ရန်ကုန်မြို့သစ်စီမံကိန်းအပါအ၀င် မြို့ပြဖွံဖြိုးတိုးတက်မှုဆိုင်ရာ
ကိစ္စရပ်များတွင် ၀ိုင်းဝန်းကူညီပေးကြပါရန် မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းအား ရန်ကုန် တိုင်းဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။
' မကြာခင် အကောင် အထည်ဖော်မဲ့ မြို့သစ်စီမံကိန်းမှာလဲ
ပါဝင်ကူညီပေးဖို့ လုပ်ငန်းရှင်တွေကိုခေါ်ပြီး ဆွေးနွေးတာပါ " ဟု ၀န်ကြီးချုပ်နှင့် တွေ့ဆုံပွဲသို့တက်ရောက်ခဲ့သည့် ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးကဆိုသည်။
အထူးသဖြင့် မြေပြင် တည်ဆောက်ရေး လုပ်ငန်းများ၊ အခြေခံ အဆောက်အအုံများ တည်ဆောက်ရာတွင် အဓိကအကူအညီပေးခြင်းနှင့် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ၀န်ကြီးချုပ်က တိုက်တွန်းခဲ့ကြောင်း ၄င်းကဆိုသည်။
မြို့သစ် စီမံကိန်းတွင် ပါဝင်မည့်တန်ဖိုးနည်းအိမ်ရာများတွင် ဆောက်လုပ်ရေး လုပ်ငန်းရှင်များက တည်ဆောက်မှုများပြုလုပ်ရန်အတွက်လည်း ဆွေးနွေးမှု အချို့ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထို့ပြင် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်းကို ပြန်လည် ပြင်ဆင်ရေးဆွဲမှုများပြုလုပ်မည်ဖြစ်သောကြောင့် အဆိုပါအင်္စိအစဉ်တွင်လည်လုပ်ငန်းရှင်များဘက်မှ လိုအပ်သည်များကို ဖြည့်စွက်ပြီးတင်ပြရန် ညှိုနှိုင်းမှု အချိုပြုလုပ်ခဲ့ကြောင်းသိရသည်.
၂၀၁၃ တွင် ရေးဆွဲခဲ့သည့် ရန်ကုန်မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းကို လက်ရှိမြို့၏ အခြေအနေနှင့်
ကိုက်ညီစေရန်ပြန်လည် ပြင်ဆင်ရေးဆွဲမည်ဖြစ်သည်။
၂၀၁၃ က ရေးဆွဲခဲ့သည့် ရန်ကုန်မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းသည် ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့် ပူးပေါင်းပြီး သုံးလ ကြာ ရေးဆွဲသောစီမံကိန်းတစ်ခုလည်းဖြစ်သည်။
အဆိုပါစီမံကိန်းသည့် တိုးပွားလာမည့် လူဦးရေအတွက် ရန်ကုန်မြို့တွင်လာမည့် ၂၀၅၀ အထိ အသုံးပြုနိုင်ရန် ရည်ရွယ်ရေး ဆွဲထားခြင်းဖြစ်သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com