ရန်ကုန်မြို့ ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှာ မြို့ပြစီမံကိန်းနဲ့စီးပွား
ရေးဇုန်တွေ အကောင်အထည်ဖော်ဖို့ တိုင်းအစိုးရအဖွဲ့နဲ့ဆောက် လုပ်ရေးလုပ်ငန်းရှင်တွေဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
မြို့သစ်စီမံကိန်းအကောင်အထည်ဖော်ဖို့ ရည်မှန်းထားတဲ့ အဆိုပါကြည့်မြင့်တိုင်တစ်ဖက်ကမ်းမှာ စီမံကိန်းတွေအကောင်အ
ထည် ဖော်ဖို့ တိုင်းအစိုးရအဖွဲ့နဲ့ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ
အခုလ ၁၄ ရက်နေ့မှာ တွေဆုံဆွေးနွေးခဲ့တာလည်းဖြစ်ပါတယ်။
မြေဧက ၂ သိန်းပေါ်မှာ လေယာဉ်ကွင်း၊ရေနံဆိပ်ကမ်း၊စီးပွားရေး
ဇုန်တွေကိုပါ ထည့်သွင်းအကောင်အထည်ဖော်ဖို့ရှိဖို့ရှည်မှန်းထားပြီး
မြေဧက ၂ သောင်းပေါ်မှာလည်း တန်ဖိုးနည်း၊တန်ဖိုးမျှတအိမ်ရာတွေ
ကိုပါ ထည့်သွင်းအကောင်အထည်ဖော်သွားမှာလည်းဖြစ်တယ်လို့
ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောဆိုပါတယ်။
တိုင်းအစိုးရအဖွဲ့အနေနဲ့ မြို့ပြဧရိယာတိုးချဲဖို့အတွက် ရေကြောင်း
ထွက်ပေါက်ရှိတဲ့ ကြည်မြင်တိုင်၊ဒလ၊တွံတေးနဲ့ ကွမ်းခြံကုန်မြို့
နယ်တွေမှာ စီမံကိန်းတွေဦးစားပေးအကောင်အထည်ဖော်ဖို့ စဉ်းစားထားတာဖြစ်ပြီး ဘက်စုံစီမံကိန်းတွေအဖြင့် အကောင်အထည် ဖော်သွားမှာလည်းဖြစ်ပါတယ်။
စီမံကိန်းတွေအကောင်အထည်ဖော်ရာမှာလည်း တိုင်းအစိုးရအနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအပြင် ဆိုင်ရာနယ်ပယ်အ သီးသီးက စီးပွားရေးရေးလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းအကောင်အထည်ဖော်သွားမှာလည်းဖြစ်ပြီး မြို့ပြစီမံ
ကိန်းနဲ့အတူ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုကိုပါ ရည်ရွယ်အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့လည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ ပြဌာနတာဝန်ရှိသူတွေကလည်းပြောဆိုထားပါတယ်။
Credit: SFJ Strategy First