နိုင်ငံခြားဘဏ် လိုင်စင်များ လာမည့်နှစ်မှသာ ထပ်မံချပေးမည်

နိုင်ငံခြားဘဏ် လိုင်စင်များ လာမည့်နှစ်မှသာ ထပ်မံချပေးမည် - Property News in Myanmar from iMyanmarHouse.com
9 Dec 2016 9:49 am တွင် တင်ခဲ့သည်
1807 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံခြားဘဏ် ဖွင့်လှစ်ခွင့်ရရန် ဗဟိုဘဏ်သို့ လျှောက်ထားမှုများရှိသော်လည်း လာမည့်
နှစ်မှသာ လိုင်စင် ထပ်မံချထားပေးမည်ဟု ဗဟိုဘဏ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားဘဏ်များ ဖွင့်လှစ်ခွင့်ရရှိရေးအတွက် ဗဟိုဘဏ်သို့လျှောက်ထားမှုများ ရှိသော်လည်း ယခုနှစ်သည် နှစ်ကုန်တော့မည်ဖြစ်ရာ ဒီဇင်ဘာလ
အတွင်း နိုင်ငံခြားဘဏ်လိုင်စင် ထပ်မံချထားပေးတော့ မည် မဟုတ်ဘဲ လာမည့်နှစ်မှသာစိစစ်၍ ချထား ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

"နိုင်ငံခြားဘဏ်က လျှောက်ထားတာကတော့ အများကြီးပဲ။ စိစစ်ပြီး ခွင့်ပြုနေ တယ်။ စည်းမျဉ်းစည်းကမ်းနဲ့ ညီရင်ပေးမှာပဲ။ ဦးတို့ဆီမှာ စီးပွားလာလုပ်မယ့်သူက အရည်
အချင်း အရည်အသွေး ဘယ်လောက်ရှိလဲ စစ်တာပဲ"ဟု အဆိုပါ တာဝန်ရှိသူကဆိုသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း နိုင်ငံခြား ဘဏ် ၁၅ ဘဏ်ကို ဗဟိုဘဏ်က ဖွင့်လှစ်ခွင့်
လိုင်စင် ချထားပေးပြီးဖြစ်၍ ယင်းထဲမှ ၁၁ ဘဏ်က ဖွင့်လှစ်ထားပြီဖြစ်ကာ ကျန်ဘဏ်များမှာ
လာမည့်နှစ် ၂၀၁၇ ခုနှစ်ထဲမှ သာ ဖွင့်လှစ်နိုင်မည်ဟု ဗဟိုဘဏ်တာဝန်ရှိသူ၏ ပြောဆိုမှုအရ
သိရသည်။

"လိုင်စင်ခွင့်ပြုတာနဲ့ ဘဏ်ဖွင့်တာနဲ့က တစ်နှစ်ခြားလို့ ရတယ်။ ဒီဇင်ဘာလအတွင်းကတော့
ဘယ်နိုင်ငံကမှ လာဖွင့်မှာ မဟုတ် တော့ဘူး။ လိုင်စင်ရထားတဲ့ ဘဏ်တွေကတော့ ၂၀၁၇ ခုနှစ်ထဲမှာ ဖွင့်ဖို့ရှိတာပေါ့"ဟု ၎င်းက ဆိုသည်။

နိုင်ငံခြားဘဏ်များ မြန်မာနိုင်ငံအတွင်း ဘဏ်ဖွင့်ပါက အနည်းဆုံး မတည်ရင်းနှီးငွေအမေရိကန်ဒေါ်လာ ၇၅ သန်း ရှိရမည်ဖြစ်သည်။

