ချမ်းသာချင်ရင် မနက် ၉ နာရီကနေညနေ ၅ နာရီအလုပ်မလုပ်နဲ့ဟုဆိုသူအိမ်ခြံမြေသူဌေးကြီးဂရန့်ထ်ကာဒွန်း
ချမ်းသာချင်ရင် မနက် ၉ နာရီကနေညနေ ၅ နာရီအလုပ်မလုပ်နဲ့ဟုဆိုသူအိမ်ခြံမြေသူဌေးကြီးဂရန့်ထ်ကာဒွန်း - Property News in Myanmar from iMyanmarHouse.com
8 Dec 2016 11:23 am တွင် တင်ခဲ့သည်
4122 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဂရန့်ထ်ကာဒွန်းသည်ဘဏ်စာရင်းတွင် ဒေါ်လာသန်းပေါင်းများစွာရှိခဲ့သူမဟုတ်။ အသက် ၂၅ နှစ်အရွယ်တွင် အကြွေးနွံနစ်နေပြီး သူမုန်းတီးလှသောအရောင်းသမားအလုပ်ကိုလုပ်နေရ၏။
ယခုမူကား ကုမ္ပဏီ ၄ ခုကိုပိုင်ဆိုင်ထားပြီး အဆိုပါကုမ္ပဏီများ၏ နှစ်စဉ်ရောင်းအားမှာကန်ဒေါ်လာသန်း ၁၀၀ နီးပါးရှိနေပြီဖြစ်သည်။
သူသည်စာရေးဆရာအဖြစ်လည်းအောင်မြင်ခဲ့ပြီးနယူးယောက်တိုင်းမ်သတင်းစာကြီး၏ အရောင်းရဆုံးစာရေးဆရာစာရင်းတွင် ပါဝင်ခဲ့သည်။ ကိုယ့်ဒူးကိုယ်ချွန် အိမ်ခြံမြေလုပ်ငန်းရှင်သူဌေးကြီးလည်းဖြစ်သည့် ဂရန့်ထ် ကာဒွန်းကိုအမေရိကန်ပြည်ထောင်စု၊ လူဝီစီယားနားပြည်နယ်တွင် ၁၉၅၈ ခုနှစ်၊ မတ်လ ၂၁ ရက်တွင် မွေးဖွားခဲ့သည်။
“လူအများစုကမနက် ၉ နာရီကနေညနေ ၅ နာရီအထိအလုပ်လုပ်ကြတယ်။ ကျွန်တော်ကတစ်ပတ်ကို ၉၅ နာရီအလုပ်လုပ်ပါတယ်။ ခင်ဗျားဟာသန်းကြွယ်သူဌေးဖြစ်ချင်တယ်ဆိုရင် ၉-၅ အလုပ်လုပ်နေပုံကိုရပ်ပြီး ၉၅ နာရီအလုပ်လုပ်ပုံကိုစဖို့ လိုပါတယ်” ဟုဂရန့်ထ် ကာဒွန်းကပြောကြားသည်။
လူတို့အား ချမ်းသာကြွယ်၀ခြင်းကို ဟန့်တားထားသည်မှာ ၉-၅ အလုပ်မှရသည့် ပုံမှန်လစာဖြစ်ကြောင်းပြောဖူးသည်မှာဂရန့်ထ်ကာဒွန်းတစ်ဦးတည်းမဟုတ်ချေ။ ချမ်းသာကြွယ်ဝလာသည့် ပုဂ္ဂိုလ်များကို နှစ်ပေါင်း ၂၅ နှစ်တိုင်တိုင် လေ့လာခဲ့သူစတိဗ် ဆီးဘိုက ချမ်းသာကြွယ်ဝရခြင်း၏ လျှို့ဝှက်ချက်များကို “ချမ်းသာကြွယ်ဝသူများ မည်သို့တွေးခေါ်သနည်း” (How Rich People Think) ဟူသောစာအုပ်အတွင်းတွင် ထုတ်ဖော်ရေးသားထားဖူးသည်။ ချမ်းသာသူတို့နှင့် အခြားသူတို့အကြားအဓိကကွာခြားချက်မှာ ဝင်ငွေရလမ်းကို မည်သို့ ရွေးချယ်သနည်းဟူသောအချက်ဖြစ်သည်ဟုဆိုသည်။
လူအများစုမှာအလုပ်ချိန်ပေါ်တွင် မူတည်၍ ရရှိသည့်ဝင်ငွေမျိုး၊ နာရီအလိုက်ရရှိသည့် ဝင်ငွေမျိုးကိုရွေးချယ်ပြီး ချမ်းသာကြွယ်ဝသူ တို့မှာမူကိုယ်ပိုင်လုပ်ငန်းကိုသာရွေးချယ်ကြပြီးရလဒ်များအပေါ်တွင် အခြေတည်သည့်ဝင်ငွေမျိုးကိုရွေးချယ်ကြသည်ဟုဆိုသည်။ အောင်မြင်မှုများစွာရလိုသည်ဆိုပါက ဝင်ငွေအပေါ် အာရုံစိုက်ရမည်ဖြစ်ပြီးအလုပ်အပြင်းအထန်ကြိုးစားရန် ပြင်ဆင်ရမည်ဟုဂရန့်ထ်ကာဒွန်းကပြောကြားသည်။
“ငွေတွေအများကြီးဝင်လာတာကို တွေ့ပေမယ့်လည်းခင်ဗျားရဲ့ စိတ်ကိုပြောင်းလဲမပစ်ပါနဲ့။ ကျွန်တော့်ကိုဒေါ်လာ ၅ ဘီလီယံလာပေးမယ်ဆိုရင် မနက်ဖြန်မှာလည်း ကျွန်တော်အလုပ်ကိုအပြင်းအထန်ကြိုးစားနေဦးမှာပဲ” ဟုဂရန့်ထ်ကာဒွန်းကပြောကြားသည်။ “ငွေဆိုတာရှားတယ်လို့မရှိဘူးဆိုတာအမြဲသတိရပါ၊ ရှားတာကတစ်ပတ်ကို ၉၅ နာရီအလုပ်လုပ်တဲ့သူပါ” ဟုဂရန့်ထ်ကာဒွန်းကသူ၏ စာအုပ်များတွင် ရေးသားဖူးသည်။
အိမ်ခြံမြေလုပ်ငန်းရှင်သူဌေးကြီးဂရန့်ထ်ကာဒွန်းသည် စာအုပ် ၅ အုပ်ရေးသားခဲ့ရာတွင် (၁) Sell to Survive (၂) The Closers Survival Guide (၃) If You're Not First, You're Last (၄) The 10X Rule (၅) Sell or Be Sold ဟူသောစာအုပ်များ ဖြစ်သည်။
