ဟောလိဝုဒ်သရုပ်ဆောင် ဂျက်ဆီကာ အယ်လ်ဘာသည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်ရှိ နေအိမ်ကို တစ်လလျှင် ကန်ဒေါ်လာ ၁၁၅၀၀ (မြန်မာငွေ ၁၅၂ သိန်းကျော်) ဖြင့် အငှားဈေးကွက်တင်လာကြောင်း အမေရိကန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဂျက်ဆီကာ အယ်လ်ဘာသည် ဆန်တာမိုနီကာအခြေစိုက် The Honest Company ၏ ပူးတွဲတည်ထောင်သူလည်း ဖြစ်သည်။
ဂျက်ဆီကာသည် ယခုနေအိမ်ကို ၂၀၀၂ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၁ ဒသမ ၁ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ထိုကာလက ရုပ်သံသရုပ်ဆောင်အဖြစ် စတင်ကျော်ကြားလာချိန်လည်း ဖြစ်သည်။
အဆိုပါနေအိမ်ကို ၁၉၈၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ပြီး စတုရန်းပေ ၂၂၈၆ ပေ ကျယ်ဝန်းသည်။
သစ်မာသားကြမ်းခင်းများဖြင့် ဆောက်လုပ်ထားပြီး Mid-Century Modern ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည်။
အိပ်ခန်းနှစ်ခန်းပါဝင်ပြီး တတိယထပ်ရှိ bonus room ကိုပါ ထည့်တွက်မည်ဆိုလျှင် သုံးခန်းရှိမည်ဖြစ်သည်။
ယင်းအခန်းကို အိပ်ခန်းအဖြစ် အသုံးမပြုဘဲ အားကစားလေ့ကျင့်ခန်းမ (သို့မဟုတ်) သီးသန့် ရုံးခန်းအဖြစ်လည်း အသုံးပြုနိုင်သည်။
ဖျော်ဖြေရေးအတွက် မြေညီထပ်တွင် လက်မ ၈၀ ရှိသော flat-screen ရုပ်မြင်သံကြားစက်ပါဝင်ပြီး အနီးတွင် အရက်ဘားလည်း ပါဝင်သည်။
လော့စ်အိန်ဂျလိမြို့ကြီး၏ အလှကို လသာဆောင်မှ ကျယ်ပြောစွာ ခံစားနိုင်သည်။
နာမည်ကျော် ဘီဗာလီဟေး၏ အလည်တွင်
လုံခြုံရေးတင်းကျပ်စွာတည်ရှိသော အိုအေစစ်တစ်ခု ဖြစ်လေသည်။
ဂျက်ဆီကာအယ်လ်ဘာသည် ဘီဗာလီဟေးလ်တွင် ယခုနေအိမ်အပြင် အခြားနေအိမ်တစ်လုံးလည်း ပိုင်ဆိုင်ထားပြီး ခင်ပွန်းဖြစ်သူ ကက်ရှ် ဝါရန်နှင့်အတူ လက်ရှိ နေထိုင်လျက်ရှိသည်။
ယင်းအိမ်ကိုမူ ၂၀၀၈ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၄ ဒသမ ၀၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဂျက်ဆီကာသည် ၁၃ ဧက ကျယ်ဝန်းသော မြေကွက်လွတ်တစ်ခုလည်း ပိုင်ဆိုင်ထားသေးသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)