ကျပ်သိန်း ၁၀၀ မှ စတင်ကာ ကျပ်သိန်း ၆၀၀ ကျော်တန် ကွန်ဒိုများအရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်မည့် အိမ်ခြံမြေအရောင်းပြပွဲကို ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ကျင်းပမည်ဟု သတင်းရရှိသည်။
ဆောက်လုပ်ရေး ကုမ္ပဏီပေါင်း ၅၀ ကျော် မှ ပူးပေါင်းပြီး iMyanmarHouse.com က စီစဉ်သည့် အိမ်ခြံမြေပြပွဲကို ဒီဇင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပမည် ဖြစ်သည်။
Goldencity ၊ ရိုးမ၊ နိုင်ဂရု(ပ်) အစရှိသော ကုမ္ပဏီကြီးများပါဝင် မည်ဖြစ်ပြီး ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကလည်း တန်ဖိုးနည်း အိမ်ရာများ ပါဝင် ပြသရောင်းချမည်ဖြစ်သည်။
ဆောက်လုပ်ရေး လုပ်ငန်းရှင် အများစုသည် အိမ်ခြံမြေဈေး ကွက် အရောင်းအဝယ်ကျဆင်း နေချိန်တွင် ယခုကဲ့သို့ အိမ်ခြံမြေ ပြပွဲများကို အများစုက အားကိုးပြီးဈေးကွက်ဝယ်လိုအား ရှာဖွေနေရ ကြောင်း ပြပွဲတွင် ဝင်ရောက်ပြသ မည့်ကုမ္ပဏီအချို့က ပြောကြား သည်။
ပြပွဲတွင် ရောင်းချလိုသည့် အခန်းများကို အရစ်ကျစနစ်ဖြင့် ရောင်းချခြင်း၊ ဈေးလျှော့ရောင်း ချခြင်းများပြုလုပ်ကာ ဝယ်လိုအား မြင့်တက်လာစေရန် ဆွဲဆောင်နေ ရသည်ဟု ဆိုသည်။
ဦးကျော်ကျော်လှိုင် (Smart Group of Companies)၊ ဦးဝင်း ဇော်(CHD Bank)၊ ဦးကိုကိုထွေး (တော်ဝင်စင်တာ)၊ ဦးမျိုးမြင့် (M.K.T Construction)၊ ဦးစိုင်း ခွန်နောင်(စိုင်းခွန်နောင်အိမ်ခြံမြေ အစရှိသည့် သက်ဆိုင်ရာ ပညာ ရှင်များ ပါဝင်သော ဟောပြောပွဲများလည်း ပြုလုပ်သွားမည် ဖြစ်သည်။
ယခုပြသသည့်အိမ်ခြံမြေပြ ပွဲသည် ၂၀၁၆ အတွင်း iMyanmarHouse.com က ပြုလုပ်သည့် စတုတ္ထမြောက် ပြပွဲဖြစ်သည်။
Credit:7DayDaily