ယခင်အစိုးရ လက်ထက်ကတည် က အကောင်အထည်ဖော် တည်ဆောက်ရန် စီစဉ်ထားခဲ့သော ကျောက်ဖြူအထူး စီးပွားရေးဇုန်စီမံကိန်း တည်ဆောက်ရန် လက်ရှိအချိန်၌ ပြည်တွင်းကုမ္ပဏီ ၁၄ ခု ခန့်က အဆိုပြုလွှာတင်ထားကြောင်း ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲ မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဦးမောင်က ပြောကြားသည်။
အဆိုပါပြည်တွင်းကုမ္ပဏီများထဲမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများအနေနှင့် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ကို တည်ဆောက်ခွင့် တင်ဒါအောင်မြင်ထားသော တရုတ်နိုင်ငံအခြေစိုက် CITIC Consortium ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းကပြောဆို သည်။
"အကောင်အထည်ဖော်မယ့် အချိန်ကတော့ တင်ဒါအောင်မြင်ထားတဲ့ တရုတ်ကုမ္ပဏီနဲ့ ၀န်ကြီးဌာနတို့ ဆွေးနွေးနေဆဲပဲ" ဟု ၎င်းကဆိုသည်။
ယင်းစီးပွားရေးဇုန်စီမံကိန်းအတွက် ပြည်တွင်းကုမ္ပဏီများကို တင်ဒါခေါ်ယူခြင်းမှာ ယခုဒုတိယအကြိမ်ဖြစ်ပြီး ယခင်အစိုးရက ဖွဲ့စည်းပေးထားခဲ့သော စီမံခန့် ခွဲမှုကော်မတီသို့ ကုမ္ပဏီ ၁၉ ခုခန့်က အဆိုပြုလွှာတင်ခဲ့သည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် ရေနက်ဆိမ်ကမ်း၊ စက်မှုဇုန်နှင့် အိမ်ရာစီမံကိန်းများ ပါဝင်မည်ဖြစ်ပြီး အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် တင်ဒါလျှောက်တင်သည့် ကုမ္ပဏီ မရှိသောကြောင့် ရေနက်ဆိပ်ကမ်း နှင့် စက်မှုဇုန်ကို အရင်ဆုံးအကောင် အထည်ဖော်မည်ဖြစ်ကြောင်း အဆိုပါစီမံ ခန့်ခွဲမှု ကော်မတီထံမှ သိရသည်။
ကျောက်ဖြူအထူးစီပွားရေးဇုန်ကို ကျောက်ဖြူမြို့အနီး မြေဧက ၄၀၀၀ ခန့်တွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး လက်ရှိအချိန်၌ ဂျပန်နိုင်ငံနှင့် ပူးပေါင်း လုပ်ဆောင်နေသော သီလ၀ါ အထူးစီးပွားရေးဇုန်တွင် လုပ်ငန်းများ စတင်လည်ပတ်နေပြီဖြစ်ကာ ထားဝယ်အထူးစီးပွားရေး ဇုန်ကိုလည်း ဆက်လက် အကောင်အထည်ဖော်နိုင်ရန် လုပ်ဆောင်လျက်ရှိသည်။
Credit: The Voice