မန္တလေးတိုင်းအတွင်းက လူမှုစီးပွားဖွံ့ဖြိုးပြီး မြေယာအရှုပ်အရှင်း ကင်းတဲ့ ကျေးရွာ ၂၃ ရွာကို ရွေးချယ်ထား ပြီးဖြစ်ကာ အဲသည်ရွာတွေကို မြေငှားဂရန်တွေ ထုတ်ပေးဖို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးချုပ်ကို တင်ပြထားတယ်လို့ မန္တလေးတိုင်း လုံခြုံရေးနှင့်နယ်စပ်ရေး ရာ ဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းအောင်က ပြောပါတယ်။
မြေငှားဂရန် ထုတ်ပေးဖို့ ရွေးချယ်ထားတဲ့ ကျေးရွာ ၂၃ ရွာကတော့ မရမ်းခြံ ကျေးရွာ၊ ဆည်တော်ကျေးရွာ၊ ကျွန်းတစ် ပင်ကျေးရွာ၊ ထန်းပင်ကုန်းကျေးရွာ၊ ကျောက်တိုင်ကျေးရွာ၊ ဆံညှပ်ကုန်းကျေးရွာ၊အထက်ညောင်ကုန်းရွာ၊ တောင်နောက် ကျေးရွာ၊ ဥယျာဉ်ကျေးရွာ၊ သိုက်တူးကျေး ရွာ၊ မင်းကန်ကျေးရွာ၊ ဆည်ကုန်းကျေးရွာ၊ မုံပင်လေးကျေးရွာ၊ ငှက်မင်းကုန်းကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ကြာပင်အင်းကျေးရွာ၊ ကန်ဆွယ်ကျေးရွာ၊ သာပေါင်းကျေးရွာ၊ နိဗ္ဗူတာကျေးရွာ၊ မကျီးကုန်းကျေးရွာ၊ ဇလုပ်မကျေးရွာ၊ သူတောင်းတည်ကျေးရွာ နဲ့ဖိုးစုကျေးရွာတို့ ဖြစ်တယ်လို့သိရပါတယ်။
“ကျေးရွာ မြေငှားဂရန်ထုတ်ပေးဖို့အတွက် ခရိုင်၊ မြို့နယ်ထွေအုပ်က လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ပြီး မြေယာ အရှုပ်အရှင်း ကင်းတဲ့အပြင် သတ်မှတ်ထားရှိတဲ့ စီမံ ချက်ကာလအတွင်းမှာ ရာနှုန်းပြည့် ခွင့် ပြု ထုတ်ပေးနိုင်တဲ့ အိမ်ခြေအရေအတွက် ပေါ်မူတည်ပြီး ရွေးချယ်တင်ပြလာတဲ့အပေါ် အုပ်ချုပ်ရေးဦးစီးဌာန ရုံးချုပ်ကိုတင်ပြ ပြီး စီမံချက်ချမှတ်ပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်”လို့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းအောင်က ပြောပါတယ်။
မန္တလေးတိုင်းအတွင်းက ကျေးရွာတွေ မြေငှားဂရန်ထုတ်ပေးရေးနဲ့ပတ်သက် ပြီး ၂၀၁၅ ခုနှစ်တုန်းကလည်း တစ်ကြိမ် ထုတ်ပေးပြီးဖြစ်ကာ အစိုးရသစ်လက်ထက် ရက် ၁၀ဝ စီမံကိန်းအတွင်းမှာလည်း တစ်ကြိမ်ထုတ်ပေးပြီး ဖြစ်တယ်လို့ သိရပါတယ်။
Credit: The Kumudra