ပြင်ပငွေကြေးဈေးကွက် တွင် အမေရိကန်ဒေါ်လာတန်ဖိုး သည် တစ်ရက်အတွင်း တစ်ဒေါ် လာလျှင် ၃၅ ကျပ်ခန့် အတက် အကျဖြစ်နေကြောင်း သတင်းရရှိ သည်။
ပြင်ပငွေကြေးဈေးကွက် ၌ ဒီဇင်ဘာ ၂၀ ရက် နံနက် ဈေးဖွင့်ချိန်တွင် အမေရိကန်ဒေါ် လာတန်ဖိုးသည် ၁,၃၆၀ ကျပ် အထိ ကျဆင်းခဲ့ပြီး ညနေ၌ ၁,၃၉၅ ကျပ်သို့ ပြန်လည်မြင့် တက်လာသည်။ တစ်ရက်အတွင်း ငွေဈေးအပြောင်းအလဲများရခြင်း သည် စင်ကာပူနိုင်ငံသို့ ငွေလွှဲပို့မှု များခြင်းကြောင့်ဟု ပြင်ပငွေကြေး ဈေးကွက်တွင် ဝန်ဆောင်မှုလုပ် ကိုင်နေသူတစ်ဦးက ပြောသည်။
စင်ကာပူနိုင်ငံသို့ ငွေလွှဲ သည့် ဒေါ်လာတန်ဖိုးသည် တစ် ဒေါ်လာလျှင် ၁,၄၀၈ ကျပ်ဖြစ် ကြောင်း ၎င်းက ဆိုသည်။
‘‘ငွေလဲနှုန်းက နာရီပိုင်းအတွင်း အတက်၊အကျအရမ်းမြန်နေ တော့ ဘာမှလုပ်မရဘူး’’ဟု ပြည်ပသို့ ဆန်တင်ပို့ရောင်းချနေသည့် ကုန်သည်တစ်ဦးက ပြောသည်။
ငွေဈေးအတက်၊အကျ အ ပြောင်းအလဲများခြင်းကြောင့် ပို့ ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များ ယခုရက်တွင် လုပ်ငန်းလုပ်ရန် အ ခက်အခဲဖြစ်နေရသည်ဟု ၎င်းက ဆိုသည်။
နာရီပိုင်းအတွင်း ဒေါ်လာ တန်ဖိုးအပြောင်းအလဲကြောင့် ဆုံးရှုံးမှုများရှိနေကြောင်း သိရ သည်။
ပြည်ပဘဏ်များတွင် ငွေ စာရင်းဖွင့်လှစ်ထားမှုများကို ဗဟို ဘဏ်က စစ်ဆေးမည့် အစီအစဉ် နှင့် တစ်ဦးချင်း ကားတင်သွင်းသူ များက အမေရိကန်ဒေါ်လာကို ပြင်ပဈေးကွက်သို့ ပြန်လည် ရောင်းချမှုများကြောင့် ဒီဇင်ဘာ ၁၉ ရက်က တစ်ဒေါ်လာလျှင် ၄၀ ကျပ်အထိ ရုတ်တရက်ကျဆင်း သွားကြောင်း သတင်းရရှိသည်။
ပြင်ပငွေကြေး ဈေးကွက်၌ အမေရိကန်ဒေါ်လာတန်ဖိုးသည် ဒီဇင်ဘာ ၁၉ ရက် နံနက်တွင် တစ် ဒေါ်လာလျှင် ၁,၄၂၀ ကျပ်မှ ညနေတွင် ဝယ်ဈေး ၁,၃၇၀ ကျပ်၊ ရောင်းဈေး ၁,၃၈၀ ကျပ်သို့ ကျ ဆင်းလာသည်ဟု ပြင်ပငွေလဲဝန် ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။
Credit: 7DayDaily