ပြည်တွင်းဘဏ် လုပ်ငန်းကိစ္စရပ်များနှင့်ပတ်သက် ၍ ဆွေးနွေးတင်ပြနိုင်ရန် ပြည် တွင်း၊ ပြည်ပဘဏ်လုပ်ငန်းရှင် များနှင့် လစဉ် တွေ့ဆုံမည် ဖြစ် ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။
နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ဒီဇင် ဘာ ၁၄ ရက်က ကျင်းပပြုလုပ် သော နိုင်ငံပိုင်ဘဏ်များ၊ မြန်မာ နိုင်ငံဘဏ်များ၊ ပုဂ္ဂလိကဘဏ် များ၊ နိုင်ငံခြားဘဏ်ခွဲများ၊ နိုင်ငံ ခြားဘဏ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲအခမ်းအနား၌ ပြည် ထောင်စုဝန်ကြီးက အထက်ပါအ တိုင်း ပြောကြားခဲ့သည်။
‘‘ကျွန်တော်တို့ဆွေးနွေးဆုံး ဖြတ်ချက်တွေ လိုတယ်။ နီးနီးကပ်ကပ်နဲ့ နားလည်မှုပေးကြဖို့ လို တယ်။ ဒီသဘောနဲ့ပဲ ရှေ့ဆက် ပြီးတော့ လစဉ်လစဉ် အစည်းအ ဝေးပွဲကို ကျင်းပချင်ပါတယ်’’ဟု ပြည်ထောင်စုဝန်ကြီးက ပြော သည်။
‘‘နောက်ပိုင်းမှာလည်းပဲ လ စဉ်လစဉ် ဒီလိုညှိနှိုင်းတဲ့ အစည်း အဝေးပွဲကို လုပ်သွားပါ့မယ်။ လုပ်သွားမယ့်အခါမှာလည်း ဖြစ်ပျက် ကြုံတွေ့နေရတဲ့ ကိစ္စအဝဝကို မခြွင်းမချန်ဘဲနဲ့ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးဆွေးနွေးကြဖို့ ဖိတ် ခေါ်လိုပါတယ်’’ ဟု ပြည်ထောင်စု ဝန်ကြီးက ဆက်လက်ပြောကြား သည်။ ဝန်ကြီးဌာနအနေဖြင့် ဗဟို ဘဏ်သီးခြားဖြစ်ပွားပြီးနောက် ပိုင်း ယခုကဲ့သို့ လစဉ်တွေ့ဆုံမည့် အစီအစဉ်သည် ပထမဆုံးအကြိမ် ဖြစ်သည်။
‘‘မြန်မာနိုင်ငံရဲ့ငွေရေးကြေး ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ညှိနှိုင်းတဲ့ အစည်းအ ဝေးပါ။ အရင်တုန်းကတော့ တွေ့ ဆုံမှုတွေရှိခဲ့တယ်။ ဗဟိုဘဏ်သီး ခြားဖြစ်သွားတဲ့ နောက်ပိုင်းမှာ တော့ တွေ့ဆုံမှုအတော်အားနည်း သွားတာပေါ့။ အခုကတော့ လစဉ် ပုံမှန် တွေ့မယ်လို့လည်း ပြော တယ်။ အားလုံးလည်း သွားသင့် သွားထိုက်တာတွေလည်း သွားနေ တယ်’’ဟု မြန်မာနိုင်ငံဘဏ်လုပ် ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးခင် မောင်အေး (CB ဘဏ်ဥက္ကဋ္ဌ) က ပြောသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန် ကြီးဌာနအနေဖြင့် ဝန်ကြီးထံဆက် သွယ်တင်ပြမှုအပိုင်းတွင် အခက် အခဲမရှိစေဘဲ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့ကိုယ်စားပြုဖြစ်စေ လက်ခံ တွေ့ဆုံမည်ဖြစ်ကြောင်း ပြည် ထောင်စုဝန်ကြီးက ဆိုသည်။
