မြင့်သထက်မြင့်ဆဲ မန္တလေး အိမ်၊ ခြံ၊ မြေ

မြင့်သထက်မြင့်ဆဲ မန္တလေး အိမ်၊ ခြံ၊ မြေ - Property News in Myanmar from iMyanmarHouse.com
21 Dec 2016 9:43 am တွင် တင်ခဲ့သည်
2123 ကြိမ် ကြည့်ရှု့ပြီး
မြန်မာပြည် အထက်ပိုင်း၏ စီးပွားရေးမြို့တော် မန္တလေးတွင် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ခေတ်မကောင်းတော့သည်မှာ သုံးနှစ်ခန့် ရှိခဲ့ပြီ။

“အခု အနေအထားက ပိုက်ဆံရှိတဲသူက ဈေးနှိမ်ပြီး ဝယ်လို့ရတဲ့ အနေအထားပဲ၊ သူတို့က အထက်စီးကပဲ”ဟု အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် ၂၅ နှစ်ဝန်းကျင် လုပ်ကိုင်ခဲ့ပြီးသည့် ဝသုနြေ္ဒ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်မှု ဦးမျိုးမြင့်အောင်က ဆိုလေသည်။

ကျရိပ်မရှိခဲ့သည့် အိမ်၊ ခြံ၊ မြေ ဈေးမှာ ငွေရှင်ကြေးရှင်တို့အတွက် ဈေးနှုန်း သက်သာသည်ဟု ဆိုနိုင်သော်လည်း သာမန် ပြည်သူများအတွက်မူ မြင့်သထက် မြင့်မားနေဆဲ ဖြစ်သည်။

မန္တလေး၏ အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း မြေဈေး တရှိန်ထိုး တက်လာခဲ့ပြီး အရောင်းအဝယ် ကောင်းမွန်ခဲ့သော်လည်း ယင်းကာလက သုံးနှစ်ခန့်သာ ဖြစ်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် အရောင်းအဝယ်မှာ ပြန်လည်၍ ကျဆင်း ခဲ့သည်။

“လက်ရှိ အနေအထားက ကျတယ်လို့ပဲ ပြောချင်တယ်။ မြို့သစ်မှာ ၁၂၀၀ လောက်နဲ့ ရောင်းတဲ့ဟာက အခု သိန်း ၈၀၀ နဲ့ ဝယ်မယ့်သူ မရှိဘူး။ မကျပါဘူးဆိုရင်တောင် ၂၅ ရာခိုင်နှုန်းလောက် ပြုတ်ကျတယ်။ အားလုံးကျတယ်လို့တော့ မပြောလိုဘူး။ တကယ့်ကို နေရာကောင်းတဲ့ နေရာတွေ ဆိုရင်တော့ မကျဘူး”ဟု ရွှေမန္တလေး အိမ်၊ ခြံ၊ မြေ အကျိုးဆောင်မှ ဦးနေလင်းအောင်က ဆိုသည်။

ပြန်မရနိုင်တော့သည့် နေရာများ၊ ဥပမာ အဓိက လမ်းမကြီးများနှင့် မြေကွက်ကျယ်များဆိုလျှင် ဈေးခိုင်မာကြောင်း၊ ၂၆ ဘီလမ်းပေါ် ကျုံးအနီးတွင် ရှေ့မျက်နှာစာ ပေ ၁၀၀၊ နောက်အရှည် ပေ ၂၀၀ ကျယ်သည့် မြေကွက်များ မရှိတော့ သလောက်ဖြစ်ကာ ယင်းမြေကွက်မျိုးများ ဆိုလျှင်တော့ ရောင်းသူ တောင်းသည့်ဈေးကို ပေးတတ်ကြကြောင်း ၎င်းဟက ပြောပြသည်။

“နိုင်ငံခြားက (ရင်းနှီးမြှုပ်နှံမှုတွေ) လာမယ်ဆိုရင်လည်း မိန်းလမ်းမကြီးမှာ လာမယ်။ ခုနပြောတဲ့ မြေကွက်ကျယ်တွေမှာ လာမယ်။ သူတို့ ရှော့ပင်းစင်တာကြီးတွေ ဆောက်မယ်။ ကားပါကင်တွေ ရှိရမယ်။ လူမြင်တဲ့နေရာ ဖြစ်ရမယ်။ မြေကွက် ကျယ်မယ်။ မိန်းပေါ် တင်မယ်ဆိုရင်တော့ ကျဈေး မရှိဘူး။ တက်ဈေးပဲ ရှိတယ်။ ကျန်တဲ့ ဟာတွေကတော့ ရွေးချယ်ခွင့် ရှိသရွေ့ ကျနေဦးမှာပဲ”ဟု ဦးနေလင်းအောင်က ရှင်းပြသည်။

