မြန်မာနိုင်ငံတွင် အိမ်ဝယ်လိုသူများအား ငွေချေးပေးနေရာတွင် ကာလတို သာ ငွေချေးပေးနိုင်သောကြောင့် ကာလရှည် ငွေချေးပေးနိုင်ရန် လုပ်ဆောင်သင့်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များကပြောသည်။
ထို့ကြောင့် ကာလရှည် နှစ် ၂၀ နှစ် ၃၀ အထိ အိမ်ရာဝယ်ယူ ရန် ချေးငွေများထုတ်ချေးနိုင်ရန် ဗဟိုဘဏ်နှင့် ဆွေးနွေးမှုအချို့ ပြုလုပ်ပြီး လုပ်ငန်းရှင်များ ပူးပေါင်းဖြေရှင်း သင့်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များကတိုက်တွန်းကြသည်။
မြန်မာနိုင်ငံတွင် အိမ်ရာဝယ် ယူရန် ချေးငွေထုတ်ချေးရာ၌ ကာ လတိုချေးငွေသာ ထုတ်ချေးနိုင်ပြီး ကာလရှည်ချေးငွေ ၀န်ဆောင်မှု မပေးနိုင်သေးကြောင်း ဧဒင် ကုမ္ပဏီ အုပ်စုမှ ဒါရိုက်တာ တစ်ဦးဖြစ်သူ ကိုရဲမင်းအောင်ကဆိုသည်။
" တစ်ခု နှစ်ခုထဲနဲ့တော့ လုပ်လို့ မရဘူး အားလုံး ၀ိုင်းလုပ်မှ ရမှာ " ဟု ကိုရဲမင်းအောင်ကဆိုသည်။
ထို့ကြောင့်ပြည်တွင်းမှ ဘဏ်များ အားလုံး ပူးပေါင်းပြီး အိမ်ရာ ၀ယ်ယူလိုသူများကို အပေါင်ပစ္စည်းတစ်စုံတစ်ရာ မယူဘဲ ကာလရှည် ငွေချေး သည့်ပုံစံမျိုးကို လုပ်ဆောင်သင့်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင် အချို့ကဆိုသည်.
" တိုက်ခန်းဈေးကိုတော့ ဒီ့ထက် လျှော့ချလို့မရတော့ဘူး ပြည်သူတွေကိုဝင်ငွေတိုးလာအောင် လုပ်ပေးမှပဲ ရမယ်ဒါ့အပြင်
အိမ်ဝယ် ဖို့ ငွေချေး ပေးနိုင်ရင်အားလုံးအဆင်ပြေသွားမှာပါ " ဟု ဓန ဆောက်လုပ်ရေးလုပ်ငန်းရှုင်ကပြောသည်။
ထိုသို့ ဈေးကွက် အတွင်းချေးငွေများဖြင့် တိုက်ခန်းများ ၀ယ်ယူမှုများပြာလာပါက ကျဆင်းနေသော အိမ်ခြံမြေ ဈေးကွက်မှာလည်း ပြန်လည် လှုပ်ရှားလာနိုင်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးကဆိုသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com