‘‘ဒီနေရာမှာ ကျွန်တော်ပြော ချင်တဲ့ အချက်ကတော့ စီမံဘဏ္ဍာဝန်ကြီးအပိုင်းနဲ့ စီမံဘဏ္ဍာဌာနကို ဆက်သွယ်ဖို့ အပိုင်းမှာ တံခါးမရှိ၊ ဓားမရှိဘဲ တွေ့ဆုံမှုနဲ့ ပတ်သက် လို့ တစ်ယောက်ချင်းလည်း ကျွန် တော်တို့ လက်ခံမယ်။ အဖွဲ့ကိုယ် စားလှယ်လည်း လက်ခံမယ်။ အ ချိန်မရွေးတင်ပြပါ။ အချိန်မရွေး ဆွေးနွေးပါ။ ကျွန်တော်တို့ ဒီမှာ အချိန်အများကြီးပေးပါမယ်။ ဆို လိုတာက တွေ့ခွင့်တောင်းဖို့ တစ် ခုတည်းကိုပဲ အခက်အခဲဖြစ်နေ တာကို လုံးဝမဖြစ်စေရဘူး’’ဟု ပြည်ထောင်စုဝန်ကြီးက ပြော သည်။
ထို့အပြင် ပြည်ထောင်စုဝန် ကြီး ခရီးသွားနေသည့်အချိန်မှလွဲ ၍ လက်ခံတွေ့ဆုံမည် ဖြစ်ပြီး သက်ဆိုင်ရာဌာနများကလည်း ဆက်သွယ် တင်ပြဆွေးနွေးနိုင် သည်ဟု ဆိုသည်။
‘‘ဒုဝန်ကြီးလည်း ရှိကောင်းရှိ ပါမယ်။ ဒုဝန်ကြီးရော ဝန်ကြီးရော မရှိတဲ့အခါမှာလည်းပဲ သက်ဆိုင် ရာဌာနတွေကို ဆက်သွယ်လို့၊ တင်ပြလို့၊ ဆွေးနွေးလို့ရပါတယ်။ အားလုံးကို ကြိုဆိုပါတယ်။ ကန့် သတ်ထားချက်မရှိပါဘူး’’ဟု ပြည် ထောင်စုဝန်ကြီးက ဆိုသည်။
အဆိုပါအစည်းအဝေးသို့ ပြည်တွင်းဘဏ် ၂၉ ဘဏ်မှ ဘဏ်လုပ်ငန်းရှင်များနှင့် နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံးများဖြစ်သော UFJ Ltd ဘဏ်၊ Oversea Chinese ဘဏ်၊ Sumitomo Mitsui ဘဏ်၊ UOB Limited ဘဏ်၊ Bangkok Bank၊ Industrial and Com-mercial Bank နှင့် ANZ ဘဏ်စသည့် ဘဏ် ၁၂ ဘဏ်မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံတွင် လက်ရှိခွင့် ပြုထားသည့် နိုင်ငံခြားဘဏ်စုစု ပေါင်း ၁၃ ခုရှိပြီး ၂၀၁၄ အောက် တိုဘာ၌ ဂျပန်နိုင်ငံမှ သုံးဘဏ်၊ စင်ကာပူအခြေစိုက်ဘဏ် နှစ်ဘဏ်၊ တရုတ်၊ သြစတြေးလျ၊ မလေးရှားတို့မှ ဘဏ်တစ်ခုစီနှင့် ၂၀၁၅ မတ်လတွင် တောင်ကိုရီး ယား၊ အိန္ဒိယ၊ တိုင်ပေနှင့် ဗီယက်နမ်တို့မှ ဘဏ်များကို ဖွင့်လှစ်ရန် ဗဟိုဘဏ်က ခွင့်ပြုခဲ့သည်။
ဆွေးနွေးပွဲတွင် ဗဟိုဘဏ်၏ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ငွေလဲလှယ်မှုဈေးနှုန်းနှင့် ပတ်သက်၍ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများ၊ ဗဟိုဘဏ်မှလက်ရှိလုပ်ငန်းဆောင်ရွက်နေဆဲ ကိစ္စများ၊ ဆောင်ရွက်ပြီး ကိစ္စနှင့် ပုဂ္ဂလိကဘဏ်များမှ လုပ်ကိုင် ဆောင်ရွက်ရမည့်အချက်များကိုဆွေးနွေးခဲ့သည်။
ထို့အတူ မြန်မာနိုင်ငံဘဏ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးခင်မောင်အေး (CB ဘဏ်ဥက္ကဋ္ဌ)ကလည်း ပြည်တွင်း၊ ပြည်ပဘဏ်လုပ်ငန်းများနှင့်သက်ဆိုင်သည့်ကိစ္စရပ်များ၊ SME ချေးငွေကိစ္စရပ်များ၊ ဘဏ်များတွင် လက်ရှိဆောင်ရွက်နေရသည့် အခက်အခဲများကိုတင်ပြဆွေးနွေးခဲ့သည်။
Credit: 7DayDaily