ရွေးချယ်ခွင့် ရှိသည့် မြေကွက်များ ဆိုသည်က ပေ ၄၀ x ၆၀ ပုံစံများဖြစ်ပြီး ထိုမြေကွက်များက မည်သည့်နေရာဖြစ်စေ အလွယ်တကူ ဝယ်ယူနိုင်သည့်အတွက် ဈေးကစားမှုကို ခံရခြင်းဟု ၎င်းကဆိုသည်။

အိမ်၊ ခြံ၊ မြေ ဈေးကွက် အဘယ့်ကြောင့် အေးရသနည်း။ မန္တလေးမြို့သည် ကျောက်လောကသားများ၊ သစ်သမားများ၊ စိုက်ပျိုးရေးသမားများ၊ သတ္တု တူးဖော်သူများ စသည့် စီးပွားရေး လောကသားများ စုဝေးရာ နေရာ ဖြစ်သည်။ မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သည့်လုပ်ငန်း လုပ်ကိုင်နေသူများ ရှိသည်။ ယခင်အစိုးရ လက်ထက်က ငွေမည်း ပိုင်ဆိုင်သူ များစွာ ရှိခဲ့သည်။ ထိုငွေမည်းများကို ခဝါချနိုင်ရန်အတွက် မြေဈေးကစား၍ ဝယ်ကြသည်။ အခွန်နှုန်းထား မည်မျှများစေကာမူ ဆောင်နိုင်ကြသည်။ ထို့ကြောင့် မြေဈေး များတက်လာခြင်း ဖြစ်သည်။

“သူတို့က ပြန်ရောင်းပြီဆိုရင် ၁၀ ရာခိုင်နှုန်း ပြန်ဆောင်တယ်ဆိုရင် သူတို့က အော်တို ငွေဖြူ ဖြစ်သွားပြီ။ အခုက အဲဒီ လုပ်ငန်းတွေ အကုန်လုံးက ရပ်သလောက် ဖြစ်သွားပြီ။ ကျောက်ဆိုလည်း ဈေးကွက်က ပျက်သလောက် ဖြစ်နေတာ လူတိုင်း သိတယ်။ သစ်ကလည်း အဆင် မပြေတော့ဘူး။ အစိုးရ အာဏာပိုင် အဖွဲ့အစည်းကလည်း ချိန်းလိုက်ပြီဆိုတော့ အရင်လို မဟုတ်တော့တဲ့ အခါကျတော့ ငွေမည်းကလည်း တို့ဆီမှာ မဝင်လာတော့ဘူး။ မူးယစ်ဆေးဝါးကလည်း နိုင်ငံတော်က ကြပ်မတ် လုပ်ဆောင်နေတော့ ငွေမည်းက သိပ်မထွက်လာတော့ဘူး။ နောက်ပြီးတော့ ကောက်ပဲ သီးနှံသမားတွေ ဘက်မှာလည်း အလိမ်အညာတွေက တအား များနေတယ်။ အဲဒီ အကြောင်းတွေကြောင့် အိမ်၊ ခြံ၊ မြေ ဈေးကွက်ကို အေးစေတယ်”ဟု ရွှေမန္တလေး အိမ်၊ ခြံ၊ မြေအကျိုးဆောင် ကုမ္ပဏီမှ ဦးနေလင်းအောင်က ရှင်းပြသည်။

အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ဆိုသည်က လုပ်ငန်းတိုးချဲ့မှ ဝယ်ယူကြခြင်း ဖြစ်ပြီး နေထိုင်ရန် နေအိမ်မှာမူ (စီးပွားရေး လုပ်ငန်းရှင်များအတွက်) ရှိနှင့်ပြီးသား ဖြစ်၍ လက်ရှိတွင် မြေကို မည်သူမျှ မဝယ်ရဲကြသေးကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးတော်ဆောင်များက တူညီစွာ ဆိုကြသည်။