နိုင်ငံခြားဘဏ်များကို ဗဟိုဘဏ်က ဘဏ်ဖွင့်ခွင့်လိုင်စင် ချထားပေးရာတွင် ၂၀၁၅ ခုနှစ်တွင် လိုင်စင် ကိုးခု ပထမအကြိမ် ချပေးခဲ့ပြီး ခြောက်ခုကို ၂၀၁၆ ခုနှစ်အတွင်း ဒုတိယအကြိမ်
ခွင့်ပြုချထားပေးခဲ့သည်။ လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ဖွင့်လှစ်ထား ပြီးဖြစ်သည့် ပြည်တွင်းဘဏ်၂၃ ဘဏ်ရှိပြီး ပြည်ပဘဏ် ဖွင့်လှစ်ထားမှုမှာ ၁၁ ဘဏ် ရှိသည်။ နိုင်ငံခြားဘဏ်များ မြန်မာနိုင်ငံ
အတွင်း ကိုယ်စားလှယ်ရုံးခွဲများ ဖွင့်လှစ်ထားမှုမှာ ၃၅ ရုံး ရှိသည်။ ထိုသို့ ချထားပေးမှုထဲမှ ၂၀၁၆ ခုနှစ် အတွင်း နိုင်ငံခြားဘဏ်ခြောက်ဘဏ် ဖွင့်လှစ် ထားပြီး တစ်ခုတည်းသာပြည်တွင်းဘဏ် အဖြစ် ရွှေဘဏ်မှာ ဇန်န၀ါရီလအတွင်း ဖွင့်လှစ်ခဲ့သည်။

၂၀၁၅ နှစ်ကုန်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ တောင်သူလယ်သမား
ဖွံ့ဖြိုးတိုးတက်ရေးဘဏ် A Bank ကို ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ပြည်တွင်းဘဏ်နှစ်ခုသည် နောက်ဆုံးဖွင့်လှစ်ခဲ့သော ဘဏ်နှစ်ခုဖြစ်ပြီး ပြည်တွင်းဘဏ်များထပ်မံဖွင့်လှစ်ခွင့်ရရန် လျှောက်ထားမှုများ ရှိသော်လည်း အရည် အချင်း မပြည့်မီခြင်းကြောင့်
ဗဟိုဘဏ်က ချထားပေးခြင်း မရှိသေးပေ။ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို နိုင်ငံသားနှင့် နိုင်ငံခြားသားကိုပူးပေါင်းလိုက်ရာ အဆိုပါ ဥပဒေအား လေးစားရမည်ဖြစ်သောကြောင့် ပြည်တွင်းဘဏ်ကိုသာ
ဦးစားပေး၍ မရသကဲ့ သို့ ပြည်ပဘဏ်များကိုလည်း ဖိနှိမ်၍ မရ ကြောင်း မျှတစွာ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။

သို့သော် နိုင်ငံခြားဘဏ်များသည် ပြည်တွင်းရှိ မည်သည့် လုပ်ငန်းရှင်မဆို တိုက်ရိုက်ငွေချေးခွင့်မရှိဘဲ ပြည်တွင်းဘဏ်များမှ တစ်ဆင့် သာလျှင် ချေးခွင့်ရှိရမည်ဖြစ်သည်။

ယင်းအချက်သည် ပြည်တွင်းဘဏ်များအတွက်အကာအကွယ် ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

"တစ်ခုခုဆိုတာနဲ့ ချက်ချင်း လေလံတင်၊ ၀ိုင်းဒိုင်းဆို ချက်ချင်းတရားစွဲရမယ့် ဟာတွေ၊ဘာတွေနည်းနည်းထိန်းနိုင်တာပေါ့။ နိုင်ငံ ခြားဘဏ်များသည် ပြည်တွင်းလုပ်ငန်းရှင် များကို တိုက်ရိုက်ငွေချေးခွင့်မရှိပါ။ ချေးချင် ရင် လက်ရှိပြည်တွင်းဘဏ် ၂၃ ဘဏ်မှသာ လျှင် ချေးရမယ်။ အဲဒါတော့
စည်းကမ်းသတ်မှတ်ထားတယ်။ နိုင်ငံခြားဘဏ်တွေကတော့ ပြည်တွင်းမှာရှိတဲ့ နိုင်ငံခြားကုမ္ပဏီတွေကို ငွေချေးလို့ရတယ်။ ဒါပေမဲ့ စာရင်းအသွား အလာတွေကတော့ မြန်မာနိုင်ငံသားဘဏ်တွေကနေပဲ ဖြတ်သန်းရမယ်"ဟု ၎င်းက ပြောသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်ကြေးပင်လျှင် ဒေါ်လာ ၃ ဒသမ ၅ သန်းရှိကာ ဒေါ်လာ ၆ သန်းတန် အာမခံ ထားထားသော ရွှေအိမ်သာဖြစ်...

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး

တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်က

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေး

ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ

Maha Nadi Condominium
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service