အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းများ မြင့်တက်သွားရာ လာမည့် ၆ လမှ ၉ လအထိ အတိုးနှုန်းများပြန်လည် မဖြစ်မီကာလအတွင်း ဟောင်ကောင်အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းနေဖွယ်ရှိကြောင်း ဟောင်ကောင်အခြေစိုက်
သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
ဟောင်ကောင်ငွေကြေးအာဏာပိုင်အဖွဲ့သည်လည်း အတိုးနှုန်းများကို အမေရိကန်နှင့်ပမာဏတူမြှင့်တင်ခဲ့ရာ ယခင် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ နောက်ပိုင်း ပထမဆုံးအကြိမ်လည်း ဖြစ်သည်။
“ကျွန်တော်တို့ မေးရမယ့်မေးခွန်းက ဘယ်အချိန်မှာ ဟောင်ကောင်ဘဏ်တိုးနှုန်း ပုံမှန်ပြန်ဖြစ်မလဲဆိုတာပါပဲ” ဟု Colliers International မှ အာရှသုတေသနအမှုဆောင်ညွှန်ကြားရေးမှူး အင်ဒရူး ဟတ်စ်ကင်က ပြောကြားသည်။
ဟောင်ကောင်သည်အာရှတွင် ငွေကြေးဆိုင်ရာ ပြောင်းလဲပြင်လွယ်
အခြေအနေ အကောင်းမွန်ဆုံးနိုင်ငံတစ်ခုဖြစ်သည်။
အမေရိကန်ဘဏ်တိုးနှုန်းမြင့်တက်မှုမှာ တဖြည်းဖြည်းချင်း မြင့်တက်လာမှုဖြစ်ပြီး ဟောင်ကောင်၏
ငွေကြေးဖောင်းပွခြင်းမှာမူ ကိန်းသေဖြစ်လျက်ရှိနေသည်။
ဟောင်ကောင်ဘဏ်တိုးနှုန်းများသည် ၂၀၁၈ ခုနှစ် အစောပိုင်းမရောက်မီအထိ ပုံမြန်အနေအထားပြန်ရောက်ဖွယ်မရှိကြောင်း Colliers က ခန့်မှန်းထားသည်။
၂၀၁၈ ခုနှစ်၊ဒုတိယသုံးလပတ်အထိလည်း ရောက်ရှိသွားနိုင်သည်ဟုဆိုသည်။
လူနေခန်းသစ်ရောင်းလိုအား များပြားခြင်း၊ အိမ်ခြံမြေရောင်းဝယ်မှုတွင် တံဆိပ်ခေါင်းခွန်၁၅ရာခိုင်နှုန်းအထိ ကောက်ခံခြင်းတို့မှာ ဟောင်ကောင်
အိမ်ခြံမြေဈေးကွက် ပြန်လည်ဦးမော့လာရေးအတွက် ခြိမ်းခြောက်မှုများတွင် ပါဝင်ကြောင်း ဈေးကွက်သုတေသီတို့က ဆိုသည်။
ဘဏ်တိုးနှုန်းမြင့်တက်ပြီးနောက် အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလိုအားမှာ နှောင့်နှေးသွားမည်ဖြစ်ကြောင်း Bocom International မှ အိမ်ခြံမြေသုတေသီ အဲဖရက် လော်က ပြောကြားသည်။
လာမည့် ၂၀၁၇ ခုနှစ်တွင် ဟောင်ကောင်အိမ်ခြံမြေဈေးနှုန်းများ ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းမည်ဟုလည်း အဲဖရက်လော်က ဟောကိန်းထုတ်သည်။
“ အိမ်ခြံမြေဈေးကွက်အပေါ် အကျိုးသက်ရောက်မှုရှိတာဟာ အတိုးနှုန်းတစ်ခုတည်းသာ ရှိပါတယ်။ လူတွေဟာ အိမ်ခြံမြေ ရောင်းဖို့ ၊
ဝယ်ဖို့ ဆုံးဖြတ်တဲ့ နေရာမှာ အချက်အလက်တွေ အများကြီးအပေါ်အခြေခံပြီး ဆုံးဖြတ်လေ့ရှိကြပါတယ် ” ဟု Knight Frank မှ ဒါရိုက်တာတစ်ဦးဖြစ်သူ သောမတ်စ်လန်းက ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)