ရန်ကုန်မြို့ရှိ ကန်သာယာစင်တာမှာရှိတဲ့ ကွန်ဒိုတိုက်ခန်းတွေကို ဧရာဝတီဘဏ်နဲ့ ချိတ်ဆက်ပြီး ၁၀ နှစ် အရစ်ကျစနစ်နဲ့ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။
ကွန်ဒိုတိုက်ခန်းတွေအတွက် စတုရန်း တစ်ပေပတ်လည်ကို ကျပ် ၂၂၈,ဝ၀ဝ နဲ့ စတင်ရောင်းချသွားမယ်လို့သိရပြီး ရုံးခန်း အသုံးပြုလိုသူတွေအနေနဲ့ အထပ်ပေါင်း ၂၂ ထပ်မှာ အခန်းပေါင်း ၁၆၈ ခန်းရှိ ကြောင်း သိရပါတယ်။ ရုံးခန်းတွေကို ဝယ်ယူလိုသူ၊ ငှားရမ်းလိုသူတွေအနေနဲ့ Management Fee သုံးနှစ်စာ အခမဲ့ကို ရရှိမယ်လို့ သိရပါတယ်။
“ကန်သာယာစင်တာက တိုက်ခန်းတွေ၊ ရုံးခန်းတွေကို အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်ပါတယ်၊ ၁၀ နှစ်ကြာတဲ့အထိ အရစ်ကျပေးချေနိုင်ပြီး ဧရာဝတီဘဏ်နဲ့ ချိတ်ဆက်ရောင်းချပေးနေပါတယ်၊ အရစ်ကျကတော့ တစ်လချင်း သတ်မှတ်ထားပေမဲ့ အဆင်ပြေအောင်လဲ ပြုလုပ်ပေးနေပါတယ်”လို့ ကန်သာယာစင်တာအရောင်းပြခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
ဝယ်ယူလိုသူတွေအနေနဲ့ ဧရာဝတီဘဏ်နဲ့ ချိတ်ဆက်ကာ ၁၀ နှစ်အရစ်ကျစနစ်နဲ့ ငွေပေးသွင်းရမှာ ဖြစ်ပါတယ်။ Residence Tower ကို တစ်ထပ်မှာ ၃.၂ မီလီမီတာ အမြင့်ရှိတဲ့ အခန်း ခြောက်ခန်း ပါရှိပြီး လေဝင်လေထွက်အထူးကောင်းမွန်တဲ့ ဆန်းသစ် သော ဒီဇိုင်းဖြင့်တည် ဆောက်ထားတယ်လို့ သိရပါတယ်။
အထပ်ပေါင်း ၂၅ ထပ်မှာ အခန်းပေါင်း ၁၃၂ ခန်းပါဝင်မှာဖြစ်ပြီး ကားအစီးရေ ၅၀ဝ ခန့် ရပ်နားနိုင်တဲ့ ကားပါကင်လည်း ပါရှိတဲ့ နိုင်ငံတကာ အဆင့်မီ တည်ဆောက် နေသော စီမံကိန်းတစ်ခုဖြစ်တယ်လို့ သိရ ပါတယ်။ Residence Tower ဝယ်ယူ ထားသူတွေအနေနဲ့ အခန်းသော့တွေကို ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ ပေးအပ်သွားမယ်လို့ သိရပါတယ်။ ကန်သာယာစင်တာ စီမံကိန်းမှာ ကန်တော်ကြီး ဥယျာဉ်အနီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဦးအောင်မြတ်လမ်းနဲ့ ကန်ရိပ်သာလမ်းထောင့်ရှိ မြေဧက ၃.၅၃ ဧက အကျယ်အဝန်းရှိ မြေပေါ်မှာ တည်ဆောက်နေတဲ့ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။
Credit: Kumudra