ကွန်ဒို တိုက်ခန်း ရောင်းအားကျ

ကွန်ဒို တိုက်ခန်း ရောင်းအားကျ - Property News in Myanmar from iMyanmarHouse.com
6 Dec 2016 11:34 am တွင် တင်ခဲ့သည်
2999 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မှာရောင်းချနေတဲ့ ကွန်ဒိုတွေနဲ့ တိုက်ခန်းတွေ အခုတ လောမှာ ရောင်းအားကျနေတယ်လို့ သိရပါတယ်။ သည်ကွန်ဒိုတိုက်ခန်းတွေကို အရစ်ကျစနစ်တွေနဲ့ ရောင်းချနေတာဖြစ်ပြီး ၂၄ လ အရစ်ကျ၊ ၁၀ နှစ်အရစ်ကျနဲ့ရောင်းချ ပေးနေတာလည်းဖြစ်ပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့ ကနေ ၄ ရက်နေ့အထိပြုလုပ်ခဲ့တဲ့ The Best of Yangon Housing,Lifestyle, Car Show and Mobile Fair ပွဲမှာလည်း ၃၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်းလျှော့ဈေးတွေနဲ့ ရောင်းချခဲ့ပေမဲ့လည်းဝယ်ယူသူ ဦးရေနည်းပါးတယ်လို့သိရပါ တယ်။

‘အစ်မတို့အခုပွဲမှာက ၁၂ နှစ်အရစ်ကျနဲ့ပေးလို့ရတဲ့ စနစ်ကိုလုပ်ပေးထားတယ်၊ ပုံမှန် ဆိုရင်၁၀ နှစ်ပဲပေးတာလေ၊ ပွဲမှာဝယ်ရင် ၁၂ နှစ်အရစ်ကျနဲ့ရမယ်၊ ပြီးတော့ ကြိုပွိုင့်ပေး စရာမလိုဘူးပေါ့၊ အပြင်မှာရောင်းရင်တော့ ၃၀ ရာခိုင်နှုန်းလောက်ကို ကြိုပွိုင့်အနေနဲ့ ပေးထားရတယ်၊ အခုတလော ရောင်းအားကဟိုအရင်တွေနဲ့ မတူတော့ဘူး၊ ရောင်းအား တွေတော်တော်ကျတယ်၊ အခုအထိကိုနှစ်ဦးလောက်ပဲဝယ်ကြသေးတယ်လို့ Strong Source Construction က မန်နေဂျာ မဆွေဆွေကျော်က ပြောပါတယ်။

သည်ကွန်ဒိုတိုက်ခန်းတွေက လှိုင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကင်းလိုနေရာတွေက ကွန်ဒိုတွေကို အများဆုံးရောင်းချပေးနေတာလည်းဖြစ်ပါတယ်။ ကွန်ဒိုတွေသာမက တိုက်ခန်းအရစ်ကျပေးသွင်းဝယ်ယူကြတဲ့ သူတွေလည်းနည်း ပါးနေပြီနေထိုင်မယ့်သူတွေ အများစုသာဝယ်ကြပြီး စီးပွားရေးလုပ်မယ့် သူတွေကဝယ်တာနည်းပါးနေတာလည်း ဖြစ်ပါတယ်။

‘အစ်မတို့ဆီမှာကျတော့ ၃၀ ရာခိုင်နှုန်းပေးထားရမယ်ပေါ့၊ ၂၀ ရာခိုင်နှုန်းကို နောက်မှပေး အဲဒီ ၅၀ ရာခိုင်နှုန်းကျေရင်  တစ်ဝက်ကိုစာချုပ်ချုပ်ပေးတယ်၊ ကျန်တာကိုဘဏ်နဲ့ ချိတ် သွင်းမလား၊ အပြီးချေမလားမေးတယ်ပေါ့၊ ချေတယ်ဆိုရင်အဆင်သင့်တက်နေလို့ရပြီး ဘဏ်နဲ့ချိတ်တယ်ဆိုရင် အဲဒါကျေမှနေလို့ရမှာ၊ ဘဏ်နဲ့ချိတ်တယ်ဆိုရင်လဲ ဘယ်နှလနဲ့ အပြီးပေးမလဲဆိုတာပါမေးတာ၊ သူပေးနိုင်တဲ့အတိုင်းအတာကို အဆင်ပြေအောင်လုပ် ပေးတယ်၊  အခုအချိန်အထိကတော့ တကယ်နေမယ့်သူတွေပဲဝယ်တယ်၊ ပြန်ရောင်း မယ့်လူတို့ စီးပွားရေးအတွက် ရုံးခန်းပြန်ဖွင့်မယ့်သူတို့ ဝယ်တာနည်းတယ်လို့ Strong Source Construction က တာဝန်ရှိသူ မအိဇာကပြောပါတယ်။

လက်ရှိအချိန်မှာတော့ တိုက်ခန်း၊ ကွန်ဒိုတွေကိုဝယ်ယူတဲ့ သူတွေနည်းနေပြီးငှားရမ်းတဲ့ ရာခိုင်နှုန်းတွေသာ မြင့်တက်နေတာဖြစ်ပါတယ်။ တိုက်ခန်းနဲ့ ကွန်ဒိုတွေရဲ့ ဈေးနှုန်းက လည်းသိန်း ၇၀ဝ ကနေစပြီးအစားစားရှိတယ်လို့ သိရပါတယ်။

Credit:Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်းထဲတွင် ရွက်ဖျင်တဲထိုးကာ အိပ်စက်...

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်ကြေးပင်လျှင် ဒေါ်လာ ၃ ဒသမ ၅ သန်းရှိကာ ဒေါ်လာ ၆ သန်းတန် အာမခံ ထားထားသော ရွှေအိမ်သာဖြစ်...

ပြင်သစ်တွင် သူခိုးတို့က ခိုးယူလာသော ဘဏ်ကတ်မှ ငွေများဖြင့် ထီထိုးရာ ယူရို ၅၀၀,၀၀၀ (ကန်ဒေါ်လာ ၅၂၃၀၀၀) ထီပေါက်၊ ဘဏ်ကတ်ပိုင်ရှင်က ဆုကြေးငွေ ထက်ဝက်ရလိုကြောင်း တောင်းခံ...

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ

တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon

ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

Villa Shukhinthar
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service