ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသသို့ ပြည်တွင်း ပြည်ပ မှ ခရီးသွား ဧည့်သည် များ နှစ်စဉ်ဝင်ရောက်လည်ပတ်လျက်ရှိရာ အဆိုပါ ပြည် တွင်း ပြည်ပ ခရီးသွားဧည့်သည်များကို မှီခိုအား ထားပြု၍ အညာဒေသ ထွက် မြေပဲဆီ၊ ထန်းလျက်နှင့် ထန်းရည် အမျိုးမျိုး ရောင်းချနေ သည့် ညောင်ဦး- ကျောက်ပန်းတောင်း လမ်းတစ်လျှောက် လမ်းဘေး ဝဲ၊ ယာ များရှိ အမှတ် တရလက် ဆောင်ပစ္စည်း ရောင်းချနေသည့် ဈေးဆိုင်တချို့မှ လုပ်ငန်းရှင် များသည် မိမိတို့ရောင်းချသည့်ဈေးဆိုင်များသို့ ခရီးသွားဧည့် သည်များ ပိုမိုလာရောက် ဝယ်ယူအားပေးကြရန်အတွက် ဈေး ဆိုင် အဆောက် အအုံများကို ဆွဲဆောင်မှုရှိသည့် အဆောက် အအုံပုံစံများ ဆောက်လုပ် ၍ ရောင်းချမှု ပိုများလာကြောင်း သိရသည်။
ညောင်ဦး-ကျောက်ပန်းတောင်းလမ်းဘေးရှိ အညာဒေသ ထွက် အမှတ်တရ လက်ဆောင်ပစ္စည်းအမျိုးမျိုး ရောင်းချသည့် ဈေးဆိုင်ရှင်တစ်ဦးက ''ကျွန်မတို့ ပုဂံညောင်ဦးမြို့ကို ဝင်ထွက် သွားလာနေတဲ့ ပြည် တွင်း ပြည်ပခရီးသွား ဧည့်သည်တွေ ကို မှီခိုပြီး ဈေးရောင်းနေရတဲ့ ကျွန်မတို့လို လုပ်ငန်းရှင်တွေ အနေနဲ့ တစ်ဆိုင်နဲ့တစ်ဆိုင် ဈေးပိုရောင်းရအောင် ဈေးဆိုင်အဆောက် အအုံ၊ နေရာ ထိုင်ခင်းတွေကို ဆွဲဆောင်မှုရှိတဲ့ တီထွင် ပြင်ဆင် မှုတွေ ယခင် ထက် ပိုမိုလုပ်ကိုင်လာကြပါတယ်။ ကျွန်မတို့ ပုဂံညောင်ဦးမြို့ရဲ့ အညာဒေသ ထွက် လက်ဆောင်ပစ္စည်းတွေ ကတော့ ထန်းရည်ချို၊ ထန်းရည်ခါး၊ ထန်းလျက်ခဲ အမျိုးမျိုးနဲ့ ပျားရည်တွေကို ဝယ်ယူရောင်းချကြပါတယ်။
ဒါ့အပြင် နွားလှည့် ဆုံနဲ့ကြိတ်တဲ့ မြေပဲဆုံဆီကိုလည်း ကြိတ်ခွဲရောင်းချ ပါ တယ်။ အခုအချိန်က ခရီးသွားရာသီဖြစ်တဲ့အတွက် အမှတ်တရ လက် ဆောင် ပစ္စည်းတွေ ခါတိုင်းနေ့တွေထက်စာရင် ပိုရောင်းရပါ တယ်''ဟု ပြောသည်။
Credit: MOI Webportal Myanmar