အာရပ်စော်ဘွားများပြည်ထောင်စုတွင် West Yas စီမံကိန်းမှ နေအိမ်များကို နိုင်ငံခြားသားများအား ၀ယ်ယူခွင့်ပေးတော့မည်

အာရပ်စော်ဘွားများပြည်ထောင်စုတွင် West Yas စီမံကိန်းမှ နေအိမ်များကို နိုင်ငံခြားသားများအား ၀ယ်ယူခွင့်ပေးတော့မည် - Property News in Myanmar from iMyanmarHouse.com
9 Dec 2016 9:59 am တွင် တင်ခဲ့သည်
1039 ကြိမ် ကြည့်ရှု့ပြီး
အာရပ်စော်ဘွားများပြည်ထောင်စု၊ အဘူဒါဘီတွင် အကောင်အထည်ဖော်လျက်ရှိသော West Yas စီမံကိန်းမှ နေအိမ်များကို နိုင်ငံခြားသားများအား ၀ယ်ယူခွင့်ပေးတော့မည်ဖြစ်ကြောင်း အဘူဒါဘီအခြေစိုက်
အိမ်ခြံမြေကုမ္ပဏီ Aldar Properties က ထုတ်ဖော်ပြောကြားသည်ဟု အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

West Yas အိမ်ရာစီမံကိန်းသည် ယခင်က အာရပ်နိုင်ငံသားများကိုသာ ၀ယ်ယူခွင့် ကန့်သတ်ထားခဲ့သည့် စီမံကိန်း ဖြစ်သည်။
အခြေခံအဆောက်အအုံအားလုံး အပြီးသတ်လုနီးပါးရှိပြီဖြစ်ပြီး လက်လီအရောင်းစင်တာများမှာ ၂၀၁၆ နှစ်မကုန်မီ အပြီးသတ်မည်ဟု developer က ထုတ်ပြောထားသည်။

ယင်းစီမံကိန်းတွင် လုံးချင်းအိမ်ပေါင်း ၁၀၀၀ ပါဝင်ပြီး ဈေးနှုန်းမှာ အာရပ်ငွေ ၄ ဒသမ ၃ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၁၇ သန်း) မှ စတင်သည်ဟု သိရသည်။

“ကျွန်တော်တို့အနေနဲ့ မည်သည့်နိုင်ငံသားကိုမဆို West Yas စီမံကိန်းက နေအိမ်တွေ ၀ယ်ယူခွင့် ဖွင့်လှစ်ပေးရတာ အများကြီး နှစ်ထောင်းအားရဖြစ်မိပါတယ် ” ဟု Aldar Properties ၏ အမှုဆောင်အရာရှိချုပ် မိုဟာမက် ခါလီဖာ အယ်လ် မူဘာရက်ခ်က ပြောကြားသည်။

ဝယ်ယူမည့်သူတို့အနေဖြင့် ဆောက်လုပ်နေစဉ်ကာလအတွင်း ၂၅ ရာခိုင်နှုန်း ပေးချေရမည်ဖြစ်ပြီး လွှဲပြောင်းပေးချိန်တွင် ၇၅ ရာခိုင်နှုန်း ပေးချေရမည် ဖြစ်သည်။

West Yas စီမံကိန်းတွင် စာသင်ကျောင်း ၂ ကျောင်း၊ လက်လီအရောင်းစင်တာတစ်ခု၊ အားကစားလုပ်ရန်နေရာများ၊ ဓာတ်ဆီဆိုင်တစ်ခုနှင့် ကျယ်ပြောသော မြေယာအလှပြင်ဆင်ထားသည့်နေရာများစွာ ပါဝင်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အာရပ်စော်ဘွားများပြည်ထောင်စုတွင် West Yas စီမံကိန်းမှ နေအိမ်များကို နိုင်ငံခြားသားများအား ၀ယ်ယူခွင့်ပေးတော့မည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်ကြေးပင်လျှင် ဒေါ်လာ ၃ ဒသမ ၅ သန်းရှိကာ ဒေါ်လာ ၆ သန်းတန် အာမခံ ထားထားသော ရွှေအိမ်သာဖြစ်...

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန

တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ

Maha Nadi Condominium
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service