ပြည်မြို့၌ မြို့ပြနှင့် အိမ်ရာကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHD Bank) မကြာမီ ဖွင့်လှစ်နိုင်ရေးအတွက် ရည်ရွယ်၍ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၂၈ဝ ဒသမ ဝ၈ သန်းဖြင့် ရွှေဟင်္သာ အိမ်ရာစခန်းအတွင်း မင်းသွေးပိုင်ကုမ္ပဏီက တာဝန်ယူပြီး လေးခန်းတွဲ ငါးထပ်တိုက် တစ်လုံး ဆောက်လုပ်နေမှု အခြေအနေကို ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲလင်းထွန်းက ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က အိမ်ရာနေထိုင်သူများ၏ စည်းကမ်းလိုက်နာမှုကောင်းမွန်စေရန်၊ ဌာနမှ ရေးဆွဲလျက် ရှိသည့် အိမ်ရာဖွံ့ဖြိုးရေးဥပဒေ၊ နယ်မြေဒေသဖွံ့ဖြိုးရေး ဥပဒေ၊ ကွန်ဒိုဥပဒေများအား အမြဲမပြတ်လေ့လာနေကြရန်မှာကြားခဲ့ပြီး ပြည်မြို့ပေါ်ရှိ အိမ်ရာစခန်းများနှင့် လေးခန်း တွဲ ငါးထပ်တည်ဆောက်ရေး လုပ်ငန်းခွင်ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Credit: MOI Webportal Myanmar