မန္တလေးမြို့ မြို့လယ်အနီးတစ်ဝိုက်မှာရှိတဲ့ အိမ် ခြံမြေတွေ အငှားဈေးကွက်က ပို သွက်နေပါတယ်။
ဖိုးလမင်း အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းက ကိုဝဏ္ဏစိုးက “မြို့ထဲကနေရာတွေမှာ အရောင်း အဝယ်ဖြစ်တာရှားတယ်၊ အငှား ဈေးကွက်က ပုံမှန်ဖြစ်တယ်၊ အဲဒီ နေရာတွေမှာ ငှားတဲ့လူတွေက သက်တမ်းပြည့်ရင် အခြားတစ်နေ ရာကို ပြန်ငှားကြတယ်၊ နေရာအ ပြောင်းအလဲက ရှိနေတာဆိုတော့ အငှားဈေးကွက် ပိုသွက်တဲ့သဘောပါပဲ၊ အရောင်းထက်စာရင် အငှားကို ပိုစိတ်ဝင်စားသူများတယ်”လို့ ပြောပါတယ်။
မန္တလေးမြို့လယ်က နေရာ များမှာ မြေဈေးနှုန်းတွေ မြင့်မားပြီး မြေမျက်နှာစာကျယ်ဝန်းမှုနဲ့ လမ်းမကြီးတွေပေါ်မှာ တည်ရှိနေပါက ကျပ်သိန်း ၁၀,ဝ၀ဝ အထက်မှာပဲ ရှိတယ်လို့ ဆိုပါတယ်။
မြို့ထဲမှာရှိတဲ့ နေရာတွေကို ငှားရမ်းတဲ့အခါ နှစ်ရှည်ငှားရမ်းမှု နည်းပြီး အချိန်တစ်နှစ်၊ နှစ်နှစ်နဲ့ သုံးနှစ်လောက်ပဲ ငှားရမ်းသူပိုများတယ်လို့ မန္တလေးအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူ အချို့က ပြောပါတယ်။
အငှားဈေးကွက်အနေနဲ့တော့ မန္တလေးမြို့ ၁၉ လမ်း အနောက် ဘက်ခြမ်း၊ ၇၈ လမ်း၊ လမ်း ၈၀ နဲ့ ဈေးချိုအနီးကတိုက်ခန်းနဲ့ လုံးချင်း တိုက်တွေဟာ နေရာအနေအထားနဲ့ အကျယ်အဝန်းအပေါ်မူတည်ပြီး ဈေး အနည်းအများကွာခြားတာ ဖြစ်ပါတယ်။ အဲသည်နေရာတွေမှာ လတ်တလော ငှားရမ်းခတွေကတော့ ကျပ် ၁၀ သိန်းကနေ ကျပ်သိန်း ၅၀ ဝန်းကျင်အထိရှိတယ်လို့ သိရပါတယ်။
အိမ်ခြံမြေအငှားဈေးကွက်မှာ ဝါကျွတ်ကာလတွေမှာ ငှားရမ်းလို သူပိုများပြီး မန္တလေးက အိမ်ခြံမြေ အရောင်းအဝယ်လုပ်ငန်းတွေကလည်း အခုလမှာတော့ အရင်လတွေကထက်တော့ အရောင်းအဝယ်ပြန်သွက်နေပါတယ်။
Credit: The Kumudra