တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တော်မှာ တည်ရှိတဲ့ ရှန်ဟိုင်းတာဝါကို ကမ္ဘာ့ဒုတိယမြောက်အမြင့်ဆုံး မိုးမျှော်အဆောက်အအုံအဖြစ် သိကြပါတယ်။
အဆိုပါရှန်ဟိုင်းတာဝါကို ဂင်းနစ်ကမ္ဘာ့မှတ်တမ်းအဖွဲ့က ဒီဇင်ဘာလမှာ ကမ္ဘာ့စံချိန် သုံးခု ပေးအပ်လိုက်တယ်လို့ သိရပါတယ်။
တာဝါထဲမှာရှိတဲ့ ဓာတ်လှေကားဟာ တစ်စက္ကန့်လျှင် ၂၀.၅ မီတာ သွားနိုင်တာကြောင့် ကမ္ဘာ့အမြန်ဆုံးဓာတ်လှေကားအဖြစ် စံချိန်တင်သွားပါတယ်။ အောက်ဆုံးထပ်ကနေ ၁၁၉ ထပ်မြောက်ကို ဓာတ်လှေကားနဲ့တက်သွားဖို့ ခရီးသည်တွေဟာ အချိန် ၅၅ စက္ကန့်သာ ပေးရမှာပါ။
နောက်ထပ်စံချိန်ကတော့ အဆောက်အအုံတွင်းမှာတပ်ဆင်ထားတဲ့ ဓာတ်လှေကားတွေထဲမှာ အရှည်လျားဆုံးဓာတ်လှေကားအဖြစ်
လည်းကောင်း ကမ္ဘာ့အမြန်ဆုံး နှစ်ထပ်ဓာတ်လှေကားအဖြစ်
လည်းကောင်း ဂင်းနစ်စံချိန်နှစ်ခုပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Credit : Shanghaiist