ပေါ့ပ်ကြယ်ပွင့် ရီဟားနားသည် နှောင့်ယှက်သူအလွန်များလှသောကြောင့် လော့စ်အိန်ဂျလိပင်လယ်ကမ်းခြေရှိလက်ရှိနေထိုင်လျက်ရှိသောနေအိမ် ကန်ဒေါ်လာ၁၁သန်းဖြင့် ရောင်းထုတ်လိုက်ကြောင်းလော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
နေအိမ်တည်နေရာမှာလော့စ်အိန်ဂျလိမြို့အနောက်ဘက် ပင်လယ်ကမ်းရိုးတန်းရှိPacific Palisadesအရပ်တွင် တည်ရှိသည်။
ရောင်းချရသည့်အကြောင်းရင်းမှာ နှောင့်ယှက်သူများပြားခြင်းကြောင့်ဖြစ်သည်ဟုဆိုသည်။
ရီဟားနားသည်၂၀၀၉ ခုနှစ်အတွင်းကလည်းဘီဗာလီခရက်စ်ရှိနေအိမ်ကိုကန်ဒေါ်လာ၆ ဒသမ ၉ သန်းဖြင့် ၀ယ်ယူခဲ့ပြီးနောက်
နေ့စဉ်နေထိုင်မှုဆိုင်ရာကိုယ်ရေးအချက်အလက်သတင်းများပေါက်ကြားခြင်းကြောင့် ရောင်းထုတ်ခဲ့ဖူးသည်။
ထိုစဉ်ကဒေါ်လာ ၂ သန်းနီးပါးခန့် အရှုံးခံကာရောင်းချခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ယင်းနောက်ပိုင်းPacific Palisadesရှိယခုနေအိမ်ကြီးကို ၀ယ်ယူလိုက်ခြင်းဖြစ်သည်။
ဤနေအိမ်သို့ရောက်ပြီးနောက် ယခင်ကထက်ပင်ပိုမိုဆိုးရွားသည့် အခြေအနေမျိုးရင်ဆိုင်ရသည်ဟုဆိုသည်။
ရီဟားနားပြောင်းရွှေ့ပြီးနေအိမ်အနီးတွင် လူပေါင်းများစွာစုရုံးကာလာရောက်ခြေရာခံနေလေ့ရှိသည်ဟုရီဟားနားကဆိုသည်။
ထို့ကြောင့် ယခုနေအိမ်ကိုလည်းရောင်းထုတ်ကာလူသူများနှင့် ထိတွေ့မှုနည်းပါးသောနေရာသစ်သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
အပြီးသတ် ရောင်းထွက်သွားသည်မှာကန်ဒေါ်လာ ၁၁ ဒသမ ၁၇၅ သန်းဖြင့်ဖြစ်ရာမူလခေါ်ဈေးအောက် ကန်ဒေါ်လာ ၄ သန်းနည်းပါးနေသည်။
ဈေးခေါ်ခဲ့သည်မှာကန်ဒေါ်လာ ၁၄ ဒသမ ၉၉၅ သန်းဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)