ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် မြေကွက်တွေနဲ့ တိုက်ခန်းတွေ ရောင်းချရန် မရှိတော့လို့ လာမယ့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် စည်ပင်ကဝင်ငွေလျော့နည်းမှာ ဖြစ်တယ်လို့သည်လ ၁၆ ရက်နေ့က ကျင်း ပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။
လာမယ့်၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မှာ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ကော်မတီက သာမန်ရငွေ ကျပ် ၇၉၇.၇၀၇ သန်းနဲ့ ငွေလုံးငွေရင်း ရငွေ ၂၅.၉၂၅ ဘီလျံဟာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ရ ငွေထက် လျော့နည်းခဲ့ပါတယ်။
ငွေလုံးငွေရင်းရငွေ အဓိက လျော့နည်းရတာက ပြီးခဲ့တဲ့ တိုက်ခန်းရောင်းရ ငွေကျပ် ၁၆့၅၇၅ ဘီလျံ၊ မြေကွက်ရောင်းရငွေ ဝ.၈၁၅ ဘီလျံ၊ မတည် အသုံးစရိတ် ငွေပင်ငွေရင်း ရရှိငွေ ၁.၃၀ဝ ဘီလျံ၊ ပြည်ပ အကူအညီရငွေ (OTA) ကျပ် ၁.၁၇ ဘီလျံ၊ ပစ္စည်းဟောင်းရငွေ ကျပ် ၆၃.၅၀ဝ သန်း လာမယ့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်မှာ လျော့ နည်းရရှိတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က “ဝင်ငွေ လျော့နည်းရတာက မြေကွက်တွေ ရောင်းချရန် မရှိတော့တဲ့အတွက် မြေကွက် ရောင်းရငွေ လျော့နည်းတာ၊ ပြည်ပအကူအညီနဲ့ ဆောင်ရွက်တဲ့ လုပ်ငန်းတွေက ပြီးစီးနေပြီး ဖြစ်တဲ့အတွက် လာမယ့် ၂၀၁၇-၂၀၁၈ မှာ ပြည်ပအကူအညီရ ငွေမရှိလို့ ဝင်ငွေ လျော့နည်း သွားတာ ဖြစ်တယ်”လို့ ရှင်း ပြပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှာ လာမယ့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ အိမ်ရာ စီမံကိန်း တစ်ခုသာ တည်ဆောက်မှာ ဖြစ်ပြီး မြေကွက် နဲ့ ပြီး ခဲ့တဲ့ ၂၀၁၅-၂၀၁၆ က စတင်ပြီး စည်ပင်သာယာ ရောင်းချတဲ့ အိမ်ရာ စီမံကိန်း တိုက်ခန်းတွေမှာ ရောင်းရန် ကျန်နေတဲ့ တိုက်ခန်းတွေက ရရှိမယ့် ဝင်ငွေနဲ့ စည်ပင်ပိုင် ဆိုင်ခန်းရောင်းရငွေသာ ရှိတယ်လို့ သိ ရပါတယ်။
လာမယ့်  ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ဆိုင်ခန်းရောင်းချငွေ မနှစ်ကထက် ကျပ်သုံးဘီလျံ ပိုမို ရရှိမှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရန်ကုန်တိုင်း ဒေသကြီးမှာ အများဆုံး ရငွေ ရှာပေးတဲ့ ဌာနဖြစ်ပြီး သုံးငွေ အများဆုံး အသုံးပြုတဲ့ ဌာန ဖြစ်ပါ တယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ကော်မတီက ရငွေနဲ့ သုံးငွေကိုဘက် ညီလျာထား အသုံးပြုတာ ဖြစ်ပါတယ်။ လာမယ့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ် ထူးခြားချက်အနေနဲ့ ရငွေနဲ့ အသုံး စရိတ်ကို ခွဲပြီး သပ်သပ်စီ အသုံးပြုမှာ ဖြစ် ပါ တယ်။
အစိုးရသစ်လက်ထက်မှာ ပထမဆုံး ရေးဆွဲတဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မှာ ရန်ကုန်တိုင်းဒေသကြီး ရသုံးမှန်းခြေ ငွေစာရင်းအရ သုံးငွေက သာမန်အသုံးစရိတ် ကျပ် ၁၃၄ ဘီလျံကျော်၊ ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၂၇၈ ဘီလျံ နဲ့ ကြွေးမြီပေးဖို့ ကျပ် နှစ်ဘီလျံ ရှိလို့ စုစုပေါင်း အ သုံးပြု ရမယ့်ငွေက ကျပ် ၁၄၁ ဘီလျံ ဖြစ်ပါတယ်။
လာမယ့် ဘဏ္ဍာနှစ် အတွက် ဘတ်ဂျက်လိုငွေ ကျပ် ၁၂၁ ဘီလျံကို ပြည်တွင်းအခွန်များ ဦးစီးဌာနက ကောက်ခံရရှိတဲ့ အခွန်တွေထဲက အချိုးအလိုက် ပြန်ပြီးခွဲပေးတဲ့ အခွန်အချိုးနဲ့ ဖြည့်ဆည်းသွားမယ်လို့ သိရပါတယ်။
Credit: The Kumudra