ရန်ကုန်မြို့ရှိ ခုံးကျော်တံတားများဖြစ်သော တာမွေ၊ ရွှေဂုံတိုင်၊ က္ဘာအေး၊ ရှစ်မိုင်နှင့် လှည်းတန်း ခုံးကျော်တံတားငါးခု၏အောက်တွင် နေချင်စဖွယ် သာယာသောနေရာများဖြစ်ပေါ်ရန် မြန်မာနိုင်ငံ ဗိသုကာအသင်းနှင့် ဗိသုကာ အထူးပြု ကျောင်း သား ကျောင်းသူများက ပုံစံငယ်များ ဖန်တီးပြသခဲ့ကြသည်။
မြန်မာနိုင်ငံဗိသုကာအဖွဲ့၊ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်း သိမ်းစောင့်ရှောက်ရေး အဖွဲ့နှင့် ပြင်သစ်ယဉ်ကျေးမှုဌာနတို့ ပူးပေါင်းစီစဉ်၍ ရန်ကုန်မြို့ ပြည်လမ်းရှိ ပြင်သစ်ယဉ်ကျေးမှုဌာန၌ နိုဝင်ဘာ ၃ဝ ရက်က ကျင်းပခဲ့သည့် ရန်ကုန်ခုံးကျော်တံတားများ အသွင်ပြောင်းပုံဖော်ရေး ပုံစံငယ်များပြပွဲတွင် ခုံးကျော်တံတား တစ်ခုလျှင် အဖွဲ့နှစ်ဖွဲ့ခွဲ၍ စုစုပေါင်းအဖွဲ့ ၁ဝ ဖွဲ့က ပြသခဲ့ခြင်း ဖြစ်သည်။
ခုံးကျော်တံတား အသွင်ပြောင်းပုံဖော်ရေး စီမံကိန်း မန်နေဂျာ ကိုအောင်ခန့်က ''ရန်ကုန်မြို့မှာရှိတဲ့ ခုံးကျော် တံတားငါးခုကို အသွင်ပြောင်းတဲ့အနေနဲ့ စိတ်ကူးတွေချပြ တာဖြစ်ပါတယ်။ စီမံကိန်းအနေနဲ့တော့ မစနိုင်သေးဘူး။ ကျွန်တော်တို့လုပ်ဆောင်တဲ့ အကြံဥာဏ်တွေက အစိုးရပိုင်းကို အထောက် အပံ့ပြုတဲ့သဘောပါပဲ၊ အခုလို လုပ်ဆောင်မှုကနေ ရန်ကုန်မြို့ပြန် လည်စိမ်းလန်းလာအောင်၊ သွားလာရလွယ်ကူ အောင်၊ ကားမရှိသူ ခြေကျင် သွားလို့ရအောင် ဆောင်ရွက်တာ ဖြစ်ပါတယ်''ဟု ပြောသည်။
လှည်းတန်းခုံးကျော်တံတားအဖွဲ့(A)မှ ကြီးကြပ်သူ ဦးထွန်း ကျော်သူက ''ခုံးကျော်တံတားအောက်မှာ လက်ရှိ ညဘက် စကိတ်စီးတာ၊ စာဖတ်တာတွေ လည်း ပိုပြီးအဆင်ပြေအောင် ရေးဆွဲ ထားပါတယ်။ ငွေကြေး အကုန်အကျ သက်သာတဲ့ ဒီဇိုင်း ကို ဖန်တီးထားပါတယ်။ နောက်ပိုင်း အခမဲ့ကြည့်လို့ရတဲ့ မျက် လှည့်ပွဲတွေ၊ တေးဂီတဖျော်ဖြေပွဲတွေ ပြသရာမှာလည်း ယာဉ် ကြော ပိတ်ဆို့မှုမဖြစ်အောင် လုပ်ဆောင်မှုတွေလည်း ပါဝင်ပါ တယ် ''ဟု ပြောသည်။
လက်ရှိကာလတွင် မြေနီကုန်းခုံးကျော်တံတား၌ ပထမပိုင်း စီမံချက် အနေဖြင့် ပြုပြင်မှုများ စတင်လုပ်ဆောင်နေပြီး ဒီဇင် ဘာလမကုန်ခင်ပြီးစီးရန် လျာထားသည်။ အဆိုပါစီမံကိန်းမှ နမူနာယူ၍ ယခုခုံးကျော်တံ တားငါးခုကို ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
ဖွံ့ဖြိုးပြီးနိုင်ငံများ၌ မော်တော်ယာဉ်များ ကို ဦးစားပေးခဲ့ရာမှ မြို့ပြ အခင်းအကျင်းများ အလွန်ကြပ်တည်း လာရာ ရန်ကုန်မြို့တွင်လည်း ထိုကဲ့သို့အခြေအနေများ စတင် ဖြစ်ပေါ်နေပြီဖြစ်သောကြောင့် အဆိုပါအခက်အခဲများကို ကျော်လွှားနိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
Credit:MOI Webportal Myanmar