“၂၀၁၀ တုန်းကလို ဟော့ဖို့ မဖြစ်နိုင်တော့ဘူး။ ပေါက်ဈေးရဲ့ သုံးပုံ တစ်ပုံလောက် လျော့ပြီးတော့ ရောင်းနေရတယ်။ ဒါပေမဲ့ လျော့တိုင်းလည်း မသွက်ဘူး”ဟု လက်ရှိ မန္တလေး၏ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် အနေအထားက ဦးမျိုးမြင့်အောင် (ဝသုနြေ္ဒ အိမ်ခြံမြေ အကျိုးဆောင်) က ပြောပြသည်။

၂၀၁၆ ခုနှစ် ပြည်ထောင်စု အခွန်အကောက် ဥပဒေအရ ဝင်ငွေရလမ်း မဖော်ပြနိုင်လျှင် ယင်းဝင်ငွေ၏ ၃၀ ရာခိုင်နှုန်းကို ကောက်ခံရမည်ဟု ဆိုထားသည်။

နိုင်ငံသား မည်သူမဆို အခြေပစ္စည်း တစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ် တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံ တိုးချဲ့ ဆောင်ရွက်ခြင်းတို့အတွက် အသုံးပြုသည့် ဝင်ငွေမှ ဝင်ငွေရလမ်းတင်ပြနိုင်သည့် ဝင်ငွေရှိပါက ယင်းဝင်ငွေအား နုတ်ပယ်ပြီး ကျန် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေ အပေါ်တွင်လည်းကောင်း၊ ဝင်ငွေရလမ်း တင်ပြနိုင်ခြင်း မရှိပါက အသုံးပြုသည့် ဝင်ငွေအပေါ်တွင်လည်းကောင်း သတ်မှတ် အခွန်နှုန်းထားအတိုင်း ဝင်ငွေခွန် စည်းကြပ်ရမည်ဟု ယင်းဥပဒေ ပုဒ်မ ၂၄ တွင် ပြဋ္ဌာန်းထားသည်။

သတ်မှတ်နှုန်းထားအရ ဝင်ငွေရ လမ်း မဖော်ပြနိုင်သည့်ငွေ(ငွေမည်း) ဖြစ်ပါက ကျပ်သိန်း ၃၀၀ ထိဆိုလျှင် ဝင်ငွေခွန် ၁၃ ရာခိုင်နှုန်း၊ ကျပ်သိန်း တစ်ထောင်အထိဆိုလျှင် ဝင်ငွေခွန် ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း တစ်ထောင်အထက် ဆိုလျှင် ၃၀ ရာခိုင်နှုန်းဟု သတ်မှတ်ထားသည်။

၂၀၁၄ ခုနှစ်ကမူ ကျပ်သိန်း ၅၀၀ အထိဆိုလျှင် ၃ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၅၀၀ အထိဆိုလျှင် ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀၀ အထိဆိုလျှင် ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀၀ အထက်ဆိုလျှင် ၃၀ ရာခိုင်နှုန်းဟု သတ်မှတ်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ဝင်ငွေ ကျပ်သိန်း တစ်ထောင်အထိဆိုလျှင် ၃ ရာခိုင်နှုန်း၊ ကျပ်သိန်း ၅၀၀၀ အထိဆိုလျှင် ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း တစ်သောင်းထိဆိုလျှင် ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း တစ်သောင်းခွဲထိဆိုလျှင် ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း တစ်သောင်းခွဲနှင့် အထက်ဆိုလျှင် ၃၀ ရာခိုင်နှုန်းဟူ၍ အသီးသီး သတ်မှတ်ခဲ့သည်။

