တိုက်ခန်းရောင်းဝယ်မှုများအတွက် တိုက်ခန်းအိမ်ရာဥပဒေ ပြဋ္ဌာန်းပေးရန်လို

တိုက်ခန်းရောင်းဝယ်မှုများအတွက် တိုက်ခန်းအိမ်ရာဥပဒေ ပြဋ္ဌာန်းပေးရန်လို - Property News in Myanmar from iMyanmarHouse.com
19 Dec 2016 11:03 am တွင် တင်ခဲ့သည်
832 ကြိမ် ကြည့်ရှု့ပြီး
တိုက်ခန်း အရောင်းအ၀ယ်ဈေးကွက်တွင် ပိုင်ဆိုင်မှု ပိုမိုခိုင်မာကြောင်း ပြသနိုင်ရန်အတွက်
တိုက်ခန်းအမျိုးအစားအားလုံးနှင့် ဆိုင်သော ဥပဒေတစ်ခု ပြဋ္ဌာန်းရန် လိုအပ်ကြောင်း
ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းများ ပိုမိုတွင်ကျယ်လာပြီး အထပ်မြင့်တိုက်များ ဆောက်လုပ်
လာကြသည်မှာ ဆယ်စုနှစ်နှစ်ခုကျော် ရှိလာပြီဖြစ်သော်လည်း ယခုအချိန်ထိ တိုက်ခန်း
များအတွက် တိကျသော ဥပဒေမရှိ သေးကြောင်း အာရှဆောက်လုပ်ရေး လုပ်ငန်းမှ
အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောသည်။

ယခုနှစ် ဇန်န၀ါရီလတွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဋ္ဌာန်းပြီး ယခုလ
အတွင်း နည်းဥပဒေထွက်ရှိမည့် ကွန်ဒိုမီနီ ယံဥပဒေမှာ ကွန်ဒိုအဆောက်အအုံများ
အတွက်သာ သီးသန့်ဖြစ်သောကြောင့် တိုက် ခန်းများအားလုံးကို ကိုယ်စားပြုမည့်
တိုက်ခန်းအိမ်ရာဥပဒေတစ်ခု လိုအပ်ကြောင်း ၎င်းက ပြောသည်။

"ရန်ကုန်မှာ ကွန်ဒိုအဆောက်အအုံက လက်ချိုးရေလို့ရတဲ့ အနေအထားမှာ ရှိနေတယ်။
၁၉၉၀ နောက်ပိုင်းကတည်းက တိုက် တွေဆောက်လာကြပြီး ကန်ထရိုက်တိုက်တွေလည်း
ဆောက်လုပ်တာ များလာကြတယ်ဆို တော့ တဖြည်းဖြည်းနဲ့ တိုက်ခန်းတွေလည်း
များလာပြီ။ တိုက်ခန်းတွေအားလုံးနဲ့ အကျုံး ၀င်မယ့် အိမ်ရာဥပဒေတစ်ခု ပြဋ္ဌာန်းပေးဖို့
လိုအပ်နေပါပြီ"ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် တိုက်ခန်းဝယ်ယူသူများ အနေဖြင့် တိုက်ခန်းဝယ်ယူရာတွင် မြေ ရှင်နှင့်
အရပ်စာချုပ်သာ ချုပ်ထားရပြီး တိုက်ခန်းကို ပြန်လည်ရောင်းဝယ် ပြုလုပ်ရာ တွင်လည်း
မြေရှင်က လက်မှတ်ထိုးပေးရန် လိုအပ်ကြောင်း ဦးရန်အောင်က ပြောသည်။

"တိုက်ခန်းအရောင်းအ၀ယ်လုပ်ရင် တောင် မြေရှင်မှာပဲ ဂရန်ရှိလို့ မြေရှင်ရဲ့လက်မှတ်
လိုအပ်ပြီး မြေရှင်ကို တိုက်ခန်းခရဲ့ တစ်ရာခိုင်နှုန်းပေးရတယ်။ တကယ်လို့သာ
တိုက်ခန်းတွေအားလုံးနဲ့ တိုက်ရိုက်သက်ဆိုင် မယ့် တိုက်ခန်းအိမ်ရာ ဥပဒေသာရှိလာခဲ့
မယ်ဆိုရင် တိုက်ခန်းရောင်းဝယ်လုပ်ဖို့ မြေရှင်နဲ့ မဆိုင်တော့ဘဲ တိုက်ခန်းပိုင်ရှင်
တစ်ယောက်အနေနဲ့ ရောင်းဝယ်လုပ်နိုင်မှာပါ"ဟု ၎င်းက ပြောသည်။

