယူလျှောက်ထား
ရမည်ဖြစ်သည်။

တန်ဖိုးနည်းတိုက်ခန်း ၀ယ်ယူ ခွင့် လျှောက်လွှာများကို နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၁၆ ရက်အထိဝယ်ယူနိုင်ပြီး လျှောက်လွှာတင်သွင်းမည့်ရက်ကို ဒီဇင်ဘာ ၃၀ ရက်အထိ နောက်ဆုံးထား လက်ခံသွား မည်ဖြစ်သည်။ ခြောက်ခန်းတွဲ လေးထပ်အဆောက်အအုံ များနှင့် ရှစ်ခန်းတွဲ လေးထပ်အဆောက်အအုံ များဖြစ်ကြပြီး မြေညီထပ်အခန်းများကို ကျပ်၁၃၄သိန်းနှင့်ကျပ်သိန်း၁၂၀ နှုန်းထားဖြင့်ရောင်ချပေးသွားမည်ဖြစ်သည်။

အပေါ်ဆုံးထပ် လေးလွှာအခန်းများကို အခန်းအကျယ်အ၀န်းပေါ် မူတည်ပြီး ကျပ် ၉၈ သိန်းနှင့် ကျပ် ၁၀၇ သိန်းနှုန်းဖြင့် ရောင်း ချပေးသွားမည်ဖြစ်သည်။

အမှန်တကယ် ၀ယ်ယူလိုသူများကိုသာ ရောင်းချသွားမည် ဖြစ်ပြီး တစ်ဆင့်ပြန်လည်ရောင်းချခြင်းများကို စစ်ဆေးတွေ့ရှိပါက တိုက်ခန်းဝယ်ယူခွင့်ကို ပယ်ဖျက်သွားမည်ဖြစ်သည့်အပြင် နိုင်ငံတော်မှ
ရောင်းချမည့် တိုက်ခန်းများ ၀ယ်ယူခွင့်ကို လည်း ပိတ်ပင်တားဆီးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့်
အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ စည်း မျဉ်း စည်းကမ်းများတွင် ကြေညာထားသည်။

"အခုစီမံကိန်းအပြင် ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအခန်းပေါင်း ၈,၀၀၀ ကို ဆောက်ဖို့
ကြေညာထားပြီးပါပြီ။ တင်ဒါခေါ်ဖို့ မြေနေရာကိစ္စတွေ စီစဉ်နေပါတယ်။ ဘဏ္ဍာ နှစ်ထဲမှာပဲ
တန်ဖိုးနည်း၊ တန်ဖိုးမျှတ တိုက်ခန်း ပေါင်း ၁၅,၀၀၀ ကနေ ၂၀,၀၀၀ လောက် အထိဆောက်ဖို့
အစီအစဉ်ရှိပါတယ်"ဟု ၎င်းက ဆက်လက်ပြောသည်။ တန်ဖိုးနည်းအိမ်ရာစီမံကိန်း သုံးခုမှ
အခန်းပေါင်း ၂,၂၀၈ ခန်းအနက် ၇၀ ရာခိုင် နှုန်းဖြစ်သည့် အခန်းပေါင်း ၁,၅၄၅ ခန်းကို
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံ ခန့်ခွဲရောင်းချသွားမည်ဖြစ်ပြီး ကျန်ရှိသည့် ၃၀ ရာခိုင်နှုန်းမှ
အခန်းပေါင်း ၆၆၂ ခန်းကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တိုက်ရိုက်ရောင်းချသွားမည်ဖြစ်သည်။

ယခုရောင်းချမည့်အခန်းများသည် မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရောင်းချခွင့် ရှိသည့်
အခန်းများဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း၊ အငြိမ်းစားဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းနှင့် ပြည်သူဟူ၍ လျှောက်လွှာ
များကို လေးမျိုး ခွဲခြားကာ ရောင်းချ နေရာချထားပေးမည့် အစီအစဉ်လည်းဖြစ်သည်။

တန်ဖိုးနည်း တိုက်ခန်းများကို အမှန် တကယ် အိမ်ရာလိုအပ်သူများ လက်ဝယ်သို့ ရောက်ရှိစေရန်
ရည်ရွယ်ချက်ဖြင့် ဆောက် လုပ်ရောင်းချနေခြင်းဖြစ်သည့်အတွက် အိမ် ရာဝယ်ယူသူများ ၀န်ထုပ်
ဝန်ပိုး မဖြစ်ပေါ် စေရန် နှစ်ရှည် အရစ်ကျစနစ်ဖြင့် ရောင်းချ သည့်ပုံစံများ ပြောင်းလဲကျင့်သုံးနေသည်။

နိုင်ငံတော်ထံမှ အိမ်ရာများကို ၀ယ်ယူပြီး အမြတ်တင် ပြန်လည်ရောင်းချမှုများ မဖြစ် ပေါ်စေရေး
အတွက်လည်း အိမ်ရာဝယ်ယူ နေထိုင်ခွင့် ချထားပြီးပါက မြေပြင်ကွင်းဆင်း မှုများကို မကြာခဏ
ပြုလုပ်သွားမည်ဖြစ်သည်။ "အမှန်တကယ် နေမယ့်သူတွေပဲ ရစေချင် တာပါ။ ကျွန်တော်တို့က
CHDB Bankမှာ အခန်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်း သွင်းထားပြီး ဖြစ်ပါတယ်။ အမြန်ဆုံးရောင်းစေချင်ပါ
တယ်"ဟု တိုက်ခန်းဝယ်ယူခွင့် လျှောက်ထား သူ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်နေ ဒေါ်ဝင်းနန္ဒာမြင့်က
ပြောသည်။

Credit: Myanmar Times
ယုဇန၊ ကနောင်နှင့် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများကို ဇန်န၀ါရီလအတွင်း ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...
တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...
အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်ကြေးပင်လျှင် ဒေါ်လာ ၃ ဒသမ ၅ သန်းရှိကာ ဒေါ်လာ ၆ သန်းတန် အာမခံ ထားထားသော ရွှေအိမ်သာဖြစ်...

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...
ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...
မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...
မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော
အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော
ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague
ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ
တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ
တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား
တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား
လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်
လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်
CarsDB
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service