ပြည်တွင်း လုပ်ငန်းရှင် များအပါအ၀င် နိုင်ငံခြားဘဏ် တွင် ဘဏ်စာရင်းဖွင့်ထားသူများ သည် ဗဟိုဘဏ်သို့ တင်ပြရ မည်ဟု ဗဟိုဘဏ်က ဒီဇင်ဘာ၁၃ ရက်တွင် ညွှန်ကြားချက် တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။
ထိုသို့ ထုတ်ပြန်ခြင်းသည် ၂၀၁၂ နိုင်ငံခြားငွေကြေးစီမံခန့် ခွဲမှုဥပဒေအရဖြစ်ပြီး ပြည်တွင်း နေထိုင်သူများသည်ပြည်တွင်းဥပ ဒေကို လိုက်နာကျင့်သုံးရန် ယခုကဲ့သို့ လုပ်ကိုင်ခြင်းဖြစ်သည်ဟု ဗဟိုဘဏ် အကြီးတန်းအရာရှိ တစ်ဦးက ပြောသည်။
‘‘သတင်းပို့ရင် တရားဝင်ဖြစ် တဲ့ သဘောရှိတယ်။ တစ်ဖက်နိုင် ငံမှာ အခွန်ဆောင်ထားတာရှိ မယ်။ ဟိုဘက်မှာ ရင်းနှီးမြှုပ်နှံ ထားတာတွေရှိမှာပဲ။ အခုတရား ၀င်သတင်းပို့ပြီးရင်၊ ဒီငွေတွေကို ပြည်တွင်းမှာ ပြန်လည်ရင်းနှီးမြှုပ် နှံဖို့ ခွင့်ပြုချက်တောင်းရင် တရား ၀င်ဖြစ်လာနိုင်တယ်’’ဟု ၎င်းက ပြောသည်။
နိုင်ငံခြားဘဏ်အကောင့်အ သုံးပြုမှုများသည် ပြည်တွင်းဘဏ်များရှိ ဒါရိုက်တာများ၊ အကြံ ပေးများ၊ ရာထူးကြီးကြီး ယူထား သူများနှင့်လုပ်ငန်းများကို ပထမဦးစားပေး၍ နိုင်ငံခြားဘဏ် အ ကောင့်စာရင်း တောင်းဆိုခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
‘‘တောင်းလာတယ်ဆိုရင် တော့ ပေးရမယ်ဆိုပေးမယ်။ ပေး လို့မရရင် ဘဏ်ရဲ့ဒါရိုက်တာအ ဖွဲ့က ဆုံးဖြတ်ရမှာပဲ’’ဟု ကမ္ဘောဇဘဏ်အကြီးတန်းအရာရှိဦးသန်းချိုကပြောသည်။
ဗဟိုဘဏ်၏ ယခု လုပ် ဆောင်ချက်သည် ပြည်တွင်းရှိ နိုင်ငံခြားငွေပမာဏကိုသိရှိလိုခြင်းဖြစ်ပြီး ဒေါ်လာဈေးမြင့်တက်နေမှုကို ကိုင်တွယ်ဖြေရှင်းရန် လုပ် ဆောင်ချက်ဖြစ်ကြောင်းနှင့် နိုင်ငံခြားဘဏ်နှင့် ချိတ်ဆက်လုပ်ကိုင်သည့်လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၏ အချက်အလက်များ တောင်းခံရန် အခက်အခဲရှိနိုင်ကြောင်း ဘဏ်လုပ်ငန်းရှင်တစ်ဦးကပြောကြားသည်။
ယခုလုပ်ဆောင်ချက်သည် အစိုးရသစ်၏ စီးပွားရေးပေါ်လစီ အသစ်နှင့် လက်ရှိမြန်မာနိုင်ငံ အနေအထားအရ အကောင်းမြင်ရှု ထောင့်ကသာ လုပ်ဆောင်ခြင်း ဖြစ်ပြီး နိုင်ငံသားတိုင်းဥပဒေအရ လိုက်နာရန်တာဝန်ရှိကြောင်း အ ထက်ပါဗဟိုဘဏ်မှ အရာရှိက ပြောသည်။
ဒီဇင်ဘာ ၁၄ရက် တွင် နိုင်ငံခြားငွေလဲနှုန်း ပြင်ပပေါက်ဈေး၌ အမေရိကန် တစ်ဒေါ်လာလျှင် ၁,၃၈၇ ကျပ်ရှိပြီး သမိုင်းတစ်လျှောက် အမြင့်ဆုံးငွေလဲနှုန်းအဖြစ် တည်ရှိနေသည်။
Credit: 7DayDaily