နိုင်ငံဖွံ့ဖြိုးရေး စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက်JICA ထံမှာ ချေးငွေ ဂျပန်ယန်း ၉၃၉၇၀ သန်း ရယူရန်အတွက်ယမန်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာအတည်ပြုလိုက်ပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆင်းရဲမှု လျှော့ချရေးဒေသတွင်း ဖွံ့ဖြိုးမှု စီမံကိန်း များဖြစ်တဲ့ လမ်း၊ တံတား
တည်ဆောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် JICA ODA ချေးငွေ ဂျပန် ယန်း ၂၃၉၇၉ သန်းချေးယူဆောင်ရွက်မှာ ဖြစ်ပါတယ်။
ပို့ောဆင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ရန်ကုန်-မန္တလေး မီးရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် ဂျပန်ယန်း
၂၅၀၀၀ သန်း၊ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနကစိုက်ပျိုးရေးနဲ့ မီးလင်းရေးဆောင်ရွက်ရန်အတွက် ဂျပန်ယန်း
၁၅၁၃၅ သန်း၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်
ဂျပန်ယန်း၄၈၅၆သန်း၊ရန်ကုန်စည်ပင်သာယာရေးကော်မတီကရေပေးဝေရေးစနစ်တိုးတက်ရန်အတွက် ဂျပန်ယန်း
၂၅၀၀၀ သန်း သုံးစွဲအကောင်အထည်ဖော်သွားမယ်လို့သိရပါပါတယ်။
အဆိုပါစီမံကိန်းလုပ်ငန်းများက နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ သယ်ယူပို့ဆောင်ရေးစတဲ့ အခန်းကဏ္ဍပေါင်းစုံကို
ဖွံ့ဖြိုးစေမှာဖြစ်ပြီး နိုင်ငံရဲ့ ဂျီဒီပီဖွံ့ဖြိုးတိုးတက်ရေးအတွက်အထောက်အကူဖြစ်စေမှာဖြစ်တယ်လို့ သိရပါတယ်။
ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေတို့ သတ်မှတ်ချက်များအရ အလယ်အလတ်အဆင့် ၀င်ငွေ
နည်းပါးတဲ့ နိုင်ငံအတွက် ပြည်ပကြွေးမြီနဲ့ ဂျီဒီပီအချိုးမှာ၃၀ ရာခိုင်နှုန်းထက်မကျော်လွန်သင့်ဘူးလို့ သတ်မှတ်ထားရာ
မြန်မာနိုင်ငံရဲ့ ပြည်ပကြွေးမြီနဲ့ ဂျီဒီပီအချိုးမှာ ၁၄ ရာခိုင်နှုန်းကျော်သာ ဖြစ်တဲ့အတွက် ကြေးမြီခံနိုင်ရည်ရှိတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း လွှတ်တော်သို့ ရှင်းလင်းခဲ့ပါတယ်။
Credit: SFJ Strategy First