လူနေအိမ်ခန်း နဲ့ ရုံးခန်းပုံစံနှစ်မျိုးအသုံးပြုနိုင်တဲ့ ဆိုဟို (SohoType) ဒီဇိုင်းတွေနဲ့ဆောက်လုပ်အကောင်အထည်ဖော်ထားတဲ့ Spring line ကွန်ဒိုကို VIP ကတ် စနစ်ဝယ်ယူနိုင်ဖို့ စာရင်းပေးသွင်းနိုင်ပြီဖြစ် တယ်လို့ သိရပါတယ်။
‘ကွန်ဒိုရဲ့ထူးခြားချက်က ဝယ်ယူချင်သူတွေကိုယ်တိုင်လေ့လာပြီးဝယ်ယူနိုင်တယ်၊ ကိုယ်ကြိုက်တဲ့အခန်းကိုဆောက်ထားတဲ့ အဆောက်အအုံကိုကြည့်နိုင်တော့စိတ်ချရတယ်၊ အခန်းတွေကို အ ကြမ်းထည်ပြီးမှ အရောင်းဖွင့်လို့ တည်ဆောက်ချိန်ကိုစောင့်ရတာနည်းသွားတယ်လို့ Sale& Marketing Director ကိုကျော်ဇင်အောင်က ပြောပါတယ်။
စီမံကိန်းကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလကစတင်တည်ဆောက်ခဲ့တာဖြစ်ပြီး လာမယ့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလအတွင်း အခန်းအပ်နှံမှာဖြစ်ပါတယ်။ ကွန်ဒိုကတော့ ၂၄ ထပ်အမြင့်ရှိတဲ့ ကွန်ဒိုလေးလုံးနဲ့ စီးပွားရေးလုပ်ငန်းသုံး အဆောက်အအုံ တစ်လုံးပါဝင်ပါတယ်။ မြေဧက ၂.၂ ကျယ်ဝန်းတဲ့ ဘိုးဘွားပိုင်မြေပေါ်မှာ ရွှေအုတ်ခဲဆောက်လုပ်ရေးကုမ္မဏီက လက်ရှိဆောက်လုပ် အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။
ကွန်ဒိုမှာပါဝင်တဲ့ဝန်ဆောင်မှုတွေကတော့ ရေကူးကန်၊ အားကစားခန်းမ၊ စာကြည့်တိုက်၊ ကလေးကစားကွင်း၊ အပေါ်ဆုံးထပ်မှာ သီးသန့်နားနေနိုင်တဲ့နေရာတွေ၊ ဟိုတယ်၊ ရှော့ပင်းမောနဲ့ ၂၄ နာရီဈေးဆိုင်ခန်းစတာတွေပါဝင်ပါ တယ်။ နိုင်ငံခြားသားဝယ်ယူချင်သူတွေကိုလည်း အစိုးရပြဋ္ဌာန်းထားတဲ့ ကွန်ဒိုဥပဒေနဲ့အညီရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
စီမံကိန်းကတော့ အင်းစိန်မြို့နယ်ကမ်းနားအလယ်ရပ်ကွက်၊ လှိုင်မြစ်လမ်း အမှတ် ၄၁၆ မှာတည်ရှိပြီး အခန်းတွေကို ငလျင်ဒဏ် ရှစ်ရစ်ခ်ျစတာစကေးခံနိုင်အောင်တည်ဆောက်ထားပြီးစင် ကာပူနည်းပညာနဲ့ ဒီဇိုင်းရေးဆွဲထားပါ တယ်။
Credit: The Kumudra