အိမ်ခြံမြေ လုပ်ငန်းရှင်သူဌေးကြီး ဂရန့်ထ်ကာဒွန်း၏ နေအိမ်အတွင်းပိုင်းများကို အောက်တွင်ကြည့်ရှုနိုင်ပါသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည်။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ချမ်းသာချင်ရင် မနက် ၉ နာရီကနေညနေ ၅ နာရီအလုပ်မလုပ်နဲ့ဟုဆိုသူအိမ်ခြံမြေသူဌေးကြီးဂရန့်ထ်ကာဒွန်း - Property News in Myanmar from iMyanmarHouse.com
ချမ်းသာချင်ရင် မနက် ၉ နာရီကနေညနေ ၅ နာရီအလုပ်မလုပ်နဲ့ဟုဆိုသူအိမ်ခြံမြေသူဌေးကြီးဂရန့်ထ်ကာဒွန်း - Property News in Myanmar from iMyanmarHouse.com
ချမ်းသာချင်ရင် မနက် ၉ နာရီကနေညနေ ၅ နာရီအလုပ်မလုပ်နဲ့ဟုဆိုသူအိမ်ခြံမြေသူဌေးကြီးဂရန့်ထ်ကာဒွန်း - Property News in Myanmar from iMyanmarHouse.com
ချမ်းသာချင်ရင် မနက် ၉ နာရီကနေညနေ ၅ နာရီအလုပ်မလုပ်နဲ့ဟုဆိုသူအိမ်ခြံမြေသူဌေးကြီးဂရန့်ထ်ကာဒွန်း - Property News in Myanmar from iMyanmarHouse.com
ချမ်းသာချင်ရင် မနက် ၉ နာရီကနေညနေ ၅ နာရီအလုပ်မလုပ်နဲ့ဟုဆိုသူအိမ်ခြံမြေသူဌေးကြီးဂရန့်ထ်ကာဒွန်း - Property News in Myanmar from iMyanmarHouse.com
ချမ်းသာချင်ရင် မနက် ၉ နာရီကနေညနေ ၅ နာရီအလုပ်မလုပ်နဲ့ဟုဆိုသူအိမ်ခြံမြေသူဌေးကြီးဂရန့်ထ်ကာဒွန်း - Property News in Myanmar from iMyanmarHouse.com
ချမ်းသာချင်ရင် မနက် ၉ နာရီကနေညနေ ၅ နာရီအလုပ်မလုပ်နဲ့ဟုဆိုသူအိမ်ခြံမြေသူဌေးကြီးဂရန့်ထ်ကာဒွန်း - Property News in Myanmar from iMyanmarHouse.com
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...
အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...
တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...
တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...
အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်ကြေးပင်လျှင် ဒေါ်လာ ၃ ဒသမ ၅ သန်းရှိကာ ဒေါ်လာ ၆ သန်းတန် အာမခံ ထားထားသော ရွှေအိမ်သာဖြစ်...
ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...
ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...
မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...
မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်
စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်
ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်
ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်
တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon
တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon
တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး
တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ
အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ
သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရ
သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရ
imyanmarmarket
Maha Nadi Condominium
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service