မလေးရှား developer ဖြစ်သော Selangor Dredging သည် စင်္ကာပူ ဆီရန်ကုန်လမ်းရှိ National Aerated Water ကုမ္ပဏီပိုင် မြေကွက်တစ်ခုကို ကန်ဒေါ်လာ ၄၇ သန်းဖြင့် ဝယ်ယူလိုက်ကြောင်း မလေးရှားအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါမြေကွက်မှာ ဆီရန်ကုန်လမ်း အမှတ်(၁၁၇၇) တွင် တည်ရှိပြီး အာ့ထ်ဒက်ကိုဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည့်
နှစ်ထပ်အဆောက်အအုံတစ်လုံးပါဝင်သည်။
ယင်းမြေကွက်မှာ ယခင်က စက်မှုလုပ်ငန်းသုံးမြေကွက်ဖြစ်သည်။
National Aerated Water ကုမ္ပဏီသည် အချိုရည်ပုလင်းများ
ထုတ်လုပ်သည့် စက်ရုံကို အဆိုပါမြေကွက်ပေါ်တွင် ၁၉၉၀
ပြည့်နှစ်ခန့်အထိ လည်ပတ်ခဲ့သည်။
မလေးရှား ကုမ္ပဏီသည် မြေတန်ဖိုး ၄၇ သန်းအပြင် စက်ရုံမြေမှ လူနေမြေရာအဖြစ်သို့ ပြောင်းလဲရန်နှင့် ပြုပြင်မွမ်းမံမှုများပြုလုပ်ရန် ကန်ဒေါ်လာ ၂၂ သန်းကျော် ထပ်မံကုန်ကျဖွယ်ရာရှိသည်။
ကုန်ကျစရိတ်အားလုံးအတွက် ကုမ္ပဏီပိုင်ငွေနှင့် ဘဏ်ချေးငွေတို့ဖြင့် ပေါင်းစပ်အသုံးပြုသွားမည်ဖြစ်ကြောင်း Selangor Dredging ကုမ္ပဏီက ပြောကြားသည်။
ယင်းမြေကွက်သည် ကာလန်မြစ်ကမ်းဘေးတွင် တည်ရှိပြီး မြေအကျယ်အဝန်း ၃၁၇၀၅ စတုရန်းပေရှိကာ ရုံးခန်းလူနေ အကျယ်အဝန်း ၈၈၇၇၅ စတုရန်းပေခန့် ဆောက်လုပ်နိုင်သည်။
အခန်းတစ်ခန်းလျှင် ၇၅၄ စတုရန်းပေ အကျယ်အဝန်းရှိသည့် လူနေခန်းပေါင်း ၁၁၇ ခန်းခန့် ဆောက်လုပ်နိုင်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)