မြေကွက်ဝယ်ယူသူများအနေဖြင့် မြေ ဂရန်စာချုပ်ကို အာမခံထားခြင်း၊ ဘဏ်များတွင်
အပေါင်ထားခြင်းများ ပြုလုပ်နိုင်သော် လည်း တိုက်ခန်းဝယ်ယူသူများအနေဖြင့်
တိုက်ခန်းစာချုပ်ကို ထိုကဲ့သို့ အသုံးမပြုနိုင် သောကြောင့် ပိုင်ဆိုင်မှု ပိုမိုခိုင်မာစေရန်
ဥပဒေလိုအပ်ကြောင်း ၎င်းက ပြောသည်။

"တိုက်ခန်းပိုင်ရှင်တွေအနေနဲ့ မြေပိုင်ဆိုင် သူတွေလိုပဲ တိုက်ခန်းစာချုပ်ကို ဘဏ်တွေမှာ
အပေါင်ထားတာတွေ၊ အာမခံထားတာတွေ လုပ်လို့ရဖို့ တိုက်ခန်းအိမ်ရာဥပဒေတစ်ခု
လိုအပ်ပါတယ်။ တိုက်ခန်းစာချုပ်တွေက လည်း မြေစာချုပ်တွေလိုပဲ ခိုင်မာမှုရှိမှ ရင်းနှီးမြှုပ်နှံ
သူတွေက တိုက်ခန်းတွေကို ပိုဝယ်ယူလာကြမှာဖြစ်ပြီး တိုက်ခန်းအရောင်း ဈေးကွက်
ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်" ဟု ဦးရန်အောင်က ပြောသည်။

တိုက်ခန်းများအားလုံးကို ကိုယ်စားပြုမည့် တိုက်ခန်းအိမ်ရာဥပဒေကို အမြန်ဆုံးပြဋ္ဌာန်းရန်
လိုအပ်နေပြီး လက်ရှိအချိန်တွင် ကွန်ဒို မီနီယံဥပဒေ၏ နည်းဥပဒေတွင် တိုက်ခန်းများ
အားလုံးအတွက် ကိုယ်စားပြုသော နည်းဥပဒေများ ပါဝင်မလားကို စောင့်ကြည့်ရန် လိုအပ်
ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသာဌေးက
ပြောသည်။

"ကွန်ဒိုဥပဒေနဲ့ တိုက်ခန်းဥပဒေက နည်းနည်းရောထွေးပြီး ရှုပ်နေတယ်။ တိုက်ခန်းတွေ
အားလုံးကို ကိုယ်စားပြုမယ့် ဥပဒေ တစ်ခုကို အမြန်ဆုံးပြဋ္ဌာန်းပေးဖို့ လိုအပ် နေပါတယ်။
ကွန်ဒိုဥပဒေမှာ တိုက်ခန်းတွေအားလုံးကို ကိုယ်စားပြုတဲ့ နည်းဥပဒေတွေ ပါမလား၊
ဒါမှမဟုတ် ဥပဒေအသစ်တစ်ခု လိုမလားဆိုတာသိဖို့ ဒီလထဲမှာ ထွက်မယ့် ကွန်ဒိုဥပဒေကို
အရင်စောင့်ကြည့်ရပါမယ်"ဟု ၎င်းက ပြောသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ
ဆောက်လုပ်သော တိုက်ခန်းများအတွက် ပိုင်ရှင် စာအုပ်များ သီးသန့်ထုတ်ပေးသော်လည်း
ကျန်တိုက်ခန်းများအားလုံးမှာ မြေရှင်တစ်ဦး တွင်သာ စာချုပ်ရှိပြီး ကျန်တိုက်ခန်းဝယ်ယူသူ
များအတွက် အရပ်စာချုပ်ကိုသာ အသုံးပြုနေ ရဆဲဖြစ်ကြောင်း ဦးရန်အောင်က ပြောသည်။

ယခုချိန်တွင်တိုက်ခန်းအိမ်ရာများအား လုံးကို ကိုယ်စားပြုသော ဥပဒေကို ရေးဆွဲနေ
ခြင်းမရှိသေးကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဦးဝင်းနိုင်က
ပြောသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...
တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...
အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်ကြေးပင်လျှင် ဒေါ်လာ ၃ ဒသမ ၅ သန်းရှိကာ ဒေါ်လာ ၆ သန်းတန် အာမခံ ထားထားသော ရွှေအိမ်သာဖြစ်...

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...
ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...
မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...
မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရ
သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရ
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်
ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon
တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon
အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ
အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ
imyanmarmarket
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service