နှစ်အလိုက် ဝင်ငွေခွန်ပေးဆောင်ရမည့်နှုန်းကို သတ်မှတ်ခဲ့ရာတွင် ၂၀၁၆ ခုနှစ်တွင် သတ်မှတ်ခဲ့သည့် နှုန်းထားအရ ပေးဆောင်ရမည့် အခွန်နှုန်းထား မြင့်မားနေခြင်းကြောင့်လည်း အရောင်းအဝယ် အေးခဲ့ခြင်းဖြစ်ကြောင်း အကျိုးဆောင်တို့က ဆိုသည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်ကတည်းကပင် ရောင်းတဲ့သူနှင့် ဝယ်သည့်သူပါ အခွန်ဆောင်ကြရပြီး ရောင်းသူမှာ ၁၀ ရာခိုင်နှုန်းပင် ဆောင်ကြရကြောင်း။ ထိုသို့ ဆောင်ပြီးလျှင် နောက်ထပ် ဝယ်ယူသည့်အခါ ငွေဖြူဖြစ်သည့်အတွက် အခွန်ဆောင်စရာ မလိုတော့သဖြင့် ဝယ်သူတို့က ဆောင်ကြကြောင်း၊ သို့သော် တော်တော်များများမှာ မသိသည့်အတွက် မဆောင်ကြကြောင်း အကျိုးဆောင် တစ်ဦးက ပြောသည်။

“ဥပမာ အမွေဆိုင်အိမ်ကို သိန်း ၁၀၀၀ နဲ့ ရောင်းတယ်။ တစ်ယောက်ကို ၂၀၀ စီနဲ့ အမွေတွေ ခွဲကြတယ်။ အိမ်ပေါက်စတွေ ဝယ်လိုက်တယ်။ အလှူတွေ လှူ၊ ကားတွေ၊ ဆိုင်ကယ်တွေ စီးကြတယ်။ အခွန်ကျတော့ မဆောင်ချင်ကြတော့ဘူး။ တော်တော်များများက မြို့သစ်တွေမှာ ဒီပုံစံအတိုင်းတွေ ဖြစ်ကုန်တယ်”ဟု ၎င်းက ဆိုလေသည်။

အခွန် မဆောင်ချင်သဖြင့် မြေစာရင်း ရုံးသို့သွားကာ ပါဝါလွှဲလျှင် ကျပ်လေး ငါးသောင်းဖြင့် ပြီးစီးနိုင်ပြီး အခွန်ဆောင်မည်ဆိုပါက ကျပ်သိန်း ဆယ်ချီ၊ ရာချီ ကုန်ကျ မည်ဖြစ်၍ အခွန် မဆောင်ကြခြင်း ဖြစ်ကြောင်း၊ မိမိ ဝယ်ယူလိုက်သည့် ပစ္စည်းအတွက် ပိုင်ဆိုင်မှုမှာ အခွန်ဆောင်ပြီး အမည်ပေါက်မှသာ ပိုင်ဆိုင်မှု အပြည့်အဝ ရခြင်းဖြစ်သည်ကို နားလည်သူ နည်းပါးကြောင်း ဦးနေလင်းအောင်က ဆိုသည်။

“အကောင်းဆုံး အကြံဉာဏ် ပေးချင်တာကတော့ အခွန်သာ ဆောင်လိုက်ပါ။ ဒီအခွန်မှာ နိုင်ငံတော်က အများပြည်သူ အကျိုးပြု လုပ်ငန်းတွေမှာ ပြန်အသုံးချရတာ။ အကျိုးဆောင် တစ်ယောက် အနေနဲ့ အခွန်ကို ဆောင်စေချင်တယ်။ ပိုင်ဆိုင်မှုလည်း ပြည့်ပြည့်ဝဝ ရတယ်”ဟု ၎င်းက တိုက်တွန်း ပြောဆိုသည်။

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အိမ်၊ ခြံ၊ မြေ အခွန် ၃၈ ဘီလီယံကျော်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၇၆ ဘီလီယံကျော် ရရှိခဲ့ပြီး ယခု ဘဏ္ဍာနှစ်အတွက် ၁၆ ဘီလီယံကျော် ရရှိထားကြောင်း တိုင်းဒေသကြီး ပြည်တွင်း အခွန်များ ဦးစီးဌာနထံမှ သိရှိရသည်။

မန္တလေးမြို့တော်တွင် မြေကွက်ပေါင်း ရှစ်သောင်းကျော်ရှိပြီး လစဉ် အကွက်ပေါင်း ၁၀၀ မှ ၂၀၀ အတွင်း အရောင်းအဝယ် ပြုလုပ်မှုများ ရှိနေသော်လည်း အခွန်ဆောင်သူ နည်းပါးကြောင်း၊ လက်ရှိ အရောင်းအဝယ်၏ ၅ ရာခိုင်နှုန်းကိုသာ အခွန် ပေးနေကြသည်ဟု ဆိုနိုင်ကြောင်း ဝသုနြေ္ဒအိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဦးမျိုးမြင့်အောင်က သုံးသပ် ပြောဆိုသည်။

