တိုက်ခန်းအငှားဈေးကွက် စပေါ်ငွေနဲ့ ငှားရမ်းတဲ့ပုံစံပြောင်းလဲလာ

တိုက်ခန်းအငှားဈေးကွက် စပေါ်ငွေနဲ့ ငှားရမ်းတဲ့ပုံစံပြောင်းလဲလာ - Property News in Myanmar from iMyanmarHouse.com
19 Dec 2016 11:10 am တွင် တင်ခဲ့သည်
2927 ကြိမ် ကြည့်ရှု့ပြီး
ကန်ထရိုက်တိုက်ခန်းအတွင်း ငှားရမ်းနေထိုင်မှုတွေမှာ ငွေကြးတတ်နိုင်သူအများစုက စပေါ်များများပေးပြီး အိမ်ငှားခသက်သာတဲ့ တိုက်ခန်းတွေ စိတ်ဝင်စားမှုများလာတယ်လို့ အိမ်ခြံမြေ ငှားရမ်းသူ တချို့ထံ က သိရပါတယ်။

တိုက်ခန်းငှားခတွေက နှစ်ချုပ်ဆိုရင် တစ်လကို ၁၅၀,ဝ၀ဝ လောက်တောင်းတော့ နှစ်ချုပ်ဆို အနည်းဆုံး ၁၅ သိန်းလောက်ရှိတယ်၊ နှစ်ချုပ်ပြည့်ရင်လဲ တစ်ခါဈေးကတက်တာနဲ့ ထပ်မငှားလို့ပြန်ရှာပြီး ပွဲစားခပေးရတာနဲ့ဆို တစ်နှစ်ကို သိန်း၂၀ လောက်ရှိလာတော့ စပေါ်ငွေများများနဲ့ လခသောင်းဂဏန်းနဲ့ပဲပေးငှားလိုက်တယ်လို့ တောင်ဥက္ကလာပမြို့နယ် အတွင်း တိုက်ခန်းငှားရမ်းနေထိုင်တဲ့ မသိန်းသိန်းမြင့်ကပြောပါတယ်။

တတ်နိုင်သလောက်ဈေးလျှော့

သည်လို စပေါ်ငွေသိန်း ၅၀ နဲ့ အထက်ငှားရမ်းတဲ့ တိုက်ခန်းတွေမှာ ကိုယ်တတ်နိုင်တဲ့ငွေပေါ်မူတည်ပြီး တစ်လငှားခက ကျပ် ၂၀,ဝ၀ဝ ဝန်းကျင်လောက်အထိ ဈေးလျှော့တာ တွေရှိပါတယ်။ စပေါ်နဲ့ ငှားရမ်းတဲ့တိုက်ခန်းအများစု ကတော့ စပေါ်ငွေနှစ်သိန်း၊ သုံးသိန်းလောက်နဲ့ တစ်လချင်းတစ်သိန်းပေးပုံစံငှားကြတဲ့ မိသားစုတွေလည်းရှိပါတယ်။ တချို့ငှားရမ်းသူတွေက အိမ်ငှားခလိုနှစ်ချုပ်ချုပ်ဖို့ ငွေကြးမတတ်နိုင်လို့ အိမ်ပိုင်ရှင်ဘက်ကတောင်းဆိုတဲ့စပေါ် ငွေလောက်ကိုပေးပြီး တစ်လချင်းပေးနဲ့နေထိုင်ကြတာဖြစ် ပါတယ်။

စပေါ်ငွေ များများပေး

ငွေကြေးတတ်နိုင်သူတွေနဲ့ စီးပွားရေးလုပ်ချင်သူတွေကတော့ အိမ်ရှင်ပြန်မပေးနိုင်လောက်တဲ့ငွေကြေးပေးပြီး စပေါ်ငွေပြန်မအမ်းမချင်း အိမ်ငှားခတက်လို့မရတဲ့စာချုပ်ချုပ်ပြီး နေထိုင်ကြသူတွေလည်းရှိပါတယ်။ သည်လိုစပေါ်ငွေ အများကြီးနဲ့ ငှားတဲ့အိမ်ရှင်အများစုကတော့ ကိုယ်ပိုင်စီးပွားရေးတစ်ခုခုလုပ်ချင်သူတွေနဲ့ အိမ်ငှားကို မကြာခဏမတင် ချင်ကြတဲ့သူတွေများပါတယ်။ စပေါ်ပေးနဲ့ အငှားတွေမှာ သိန်း ၇၀ လောက်အထိရှိပြီး အငှားခလုံးဝပေးစရာ မလိုဘဲထားတဲ့ အိမ်ရှင်တွေလည်းရှိပါတယ်။

စပေါ်ပေးနဲ့ငှားရမ်းကြတဲ့ အခန်းပိုင်ရှင်အများစုကတော့ နောက်ထပ်အိမ်ငှားတင်တဲ့အခါမျိုးမှာလည်း ပထမငှားထားတဲ့ စပေါ်ငွေကိုပြန်ပေးနိုင်ဖို့အတွက် နောက်ထပ်အိမ်ငှားကို စပေါ်ပေးနဲ့သာ ငှားရမ်းကြတာမျိုးတွေလည်းရှိပါတယ်။

အိမ်ခြံမြေဈေးကွက်တဖြည်းဖြည်းအေးလာတဲ့နောက်ပိုင်းမှာကန်ထရိုက်အများစုကလည်းငွေကြေးလည်ပတ်လာနိုင်ဖို့အတွက်အခန်းအများကြီးကိုအားလုံးစပေါ်ပေးပုံစံမျိုးနဲ့ငှားလာတာမျိုးတွေရှိပါတယ်။
တိုက်ခန်းစပေါ်ပေးအငှားမှာတော့ တစ်ကြိမ်လောက်သာ အိမ်ငှားအကျိုးဆောင်ခပေးရပြီး နှစ်အလိုက်ဈေးမပြောင်းလဲဘဲသက်သာလို့ လူတိုင်းနီးပါးကစပေါ်ငွေများများနဲ့အငှား တွေကိုကြိုက်နှစ်သက်လာကြပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်ကြေးပင်လျှင် ဒေါ်လာ ၃ ဒသမ ၅ သန်းရှိကာ ဒေါ်လာ ၆ သန်းတန် အာမခံ ထားထားသော ရွှေအိမ်သာဖြစ်...

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်က

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

Villa Shukhinthar
Maha Nadi Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service