ရန်ကုန်တိုင်းဒေ သကြီး သာကေတနှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ်တည်ဆောက်မည့်သန်လျင် တံတားသစ်အတွက် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ ဂျပန်ယန်း ၃၁ ဒသမ ၀၅၁ ဘီလီယံ ချေးယူရန် ပြည်ထောင်စု လွှတ်တော်က ဒီဇင်ဘာ ၇ ရက်တွင် သဘောတူညီခဲ့သည်။
အဆိုပါပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ် -၃)ကို မော်တော်ယာဉ် လေးလမ်းသွားအဖြစ် လာမည့် ၂၀၂၂ အတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်ကလွှတ်တော်၌ ပြောကြားသည်။
‘‘ရန်ကုန်တိုင်း ဒေသကြီး တစ်ခုတည်းသာမက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် တည် ဆောက်ခြင်းဖြစ်ပြီး နိုင်ငံတော် တစ်ဝန်း တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံးအတွက် အသီး အပွင့်များ ခံစားရရှိမှာ ဖြစ်ပါ တယ်’’ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
သန်လျင်တံတားသစ်တည် ဆောက်ရေးအတွက် JICAထံမှ အထက်ပါငွေကြေးပမာဏ ချေးယူနိုင်ရေး ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ကို မဲခွဲဆုံးဖြတ်ရာ မဲပေးခွင့်ရှိသူလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၅၇၆ဦးအနက် ၅၅၂ဦးက ထောက်ခံဆန္ဒပြု၍ လွှတ်တော်က သဘောတူခြင်းဖြစ်သည်။ စက်ခလုတ်နှိပ်ဆန္ဒမဲပေးရာတွင် ကန့်ကွက်မဲ တစ်မဲနှင့် ကြားနေမဲ ခုနစ်မဲရှိသည်။
မြန်မာနိုင်ငံ၏ ပထမဦးစား ပေးစီးပွားရေးဇုန်ဖြစ်သော သီလ ၀ါအထူးစီးပွားရေးဇုန်တွင်လုပ် ငန်းများချောမွေ့စွာလည်ပတ်နိုင် ရေး အသစ်တည်ဆောက်မည့်သန်လျင်တံတားသည် မဖြစ်မနေလိုအပ်နေပြီးချေးငွေများပြန်ဆပ်ရန် တံတားအသုံးပြုသူများထံမှ ကောက်ခံသွားမည်ဖြစ်ကြောင်း ဦးဝင်းခိုင်ကပြောသည်။
တံတားတည်ဆောက်ရေး အတွက် JICA မှ အမေရိကန်ဒေါ် လာ ၂၈၂ဒသမ၅၄သန်းနှင့်ညီမျှ သော ဂျပန်ယန်း ၃၁ဒသမ၀၅ဘီ လီယံကို ချေးယူမည်ဖြစ်ကာ အ တိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်း၊ ပြန်ဆပ်ကာလသည် နှစ် ၄၀ ဖြစ် ကာ ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန် ဆပ်ကာလ နှစ် ၃၀ ဖြစ်သည်။ ချေးငွေပေးဆပ်မှုအနေဖြင့် တစ်နှစ်လျှင် နှစ်ကြိမ်ပေးဆပ်ရမည် ဖြစ်သည်။
ထို့အပြင် တံတားသစ်စီမံ ကိန်းတည်ဆောက်ရာတွင် ထိခိုက်နစ်နာမှုရှိသော ပြည်သူများ အား ထောက်ပံ့ပေးရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ အဖွဲ့အဆုံးအဖြတ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးက ဆက်လက်ပြောကြားသည်။
ယင်းကဲ့သို့ ချေးယူနိုင်ရေးအ တွက် နိုင်ငံတော် သမ္မတသည် ပြည်ထောင်စု လွှတ်တော်၏ အ တည်ပြုချက် ရယူရန် အောက် တိုဘာ ၁၀ ရက်က သ၀ဏ်လွှာ ပေးပို့ခြင်းဖြစ်သည်။
Credit: 7DayDaily