အခွန်နှုန်းထား မြင့်မားသဖြင့် အရောင်းအဝယ် ဈေးကွက်ကို ထိခိုက်မှုများ ရှိလာသည်ဟု ဆိုကြသော်လည်း ယင်းအချက် တစ်ခုတည်းသာ မဟုတ်၊ အထက်တွင် ဆိုခဲ့ပြီးသည့် လုပ်ငန်းရှင်ကြီး၏ စီးပွားရေး အနေအထားနှင့်သာ သက်ဆိုင်သည်ဟု ဝါရင့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တို့က ဆိုကြသည်။

“အစိုးရကတော့ အခွန်တစ်ခုနဲ့ မြေဈေးကို (ကျဆင်းအောင်) ဖိတဲ့သဘောပေါ့။ သူတို့ရည်ရွယ်ချက် အောင်မြင်သလားဆိုရင်တော့ အောင်မြင်တယ်လို့ပဲ ပြောရမှာပေါ့။ အထိုက်အလျောက်တော့ အောင်မြင်တယ်ပေါ့။ နဂိုကတည်းက စီးပွားရေး အနေအထားလည်း ရှိတော့ အစိုးရ မလုပ်ခင်ကတည်းကိုက ဒီဟာက ကျချင်ချင် ဖြစ်နေတာ။ နဂိုတည်းက အရောင်းအဝယ်က အေးတာ၊ အခွန်စံနှုန်းရဲ့ ပြစ်ချက် တစ်ခုတည်းတော့ မဟုတ်ဘူး”ဟု အကျိုးဆောင်သက် နှစ် ၃၀ ဝန်းကျင်ရှိပြီဖြစ်သည့် ဦးနေလင်းအောင်က သူ့အမြင်ကို ပြောဆိုသည်။

အစိုးရဟောင်း လက်ထက်ကတည်း က အနိမ့်ပိုင်းသို့ ရောက်လာသည့် ဈေးကွက်မှာ လက်ရှိ အစိုးရသစ်လက်ထက် ဆက်လက် ကျဆင်းနေကြောင်း အကျိုးဆောင် အသိုင်းအဝိုင်းမှ သိရှိရသည်။

၂၀၁၇ ခုနှစ် ပထမလေးလအတွင်း ထိလည်း ဈေးကွက်မှာ အတက်ပိုင်းသို့ မမြင်ရသေးဘဲ လက်ရှိ အတိုင်းသာ ဖြစ်နိုင်သေးကြောင်း ဦးနေလင်းအောင်က သုံးသပ်သည်။

မြေဈေးမှာ အခွန်၊ ကျူးကဲ့သို့သော အရှုပ်အရှင်း၊ ဂရန်အတုကဲ့သို့သော ပြဿနာများကြောင်း ကောင်းလာရန် မရှိသေးကြောင်း၊ မြေပွဲစား တစ်ယောက်ဖြစ်သော်လည်း မြေဈေး ကြီးမြင့်သည်ကို မကြိုက်ကြောင်း ဦးမျိုးမြင့်အောင်က ဆိုသည်။

“လူတန်းစားအားလုံး ဝယ်နိုင်မှ ဈေးကွက် ကောင်းတယ်လို့ ပြောရမယ်။ တည်ငြိမ်တဲ့ ဈေးနှုန်းနဲ့ အရောင်းအဝယ် လုပ်ချင်ပါတယ်။ လုပ်ကြံပြီး ဈေးတက်တာ၊ ဈေးကွက် အတုအယောင်နဲ့ ဈေးကြီးမြင့်တာမျိုး မလိုချင်ပါဘူး”ဟု ၎င်းက သူ၏ ဆန္ဒကို ပြောဆိုလေသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...
တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...
အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်ကြေးပင်လျှင် ဒေါ်လာ ၃ ဒသမ ၅ သန်းရှိကာ ဒေါ်လာ ၆ သန်းတန် အာမခံ ထားထားသော ရွှေအိမ်သာဖြစ်...

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...
ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...
မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...
မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ
အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ
ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague
ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon
တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော
အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်
ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်
Maha Nadi Condominium
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service