ဥယျာဉ်ခြံမြေတွေမှာ စက်မှုဇုန် အကောင်ထည်မဖော်ဖို့ နိုင်ငံတော် အတိုင်ပင်ခံထံ စာပို့တောင်းဆို

ဥယျာဉ်ခြံမြေတွေမှာ စက်မှုဇုန် အကောင်ထည်မဖော်ဖို့ နိုင်ငံတော် အတိုင်ပင်ခံထံ စာပို့တောင်းဆို - Property News in Myanmar from iMyanmarHouse.com
7 Dec 2016 9:35 am တွင် တင်ခဲ့သည်
692 ကြိမ် ကြည့်ရှု့ပြီး
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က တောင်သူတွေလုပ်ကိုင်နေကြတဲ့ လယ်ယာ၊ ဥယျာဉ်ခြံမြေ ဧက ငါးထောင်လောက်မှာ အစိုးရရဲ့ စက်မှုဇုန် စီမံကိန်းကို အကောင်အထည် မဖော်ဖို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ဒေသခံတောင်သူ တစ်ထောင်ကျော်စုပေါင်းပြီး ဒီကနေ့ စာရေးသားပေး ဖို့ တောင်းဆိုလိုက်ပါတယ်။

တောင်သူတွေလုပ်ကိုင်နေတဲ့မြေတွေ နဲ့ လူနေအိမ်ခြေတွေအနီးမှာ အကောင်အထည်မဖော်ဖို့ တောင်းဆိုတာဖြစ် တယ်လို့ မိုင်းနားကျေးရွာက တောင်သူ ဦးအောင်ချစ် က ပြောပါတယ်။

"ကျနော်တို့ လယ်ယာတွေအပေါ်မှာ လာလုပ်မယ်ဆိုရင် ကျနော်တို့ အလုပ်လက်မဲ့ဖြစ်ရတော့မယ်၊ လူနေအိမ်ခြေတွေနဲ့လည်းနီးတယ် ဧရာဝတီမြစ်နဲ့လည်းနီးတဲ့နေရာမှာ စက်မှုဇုန်တို့ ကုန်သွယ်မှုဇုန်တို့ လာလုပ်မယ်ဆိုတော့ ကျနော်တို့ ကန့်ကွက်ကြပါတယ်၊ ကျနော်တို့ မျှော်လင့်ချက်ကြီးစွာနဲ့ တခြားနေရာ ကို ပြောင်းရွှေ့ပေးပါလို့ တောင်းဆိုရင်း နိဂုံးချုပ်ပါတယ်"

ဒေသခံတောင်သူတွေဟာ အစိုးရ စီမံကိန်းကို ကန့်ကွက်တာမဟုတ်ကြောင်းနဲ့ မိမိတို့ စိုက်ပျိုးမြေတွေ နဲ့ ကင်းလွတ်ပြီး လူနေအိမ်ခြေတွေနဲ့ ဝေးတဲ့နေရာ ကို ရွှေ့ပြောင်းဖို့တောင်းဆိုတာဖြစ်တယ် လို့ပြောပါတယ်။

စီမံကိန်းအကောင်အထည်ဖော်မယ်ဆိုပြီး သတင်းထွက်နေတဲ့ နေရာဟာ အရင်အစိုးရ လက်ထက်ကလည်း အလားတူစီမံကိန်းဆောင်ရွက်ဖို့ ကြိုးစားခဲ့ ရာမှာ တောင်သူတွေကန့်ကွက်လို့ ရပ်ဆိုင်းခဲ့တဲ့နေရာလို့ ယူဆနေကြတာဖြစ်ပါတယ်။

အဲ့ဒီနေရာဟာ မိုင်းနား၊ နောင်တာလော၊ ဟိုးလော်၊ လဝမ်ကထောင်၊ မဒိန် စတဲ့ ဝိုင်းမော်မြို့နယ် အတွင်း ရွာပေါင်း နှစ်ဆယ်နီးပါးက ရှမ်း၊ ကချင် ၊ ဗမာ စတဲ့ ဒေသခံတောင်တောင်သူတွေရဲ့ လယ်ယာနဲ့ ဥယျာဉ်ခြံမြေ ဧကငါးထောင်လောက်ပါဝင်နေတယ်လို့ဆိုပါတယ်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် ဥပဒေချုပ် ဦးဒီဆင်ရမ် ကတော့ လောလောဆယ် မှာ မြေနေရာရွေးချယ်နေတုန်းဖြစ်ကြောင်းနဲ့ အရင်အစိုးရက အကောင်အထည် ဖော်ဖို့ ကြိုးစားခဲ့တဲ့ နေရာ မဟုတ်ကြောင်း RFA ကို ပြောထားပါတယ်။

တောင်သူတွေရဲ့ စိုက်ပျိုးမြေတွေအပေါ်မှာ စီမံကိန်းအကောင်အထည်မဖော်ဖို့ တောင်းဆိုထားတဲ့ စာကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော် သမ္မတရုံး၊ ပြည်ထောင်စု နဲ့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌတွေ၊ ပြည်နယ်အစိုးရအဖွဲ့နဲ့ ဝိုင်းမော်မြို့နယ်လွှတ်တော် ကိုယ်စားလှယ်တို့ကို ဒီကနေ့ပေးပို့ လိုက်တာဖြစ်ပါတယ်။

Credit: RFA

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်ကြေးပင်လျှင် ဒေါ်လာ ၃ ဒသမ ၅ သန်းရှိကာ ဒေါ်လာ ၆ သန်းတန် အာမခံ ထားထားသော ရွှေအိမ်သာဖြစ်...

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရ

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ

imyanmarmarket
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service