ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ
၃,၄၂၂ သန်း ကျော် စီးဝင်ခဲ့ပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးက
ပြောပါတယ်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ် ၊ ဒီဇင်ဘာ ပထမပတ်အထိ စာရင်းများအရ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၇၂ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ
ကန်ဒေါ်လာ ၂,၁၂၂ သန်း ရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း
အပါအ၀င် ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း ကန်ဒေါ်လာ
၃,၄၂၂ သန်း ကျော် ရှိလာခဲ့ခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၁ ခု၊ ကျပ် ၆၆၉,၅၉၃ သန်း ကျော်
ရှိပြီး ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအ၀င် ရင်နှီးမြှုပ်နှံမှုပမာဏ
စုစုပေါင်း ကျပ် ၇၃,၇၆၈၃ သန်းကျော် ရှိပါတယ်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ကန်ဒေါ်လာ ၆ ဘီလီယံကျော် ၀င်ရောက်လာဖို့
မျှော်မှန်းထားသော်လည်း လက်ရှိအခြေအနေအရ
မျှော်မှန်းချက်ပမာဏ ပြည့်မီဖို့ ခက်ခဲလျက်ရှိတယ်လို့ မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ဆိုပါတယ်။
သို့သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမျှော်မှန်းချက်အတိုင်း
ပြည့်မီလာစေရန်အတွက် ရင်းနှီးမြှပ်နှံမှုကော်မရှင်အနေနဲ့
ရင်နှီးမြှပ်နှံမှုများကို ဆွဲဆောင်ရန်အတွက် နိုင်ငံတကာစီးပွားရေး
ဖိုရမ်များသို့ တက်ရောက်ကာ ပြည်တွင်းသို့ ရင်းနှီးမြှုပ်နှံမှုများ
စီးဝင်လာစေရန်အတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့
ဆိုပါတယ်။
Credit: SFJ Strategy First